လွတ်မြောက် သွားသော အယ်ခိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်က အမေရိကန် သမ္မတကို ထိကပါး ရိကပါး ပြောဆို

လွတ်မြောက် သွားသော အယ်ခိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်က အမေရိကန် သမ္မတကို ထိကပါး ရိကပါး ပြောဆို
February 8, 2017 Asian Fame

3:07 pm
လွတ်မြောက် သွားသော အယ်ခိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်က အမေရိကန် သမ္မတကို ထိကပါး ရိကပါး ပြောဆို

Yemen-Raid-Had-Secret-Target(ယီမင်၊ ဖေဖော်ဝါရီ ၇)

အမေရိကန် Navy SEAL အဖွဲ့က လျှို့ဝှက်ပစ်မှတ် အဖြစ်ထားကာ ယီမင်နိုင် ငံတွင် ဝင်ရောက် စီးနင်းရှာဖွေခဲ့စဉ် လွတ် မြောက် သွားသည့် အယ်ခိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်က သမ္မတ ဒေါ်နယ်ထရမ့် အား ထိကပါး ရိကပါး ပြောဆို ထားသည့် အသံဖိုင် တစ်ခု ယနေ့ ပေါ်ထွက်လာသည်။

အမေရိကန် တပ်မတော်နှင့် ထောက် လှမ်းရေး အဖွဲ့တို့ကလည်း အဆိုပါ စီးနင်းမှု သည် အယ်ခိုင်ဒါ ခေါင်းဆောင် ကွာဆင် အယ်လ်ရီမီအား ဖမ်းဆီးရန် (သို့) သုတ် သင်ရှင်းလင်းရန် အတွက်ဖြစ်ပြီး၊ ယင်း အယ်ခိုင်ဒါ ခေါင်းဆောင်သည် ကမ္ဘာပေါ် တွင် တတိယမြောက် အန္တရာယ် အရှိဆုံး အကြမ်းဖက် သမားဖြစ်ကြောင်း သတင်း ဌာန များသို့ ပြောပါသည်။

ကွာဆင်အယ်လ်ရီမီအား မမိခဲ့သော် လည်း ယင်းစီးနင်း တိုက်ခိုက်မှုတွင်  Navy SEAL အဖွဲ့ဝင်တစ်ဦး၊ အယ်ခိုင်ဒါ အကြမ်း ဖက်သမား ၁၄ ဦး၊ အရပ်သား အချို့နှင့် အသက် ၈ နှစ်အရွယ် ကလေးမငယ် တစ်ဦး တို့ သေဆုံးခဲ့ကြောင်း သိရသည်။

ကွာဆင် အယ်လ်ရီမီမှာမူ လောလော ဆယ်အားဖြင့် ယီမင်နိုင်ငံ အတွင်းတွင်ပင် အ သက်ရှင် လွတ်မြောက်နေလျက် ရှိကြောင်း တပ်မတော် အရာရှိများက ပြောကြားပါ သည်။

PN002
ref: Yemen Raid Had Secret Target: Al Qaeda Leader Qassim Al-Rimi

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*