အမှိုက်ကားများ ဈေးနှုန်းအပေါ် ဝေဖန်ချက် များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဟု မြို့တော်ဝန် ဆို

အမှိုက်ကားများ ဈေးနှုန်းအပေါ် ဝေဖန်ချက် များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဟု မြို့တော်ဝန် ဆို
February 8, 2017 Asian Fame

12:09 pm
အမှိုက်ကားများ ဈေးနှုန်းအပေါ် ဝေဖန်ချက် များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဟု မြို့တော်ဝန် ဆို

Cleaner Machine-2 copy

ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုရန် ဝယ်ယူထားသည့် အ မှိုက်ကားများ ဈေးနှုန်းကွာဟနေ ကြောင်း သတင်းများနှင့်ပတ်သက် ၍ သတင်းစာရှင်းလင်းပွဲပြုလုပ် သွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဇန်နဝါရီလက ရန်ကုန်မြို့သို့ ရောက်ရှိလာသော ခေတ်မီအမှိုက် ကားများ၏တန်ဖိုးသည် မူရင်းဈေး နှင့် ကွာဟနေသည်ဟု လူမှုကွန် ရက် စာမျက်နှာတွင် ဝေဖန်မှုများ ရှိခဲ့ရာ အမှိုက်ကားများ တင်သွင်း ခွင့်ရကုမ္ပဏီကို ပြန်လည်စစ်ဆေး မှုများပြုလုပ်ရန် ကားတန်ဖိုး အ ထောက်အထားများ တောင်းခံထား ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ သိရသည်။

”ဒါတွေကလည်း ပြည်သူလူ ထုကို စနစ်တကျချပြဖို့ လုပ်ဆောင် ပေးသွားရမှာဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ဒါက ပြည်သူလူထုပိုက် ဆံဖြစ်တယ်။ အမြန်ဆုံးရှင်းလင်း သွားမှာဖြစ်တယ်”ဟု ¤င်းက ဆက် ပြောသည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ရန် ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် ၌ပြုလုပ်သော  လမ်းပန်းဆက်သွယ် ရေးဆိုင်ရာ ဘေးကင်း လုံခြုံရေးနှ င့် ပတ်သက်၍ မူဝါဒဆိုင်ရာ ဆွေး နွေးပွဲတွင် ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အချိန်တိုအတွင်း သန့်ရှင်းရေး ပြုလုပ်နိုင်သည့် အဆင့်မြင့်အမှိုက် သိမ်းယာဉ် ၁၁၄ စီးကို မှာယူထား ရာ ပထမအသုတ် ရောက်လာ သည့် ၄၂ စီးကို ဇန်နဝါရီ ၂၇ ရက်က မိတ်ဆက်ခဲ့သည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက ”တကယ်တမ်း ပုဂ္ဂလိ က လွှဲတာက အကောင်းဆုံးဖြစ်ပါ တယ်။ ဒါပေမယ့် စနစ်တကျလုပ်ဖို့ အတွက် လိုအပ်ပါတယ်။ တကယ် လုပ်နိုင်တဲ့သူတွေ ရှိပါတယ်။အမြတ် ရမယ့် လုပ်ငန်းဆိုပေမယ့်  ပြည်သူ လူထုအပေါ် ဝန်ပိမယ့်လုပ် ငန်း ဖြစ် ရမှာမဟုတ်ပါဘူး။ ပြည်သူတွေ အပေါ် ဝန်ပိတဲ့လုပ်ငန်း ဆိုရင်တော့ ပုဂ္ဂလိကကို မပေးသင့်ပါဘူး” ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၆ဝဝ တန်ဖိုးရှိ  အမှိုက်ကားများ ဝယ်ယူရန် ပုဂ္ဂလိက ကုမ္ပဏီများကို ယမန်နှစ် အောက်တိုဘာလက တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*