ဘူးသီးတောင်မြို့ပေါ်တွင် လူနေအိမ်များ ထူထပ်နေသည့် အတွက် မြို့သစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေ

ဘူးသီးတောင်မြို့ပေါ်တွင် လူနေအိမ်များ ထူထပ်နေသည့် အတွက် မြို့သစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေ
February 8, 2017 Asian Fame

1:36 pm
ဘူးသီးတောင်မြို့ပေါ်တွင် လူနေအိမ်များ ထူထပ်နေသည့် အတွက် မြို့သစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေ

(ရန်ကုန်၊ ဖေဖော်ဝါရီ ၇)

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့ပေါ်တွင် လူနေအိမ်များ ထူထပ် နေသည့် အတွက် အိမ်ခြေသုံး ထောင်ခန့်ဖြင့် မြို့သစ် တစ်ခု တည် ဆောက် ရန် လျာထားကြောင်း ဘူးသီးတောင် မြို့နယ် အုပ်ချုပ် ရေးမှူးက ပြောသည်။

”ဘူးသီးတောင် မြို့ပေါ်မှာ အိမ်တွေ အရမ်းကျပ်တယ်။ အဲဒီ အနေအထား ကို ဖွံ့ဖြိုး တိုးတက် အောင် တိုးချဲ့ပြီး လုပ်မယ့် သဘော ပါ” ဟု အုပ်ချုပ်ရေးမှူး ဦးကျော် မင်းထွန်းက ပြောသည်။

အဆိုပါမြို့သစ်ကို ဘူးသီး တောင်မြို့ အနီးရှိ ပန်းဇင်းချောင်း တစ်ဖက်ကမ်းတွင် တည်ဆောက် သွားမည်ဟု ၄င်းထံမှသိရသည်။

မြို့သစ်တည်မည့် နေရာကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ အပါအဝင် မြေစာရင်း ဦးစီးနှင့် ဌာနဆိုင်ရာ များက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကွင်းဆင်း သတ်မှတ်ခဲ့ကြသည်ဟု သိရသည်။

”ပန်းဇင်းချောင်း တံတားက လည်းဖွင့်တော့မယ်လေ။ အဲဒီ တော့ ချောင်းတစ်ဖက်ကမ်းမှာ မြို့သစ် တည်လိုက်ရင် တစ်ဆက် တည်းဖြစ်သွားမယ်” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် မြို့သစ်တည် ဆောက်ရန် အတွက် မြို့နယ် အုပ် ချုပ်ရေးမှူးရုံးက အချက်အလက် များကို စုဆောင်းနေပြီး မြို့သစ် တည်ထောင်ခွင့် ရရှိရန်အတွက် မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ရုံးမှတစ်ဆင့် တင်ပြ တောင်းဆို သွားမည်ဖြစ်ကြောင်း ဦးကျော်မင်း ထွန်းက ပြောသည်။

မြို့သစ်နေရာ အကောင် အထည်ဖော်ပါက မြို့သစ်နေရာ တွင် မည်သူများကို နေရာချ ပေးမည်ကို မူပြောဆိုနိုင်ခြင်း မရှိ သေးကြောင်း ၄င်းကပြောသည်။

ဘူးသီးတောင် မြို့ပေါ်တွင် နေထိုင်ကြ သူများတွင် မူဆလင် လူဦးရေက ရခိုင် လူဦးရေထက် ပိုများကြောင်း ၄င်းကပြောသည်။

လက်ရှိတွင် အိမ်ရာမြေ ဈေး နှုန်းများ မြင့်တက်နေသည့်အတွက် ပြည်သူများမှာ အိမ်မဝယ်နိုင်ကြ ကြောင်း၊ အသစ် ဖော်ဆောင်မည့် မြို့သစ် တွင် တန်ဖိုးနည်း အိမ်ရာ ပုံစံမျိုး နေရာချ ပေးသင့်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်း အောင်သိန်း က ပြောသည်။

”ဒီအစီအစဉ်က ကောင်းပါ တယ်။ ဘူးသီးတောင်မှာက လူနေ အိမ်တွေ အရမ်းကျပ်တယ်။ ပြီးရင် အိမ်မဲ့ ရာမဲ့တွေ များတယ်။ အဲဒီ အိမ်မဲ့ရာမဲ့တွေ ကို ပေးမယ်ဆိုရင် ကောင်းပါတယ်။ အိမ်မဲ့ရာမဲ့တွေကို ပေးဖို့လိုပါတယ်။ ဒါကို ကြို ဆိုပါတယ်” ဟု ၄င်းကပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် မူဆလင် ဦးရေ ၉၃ ရာခိုင်နှုန်း ခန့် နှင့် မောင်တော မြို့နယ်တွင် မူဆလင်ဦးရေ ၉၈ ရာခိုင်နှုန်းခန့် ရှိကြောင်း ဦးထွန်းအောင်သိန်း က ပြောသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*