ဈေးကွက်နဲ့ အစိုးရ အချိန်အဆ

ဈေးကွက်နဲ့ အစိုးရ အချိန်အဆ
February 8, 2017 Asian Fame

3:19 pm
ဈေးကွက်နဲ့ အစိုးရ အချိန်အဆ

kmn

တလောကတာဝန်ရှိတဲ့ ပုဂ္ဂိုလ် ကြီးတစ်ယောက်နဲ့ နေပြည်တော် ကအပြန်၊ လေယာဉ်မှာဆုံဖြစ်တော့၊ သူက လက်ရှိ အခြေအနေကို ဝေ ဖန်သုံးသပ်တဲ့ ဆောင်းပါးမျိုးတွေ သိပ်မရေးပါလားလို့ မေးတယ်။ ကျွန်တော်က ရေးတော့ ရေးပါ တယ်။ အရေးနည်းသွားတာက တော့ မှန်တယ်။ ပြီးတော့ တာဝန် ရှိတဲ့သူတွေက အတိုင်းအတာ တစ်ခုအထိ၊ သူတို့လက်ခံနိုင်သ လောက် လက်ခံကြပေမယ့်၊ ဘေး လူက ဝေဖန်ရကောင်းလား၊ တိုက် ခိုက်ရကောင်းလား၊ ကိုယ်တိုင်လုပ် ကြည့်ပါလား၊ ပြောဆိုတာခံရ တယ်။

တချို့ကလည်း လက်ရှိအခြေ အနေကို ဒီအတိုင်းလက်ပိုက်ကြည့် နေရသလား၊ ဝင်မပါရကောင်းလား နဲ့ ပြောကြပြန်ရော။ လက်ပိုက် ကြည့်နေတာ မဟုတ်သလို၊ ဝင်ပါ ချင်တိုင်းလည်း ပါလို့ရတာမှ မ ဟုတ်တာ။ တစ်ခုတော့ရှိတယ်။ ဘေးလူအနေနဲ့ ဘေးကနေ အစွဲ ကင်းကင်း ကြည့်ပြီး မြင်မိသ လောက် ပြောခွင့်ဆိုခွင့်ရတာနဲ့ပဲ ကျေနပ်နေတာတော့ အမှန်ပဲ။ တကယ်တမ်း ဝင်လုပ်နေတဲ့သူတွေ ကို အတိုင်းအတာတစ်ခုအထိ စာ နာစိတ်လည်း ရှိပါတယ်။ စေတ နာနဲ့ လုပ်နေတယ်ဆိုတာကိုလည်း လက်ခံထားတယ်။ ဒါပေမယ့် စေတနာနဲ့လုပ်တိုင်း ကောင်းတာ မဖြစ်၊ ရလဒ်မကောင်းဘူးဆိုတာ၊ ချင့်ချိန်ဖို့ လိုအပ်တယ်။ ကိုယ်နိုင် သည် မနိုင်သည် ကိုယ့်အင်အား ကို တွက်ထားဖို့လိုသလို ခုတ်ရာ တခြား၊ ရှရာတလွဲ ဖြစ်တတ်တဲ့ သဘောတွေကိုလည်း သိထားသင့် တယ်။ အားလုံးက အနာဂတ်ကို အားလုံးမြင်သိနိုင်တာ မဟုတ်လေ တော့ တတ်နိုင်သလောက် လေ့ လာဆန်းစစ်၊ အချက်အလက်တွေ ကောက်ယူ၊ ပြောသံဆိုသံတွေ နား ထောင်၊ သေသေချာချာ ဆန်းစစ်၊ စိတ်ထဲရှိသမျှ စိတ်ကူးပေါက်တိုင်း ထုတ် မပြောသေးဘဲ ပြင်ဆင်မယ်၊ အချိန်ယူမယ်ဆိုရင် အမှားနည်း စရာရှိတယ်။

နောက်ထပ် ပြောစရာတစ်ခု က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စာရင်း အင်းစနစ်က အားနည်းချက်ရှိလေ တော့ စာရင်းထဲမှာရှိ၊ မြေပြင်မှာ မရှိ၊ မြေပြင်မှာရှိ၊ စာရင်းထဲမှာ မရှိ တဲ့ အဖြစ်မျိုးတွေလည်း ရှိတတ် လေတော့ စာရင်းအင်းကိုလည်း လုံးဝဥဿုံ အားကိုးလို့ မရဘဲ ဖြစ် နိုင်၊ မဖြစ်နိုင်ဆိုတာ စဉ်းစားဖို့ပါ လိုလာပါတယ်။

(၂)

ဘောဂဗေဒ ဘာသာရပ် နယ် ပယ်မှာ၊ အခြေခံအဆင့်မှာပဲ နှစ် ပေါင်းများစွာ လေ့လာခဲ့ကြည့်၊ ဘယ်တော့မှ မရိုးတဲ့အကြောင်းအ ရာနှစ်ခုရှိတယ်။ ဈေးကွက်ရဲ့ အား နည်းချက်နဲ့ အစိုးရရဲ့ အားနည်း ချက်ပါ။ ဒီကနေတစ်ဆင့် ဈေး ကွက်ထဲကို အစိုးရကဘယ်လောက် ဝင်ရောက်သင့်သလဲ၊ ဝင်ရောက် ရင် ဘာတွေဖြစ်လာနိုင်မလဲ၊ ပို ကောင်းလာမလား၊ ပိုဆိုးသွားမ လား။ စိတ်ဝင်စားစရာ ကောင်း တာက ဈေးကွက်ရဲ့အားသာချက်၊ အစိုးရရဲ့အားသာချက်ဆိုပြီး ပြော လေ့မရှိဘူး။ အစိုးရက ဘာလို့ ဝင် လုပ်ရသလဲ၊ အထူးသဖြင့် အစိုးရ က ဘာကြောင့် စည်းမျဉ်းစည်းကမ်း တွေ ချရသလဲ၊ ဈေးကွက်ကို ဒီအ တိုင်းထားရင် မဖြစ်ဘူးလား စတဲ့ မေးခွန်းတွေ ပေါ်လာပါတော့ တယ်။

ဘောဂဗေဒရဲ့ဖခင်ကြီး အဒမ် စမစ်ကတော့ ဈေးကွက်ဆိုတာ သူ့ ဟာသူ စွမ်းရည်ပြည့်ပြီးသားလို့ မြင်ပုံရတယ်။ အပြည့်ပြိုင်ဆိုင်မှု ရှိ တယ်။ ပြင်ပ အကျိုးသက်ရောက် မှုတွေ မရှိဘူး။ အများပြည်သူ အ သုံးပြုတဲ့ ပစ္စည်းတွေ၊ အသုံးအ ဆောင်တွေ မရှိဘူး ဆိုရင်တော့ သူတည်းတစ်ယောက်၊ ကောင်းရာ ရောက်ဖို့၊ တခြားသူ တစ်ယောက် အကျိုးမပျက်ဘဲ အပြောင်းအလဲ မလုပ်နိုင်ဘူး။ ဒါပေမယ့် သတင်း အချက်အလက် အပြည့်အစုံ မရ ကြလေတော့ စင်းလုံးချော ဈေး ကွက်တွေ ဖြစ်မလာကြဘူး။ ဒီလို ဆို ဘယ်လိုမှ စွမ်းရည်မပြည့်နိုင် တော့ဘူး။ ဒါကြောင့် အစိုးရက ဝင်ပါရမယ်ပေါ့။

ဒါပေမယ့် တစ်ဖက်မှာလည်း လွတ်လပ်တဲ့ ဈေးကွက်ရဲ့ အား နည်းချက်တွေကို ပြင်ရင် အနည်း နဲ့ အများဆိုသလို ပိုဆိုးသွားနိုင် တယ်လို့ မြင်တဲ့ပညာရှင်တွေလည်း ရှိတယ်။ သူတို့ပြောမယ်ဆိုရင် လည်း ပြောစရာ၊ ညံ့ဖျင်းတဲ့ စည်း မျဉ်းစည်းကမ်းတွေ အပုံအပင် ရှိ နေတာကိုး။ ဒါပေမယ့်လည်း အ ရေးရယ်အကြောင်းရယ်ဆို အစိုးရ က ဝင်ပါရမယ်။ အစိုးရ ဝင်မပါဘဲ ဘာလုပ်နေသလဲဆိုတဲ့ မေးခွန်းမျိုး အမေးခံရပြန်ရော။ ဒီကနေတစ် ဆင့် တရားရေးစနစ် ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းကို ထပ်မေးကြ ထိ ခိုက်နစ်နာတဲ့သူကို ထိထိရောက် ရောက် ကုစားနိုင်သလားဆိုတာ စိတ်ဝင်စားကြပြန်ရော။

အထူးသဖြင့် ပုဂ္ဂလိကလုပ် ငန်းတွေက ကိုယ်အကျိုးခံစားရပေ မယ့် ဘေးလူ ဒါမှမဟုတ် ကြားလူ ဒုက္ခရောက်စေနိုင်တဲ့ ကိစ္စမျိုးတွေ ကို လုပ်တတ်ကြတယ်။ ပတ်ဝန်း ကျင် ထိခိုက်အောင်လုပ်တာတို့၊ လက်ဝါးကြီးချုပ်ခွင့်ကို ချမှတ်တာ တို့ လုပ်တတ်တယ်။ ဒီလိုအခါမျိုး မှာ စားသုံးသူတွေရဲ့ အကျိုးကို ကာကွယ် စောင့်ရှောက်ဖို့ စည်း မျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ လို လာတယ်။

ဒီနေရာမှာ၊ ပုဂ္ဂလိကလုပ် ငန်းတွေအထဲက ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ဆိုပေမယ့် အရောင်း အဝယ် သဘောတူစာချုပ်တွေမှာ၊ သေသေချာချာ ဖော်ပြမထားဘဲ ဖွက်ထားတာတွေ ရှိနေတတ်တယ်။ ဝေ့လည်ကြောင်ပတ် ရေးတာတွေ ရှိတယ်။ အစိုးရရဲ့ ဥပဒေတချို့ လည်း ဒီလိုပဲ။ ကိုယ့်ဘက်က သာ သာထိုးထိုးလေး ရေးတတ်ကြ တယ်။ သတ်မှတ်ချက်တွေ ချထား တတ်တယ်။ တစ်ခါတလေမှာ တော့ အစိုးရက ဝင်ဝင်ပြီး ကူမယ် လို့ တွက်ထားလေတော့ ပုဂ္ဂလိက လုပ်ငန်းတွေက မစွန့်စားသင့်တာ တွေ စွန့်စား၊ မလုပ်သင့်တာတွေ လုပ်မိတာမျိုး တွေလည်း ဖြစ်တတ်တယ်။

အနောက် နိုင်ငံတွေက စာ ရင်းကိုင်လုပ်ငန်းတွေမှာ မတော်မ တရား ဖြစ်ခဲ့တာတွေကို ကြည့်ရင် စာရင်းကိုင်တွေ၊ စာရင်းစစ်တွေရဲ့ ထောက်ခံချက်တွေဟာလည်း စိတ် မချရဘူး။ ကိုယ်ကျိုးစီးပွားတွေ ပါ ဝင်နေတယ်ဆိုတာကို တွေ့ရတယ်။ အထူးသဖြင့် ပုဂ္ဂလိကလုပ်ငန်း တွေရဲ့ ထောက်ခံချက်ဟာ စိတ်မ ချရဘူးဆိုတာ ညွှန်ပြနေတယ်။ အန္တရာယ်အလွန်ကြီးမားတဲ့ အ ခြေအနေမျိုးကို အလွန်ကောင်းပါ သည်လို့ ထောက်ခံတာကြောင့် အများကြီး ဒုက္ခရောက်ကြရတယ်။

အစိုးရက စည်းမျဉ်းစည်း ကမ်းတွေ ထုတ်ထားတယ်ဆိုတာ ဟာလည်း တစ်နည်းအားဖြင့်တော့ ထောက်ခံစာ ပေးသလိုပါပဲ။ အစိုးရဘဏ်တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ် ပေးထားလေတော့ ဘဏ်တွေကို ယုံတာပေါ့။ အဲဒီစည်းမျဉ်းစည်း ကမ်းတွေကို ဘဏ်တွေက လိုက် နာကြတယ်။ အစိုးရကလည်းလိုက် နာအောင်လုပ်တယ်။ မလိုက်နာ ရင် အရေးယူတယ်လို့ပဲ ယုံကြည် ကြတယ်။ ပြီးတော့ ဘဏ်တွေ ဒုက္ခရောက်ရင် အစိုးရက ဝင်ကယ် မှာ သေချာပေါက်လို့ တွက်ထား ကြတယ်။ အစိုးရကိုတောင်မှ နှစ် မျိုးခွဲထားကြသေးတယ်။ ဘဏ် အပ်ငွေတွေကို အာမခံထားတယ်။ အာမခံထားမှန်းလည်းသိတဲ့ အစိုးရ၊ အာမခံထားပေမယ့် ကိုယ်အာမခံ ထားတာကို မသိတဲ့ အစိုးရရယ် လို့တောင် ဆိုရိုးရှိတယ်။ ဒီတော့ လည်း ပုဂ္ဂလိကဘဏ်တွေ၊ ပုဂ္ဂလိ ကလုပ်ငန်းတွေကို စည်းမျဉ်းစည်းကမ်းတွေ ချပေးဖို့ လိုတယ်။

ပြီးတော့ လူတွေ လုပ်ငန်းတွေ အားလုံး ဆင်ခြင်တုံတရားရှိတယ်။ ရောင်းတဲ့ဘက်က အမြတ်အများ ဆုံး၊ ဝယ်တဲ့ဘက်က တန်ရာတန် ကြေးရဖို့ ကြိုးစားကြတယ်လို့ မြင် တယ်။ တကယ်တမ်းကျတော့ လူ တွေ၊ လုပ်ငန်းတွေ အားလုံးဟာ ဆင်ခြင်တုံတရားရှိမယ်လို့ တွက် ဆလို့ မရဘူး။ မြှောက်ရင် မတရား မြှောက်၊ မြောက်ရင် မတရား မြောက်၊ အကောင်းမြင်ရင်လည်း သူတို့၊ အဆိုးမြင်ရင်လည်း သူတို့ ဖြစ် နေတတ်တယ်။ အလုပ်လုပ်နေ တဲ့ ဝန်ထမ်းတွေဟာ တစ်နေ့မှာ အားလုံး အငြိမ်းစားယူကြရမှာ ဖြစ်ပေမယ့် ဘယ်သူမှ ပြည့်စုံတဲ့ စုဆောင်းငွေ မရှိကြဘူး။

တစ်ဖက်ကလည်း အစိုးရက အဖေကြီးတစ်ယောက်လို နေရာ တကာ ဝင်ပါဖို့ဆိုတာက၊ သာမန် ပြည်သူပြည်သားတွေထက်၊ ဆင် ခြင်တုံတရား ပိုရှိလို့လား၊ သတင်း အချက်အလက်တွေ ပိုပြီးများပြည့် စုံလို့လားလို့ မေးစရာရှိလာတယ်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက် အောင် လုပ်တဲ့သူတွေကို အစိုးရ က ဘာကူစရာလိုသလဲ၊ ဘာဝင်ပြီး စည်းကမ်းထိန်းသိမ်း စရာလိုသလဲ လို့ မေးလာကြတယ်။ ဒါပေမယ့် သူတို့လုပ်တာတွေဟာ သူတို့ပဲ ဒုက္ခရောက်တာမဟုတ်၊ တခြားသူ တွေပါ ဒုက္ခရောက်ဖို့ ဖြစ်လာလေ တော့ အစိုးရက ဝင်ပါလာရတယ်။

ပြီးတော့ ဒီမိုကရေစီနိုင်ငံမှာ တစ်ယောက်ယောက် ဒုက္ခရောက် တာမျိုးကို ထိုင်ကြည့်နေလို့ မရ ဘူး။ တစ်ဖက်ကလည်း ကိုယ့်အ တွက် သူများတွေက စဉ်းစား၊ သူ များတွေက ဆုံးဖြတ်ပေးနေရင် ကိုယ့်ဘာသာစဉ်းစား၊ ကိုယ့်ဘာ သာ ဆုံးဖြတ်တဲ့ အလေ့အထကို အားနည်းစေတယ်လို့ ယူဆတဲ့ သူတွေ ရှိလာတယ်။တတိယအချက်က ဈေးကွက် နဲ့ ပုဂ္ဂလိကရဲ့ လုပ်ရပ်တွေဟာ တရားမျှတမှု မရှိနိုင်တာပါ။ ဥပ မာ- ဆင်းရဲသားတွေ ဝယ်ယူ စားသုံးနိုင်တာမျိုး ဟုတ်ချင်မှ ဟုတ် မယ်။ သူက အကျိုးအမြတ်ကို ဦး တည်တာကိုး။ ဒီတော့လည်း အစိုးရက အခွန်ကောက်တန်တာကောက်၊ ထောက်ပံ့ကြေး ပေးတန်တာပေး၊ လုပ်ရပြန်တယ်။အစိုးရက မလိုလားတာမျိုးဆို အခွန်ကောက်၊ ဖြစ်စေချင်တာဆို ထောက်ပံ့တဲ့နည်းက အလွယ်ဆုံးနည်းပါ။ အလွယ်ဆုံးနည်းတောင်မှ မလွယ်တာတွေ ရှိသေး။

(၃)

ဒီတော့ အခွင့်အလမ်းတွေ တူညီ၊ ရလဒ်တွေ တူညီလာစေဖို့ အတွက် ဝင်ငွေတွေ ညီညီမျှမျှ ဖြစ် စေချင်လို့ ဈေးကွက်မှာတွေ့ရ တတ် တဲ့ အားနည်းချက်တွေကို ဖြေရှင်း ဖို့ အစိုးရက စီးပွားရေး အဆောက် အအုံထဲကို ဝင်ရောက် လှုပ်ရှားရ တယ်။ အထူးသဖြင့် နိုင်ငံစီးပွား ရေး နှေးကွေးနေတဲ့ အချိန်မျိုးတွေ၊ အလုပ်လက်မဲ့များနေတဲ့ အချိန်မျိုး တွေမှာ အစိုးရက ဝင်လုပ်ရပါတယ်။ ဒါပေမယ့် အစိုးရကို ဝင်မပါ စေချင်တဲ့သူတွေ၊ ပညာရှင်တွေ မှာကလည်း သူ့အကြောင်းပြချက် နဲ့သူ ရှိပြန်ရော။ အစိုးရဆိုတာ လူအမျိုးမျိုး၊ အုပ်စုအမျိုးမျိုးနဲ့ ဆက် ဆံနေရတယ်။ တချို့အုပ်စုတွေက အင်အားတောင့်တယ်။ တချို့အုပ် စုတွေက အားနည်းတယ်။ ဒီအခါ အင်အားတောင့်တဲ့သူတွေ ဖိအားပေးတဲ့ ဘက်ကို ရောက်ရောက် သွားတတ်တယ်။ သူတို့ ဘက်လိုက် ပြီး ဆုံးဖြတ်ချက်တွေချတယ်။ ဒါ ကြောင့် အလေအလွင့်များတဲ့ လုပ် ငန်းကြီးတွေ၊ ရလဒ်မကောင်းတဲ့ လုပ်ငန်းတွေကို လုပ်တတ်ကြတယ်လို့ ထောက်ကြတယ်။

အစိုးရက ပါဝင်လုပ်ရင် လူ တစ်ဦးချင်းရဲ့ လွတ်လပ်မှု၊ လုပ် ငန်းတစ်ခုချင်းရဲ့ လွတ်လပ်မှုကို ထိခိုက်တယ်လို့လည်း ဝေဖန်ကြတယ်။ နောက်ဆုံးတော့ ပုဂ္ဂလိကကို လွှတ်ပေးထားတာ၊ ဈေးကွက် ကို သူ့အတိုင်း လွှတ်ပေးထားတာပဲ ကောင်းတယ်လို့ ဆွဲသွားတယ်။ ဒါပေမယ့် ပုဂ္ဂလိက လုပ်ငန်းတွေဟာ အလှူပေးနေတာမဟုတ်၊ တရားမျှတမှုမရှိ၊ အင်အားကြီး အင်အားနည်း တစ်ဖက်စောင်းနင်းတွေ ဖြစ်တတ်တယ်။ ဒါကြောင့် အများပြည်သူ အကျိုးပြုတဲ့ တရား ဥပဒေစိုးမိုးရေးတို့၊ ရဲတို့၊ လမ်းတံ တားတို့လို ပိုက်ဆံပေးနိုင်သူရော၊ မပေးနိုင်သူပါ၊ ခံစားခွင့်ရစေရမယ့်လုပ်ငန်းမျိုးတွေကို အစိုးရက လုပ် ပေးရမယ်။ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အစိုးရက လုပ်ရမယ်။ ပတ်ဝန်း ကျင်ထိခိုက်တာမျိုး၊ လက်ဝါးကြီး ချုပ်တာမျိုးတွေတားရမယ် စသည် ဖြင့် မြင်ကြပါတယ်။ပုဂ္ဂလိကလား၊ အစိုးရလား၊ ဈေးကွက်လား၊ ဝင်ရောက်ဆောင် ရွက်မှုလားဆိုတဲ့ ရွေးချယ်မှုတွေက အလွန် စိတ်ဝင်စားစရာကောင်း ပါတယ်။ စိတ်ဝင်စားကြရင်ဖြင့် ဆက်လက်ဆွေးနွေးပါမယ်။

ခင်မောင်ညို (ဘောဂဗေဒ)

(ညွှန်း- Stiglitz – Government Failure Vs Market Failure :
Principle of Regulation)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*