ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် နှင့် Stellar Seven Entertainment တို့ ပူးပေါင်းကာ ခရီးသွား ဖွံ့ဖြိုးရေး လုပ်ဆောင်မည်

ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် နှင့် Stellar Seven Entertainment တို့ ပူးပေါင်းကာ ခရီးသွား ဖွံ့ဖြိုးရေး လုပ်ဆောင်မည်
February 8, 2017 Asian Fame

2:21 pm
ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် နှင့် Stellar Seven Entertainment တို့ ပူးပေါင်းကာ ခရီးသွား ဖွံ့ဖြိုးရေး လုပ်ဆောင်မည်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၆)

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် (MTF) u Miss My­an­­mar Internationalူ ရွေးချယ်ပွဲ အပါအဝင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး ရေး ဆိုင်ရာ လုပ်ငန်းများကို Stellar Seven Entertainment  နှင့်ပူး ပေါင်း လုပ်ဆောင် သွားမည်ဖြစ် ကြောင်း သိရသည်။

”ကျွန်တော်တို့ Miss Myanmar International  ပွဲတစ်ခုတည်း မဟုတ်ဘူး။ ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ခရီးသွား အနု ပညာ ပြပွဲတွေ ခရီးသွား လုပ်ငန်းမှာ အားနည်းနေတဲ့ ပြပွဲတွေ အစရှိတာ တွေကို ပူးပေါင်း ဆောင်ရွက်ပါ မယ်” ဟု MTF ဒုတိယ ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောသည်။

အဆိုပါ အဖွဲ့နှစ်ခု သည် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ  လုပ် ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် အတွက် ဇန်နဝါရီလ ၃၁ရက်နေ့ တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ် ၌ စာချုပ် ချုပ်ဆိုခဲ့ကြသည်။

MTF  အနေဖြင့် အနုပညာ ဖျော်ဖြေပွဲများ၊ ခရီးသွားနှင့်ပတ် သက်သော ဖျော်ဖြေပွဲများ၊ အား ကစား လှုပ်ရှားမှုများ၊ နိုင်ငံ ပုံရိပ် မြှင့် တင်ရေး လုပ်ငန်း များကို Stellar Seven Entertainment  နှင့် ပူးပေါင်းကာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ခရီးသွား လုပ်ငန်းဖွံ့ ဖြိုးရေး အတွက် MTF နှင့်ပူးပေါင်း ပြီး အတတ်နိုင်ဆုံး ပါဝင်ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Stellar Seven Entertainment  စီမံခန့်ခွဲရေး ဒါရိုက်တာ ဒေါ်မိုးနွေ ဦးက ပြောသည်။

”အလှမယ်တွေ ကနေ တစ် ဆင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွား မယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ပါဝင် ကူညီသွားမယ်”ဟု ၄င်း ကပြောသည်။

၂ဝ၁၇ ခုနှစ် အတွက် Miss Myanmar International  ရွေး ချယ်ပွဲကို  ယခုနှစ် ဇွန်လ အတွင်း ပြုလုပ် သွားမည်ဖြစ်ပြီး ပါဝင်ယှဉ် ပြိုင်လိုသူများ အနေဖြင့် အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား၊ အနည်းဆုံး အရပ် ၅ ပေ ၄ လက်မ ရှိရမည် ဖြစ်ပြီး အင်္ဂလိပ် ဘာသာစကားနှင့် ဂျပန်ဘာသာ စကား အသင့်အတင့် တတ်မြောက် ရမည်ဖြစ်သည်။

”ဒီပြိုင်ပွဲဟာ အလှတစ်ခု တည်းကို ပြိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို တည်ဆောက်တာ။ Brand ကို တည်ဆောက် မှာပါ” ဟု ဦးခင် အောင်ထွန်းက ပြောသည်။

MTF သည် Miss Myanmar International ရွေးချယ်ပွဲကို ၂ဝ၁၂ ခုနှစ်မှ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်တွင် မြန် မာနိုင်ငံ ကိုယ်စားပြုအလှမယ် အဖြစ် နန်းခင်ဇေယျာ၊ ၂ဝ၁၃ ခုနှစ်တွင် ဂုဏ်ရည်အေးကျော်၊ ၂ဝ၁၄ ခုနှစ် တွင် ခင်ဝေဖြိုးဟန်၊ ၂ဝ၁၅ ခုနှစ် တွင် အမရာငြိမ်း၊ ၂ဝ၁၆ ခုနှစ် တွင် အင်ကြင်းထူး တို့ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*