မဖွယ်မရာ ဗီဒီယိုဖိုင် ကို တွစ်တာတွင် တင်ခဲ့သည့် စုံတွဲအား ရဲများ လိုက်လံရှာဖွေနေ

မဖွယ်မရာ ဗီဒီယိုဖိုင် ကို တွစ်တာတွင် တင်ခဲ့သည့် စုံတွဲအား ရဲများ လိုက်လံရှာဖွေနေ
February 8, 2017 Asian Fame

12:40 pm
မဖွယ်မရာ ဗီဒီယိုဖိုင် ကို တွစ်တာတွင် တင်ခဲ့သည့် စုံတွဲအား ရဲများ လိုက်လံရှာဖွေနေ

2(ဂျက်ဆန်ဗီလီ၊ ဖေဖော်ဝါရီ ၇)

ဒေသန္တရ အုပ်ချုပ်ရေးရုံး အတွင်းဝယ် မဖွယ်မရာပြု လုပ်ပြီး ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် ပေါ်တင်ခဲ့သူ စုံတွဲကို ရဲများလိုက်လံ ရှာဖွေနေကြောင်း သိရသည်။

အသက် ၂၆ နှစ် အရွယ်ရှိ အမျိုးသမီး ဘရစ်တီ ဂျုန်းစ် သည် အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသား ဂျေရမီရော်ဘန် ဆန်နှင့် အမေရိ ကန် ပြည်ထောင်စု ဒူဗယ်ခရိုင် ဒေသန္တရ အုပ်ချုပ်ရေးရုံး အတွင်းဝယ် ပါးစပ်ဖြင့် မဖွယ်မရာ ပြုလုပ် နေသည့် ဗီဒီယိုဖိုင် ကို အမျိုးသမီးက သူ၏တွစ်တာ လူမှု ကွန်ရက် စာမျက်နှာပေါ်သို့ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့ က တင်ခဲ့သဖြင့် အပြစ်ပေးရန် ယခုကဲ့သို့ ရှာဖွေနေ ရခြင်း ဖြစ်ကြောင်း ဂျက်ဆန်ဗီလီ ရဲဌာနမှ သိရသည်။

ဒေသန္တရ အုပ်ချုပ်ရေးရုံးရှိ ခုံတန်းလျား တစ်ခုပေါ်တွင် အမျိုးသားက ထိုင်ကာ ထိုသို့မဖွယ်မရာ ပြုလုပ်နေသည့် ဗီဒီယိုဖိုင်ကို ဘရစ်တီဂျုန်းစ် က သူမ၏တွစ်တာ လူမှုကွန် ရက်တွင် ”ပြဿနာတွေက လွတ်ရာ လွတ်ကြောင်းကို တွေ့ရှိ” ဟူသည့် ခေါင်းစဉ်တပ်ကာ တင်ခဲ့ခြင်း ဖြစ်ပြီး လူမှု ကွန်ရက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ နောက်ပိုင်းတွင် မူ အဆိုပါ ဗီဒီယိုဖိုင်ကို သူမ၏ တွစ်တာမှ ပြန် လည် ဖြုတ်ချခဲ့ သည်။

အဆိုပါ အမျိုးသမီးနှင့် အမျိုးသား တို့ မည်သို့တော်စပ် ဆက်သွယ်နေသည်ကို ယခုထက်တိုင် မသိရသေးချေ။

PN002
Ref: Florida woman, man wanted for alleged sex act captured on video at courthouse

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*