တရုတ်-ဂျပန် အငြင်းပွား ကျွန်းများ အနီးမှ တရုတ် ကမ်းခြေစောင့်ရေ ယာဉ်တစ်စီး ဖြတ်သန်းသွား

တရုတ်-ဂျပန် အငြင်းပွား ကျွန်းများ အနီးမှ တရုတ် ကမ်းခြေစောင့်ရေ ယာဉ်တစ်စီး ဖြတ်သန်းသွား
February 8, 2017 Asian Fame

12:27 pm
တရုတ်-ဂျပန် အငြင်းပွား ကျွန်းများ အနီးမှ တရုတ် ကမ်းခြေစောင့်ရေ ယာဉ်တစ်စီး ဖြတ်သန်းသွား

Japan

(တိုကျို၊ ဖေဖော်ဝါရီ ၇)

တရုတ်နှင့် ဂျပန်တို့ အငြင်းပွား နေသည့် ကျွန်းတန်း အနီး ပင်လယ် ပြင်တွင် တရုတ် ကမ်းခြေစောင့် ရေယာဉ်တစ်စီး ခုတ်မောင်း သွား ကြောင်း သိရသည်။

ဆန်ကကု ကျွန်းစုများဟု ခေါ်ဝေါ်သည့် အဆိုပါ ကျွန်းတန်း ကို ဂျပန်က ထိန်းချုပ် ထားလျက် ရှိပြီး တရုတ် တို့ကလည်း ယင်း ကျွန်းတန်းကို ဒိုင်အိုယူ ကျွန်းတန်း ဟု ခေါ်ဝေါ်သည်။

အဆိုပါ အငြင်းပွားနေသော ကျွန်းများနှင့် ပတ်သက်၍ ဂျပန် နိုင်ငံအပေါ် အမေရိကန်က ထား ရှိသည့် မှတ်ချက်များကို ယခု အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ်မက် တစ်စ်က ထပ်မံအတည် ပြုပြီး နောက်ရက် အနည်းငယ်တွင် တရုတ် ကမ်းခြေစောင့် ရေယာဉ် ခုတ်မောင်းဖြတ်သန်း သွားခြင်းကို တွေ့ရှိရခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီး နောက်တွင် သံတမန် ဆိုင်ရာ ပြောဆိုမှုများ ပေါ်ပေါက်ခဲ့ကြောင်း NHK သတင်းတစ်ရပ်က ဆိုပါ သည်။

PN002
ef: Chinese ships sail near disputed Japanese islands
Image may contain: ocean, sky, outdoor and water

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*