မြန်မာ-ထိုင်းနှစ်နိုင်ငံ ဖြတ်ကျော် မော်တော်ဆိုင်ကယ်စီး ခရီးစဉ် ပြုလုပ်မည်

မြန်မာ-ထိုင်းနှစ်နိုင်ငံ ဖြတ်ကျော် မော်တော်ဆိုင်ကယ်စီး ခရီးစဉ် ပြုလုပ်မည်
February 3, 2017 Asian Fame

4:12 pm
မြန်မာ-ထိုင်းနှစ်နိုင်ငံ ဖြတ်ကျော် မော်တော်ဆိုင်ကယ်စီး ခရီးစဉ် ပြုလုပ်မည်

PN -042
ရန်ကုန် -ဇန်နဝါရီ ၂၇

မြန်မာ – ထိုင်း ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုအဖြစ် နှစ်နိုင်ငံဖြတ်ေ ကျာ် မော် တော်ဆိုင်ကယ်စီးခရီးစဉ်တစ်ခုပြု လုပ်မည် ဖြစ် ကြောင်း သိရသည်။

‘Ride Towards AEC’ အမည်ရှိ မော်တော် ဆိုင်ကယ်စီးခရီးစဉ်တွင် ထိုင်း၊ မြန်မာ၊ စင်ကာ ပူနှင့် မလေးရှားနိုင်ငံသားများ ပါဝင် မည်ဖြစ်ပြီး ဆိုင်ကယ်အစီး ၁ဝဝ ကျော် ပါဝင်မည်ဖြစ် ကြောင်း၊ ယခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဟွာဟင်းမြို့မှ ထွက်ခွာလာ မည်ဖြစ်ပြီး မေလ ၃ ရက်နေ့တွင် နေပြည်တော်သို့ ရောက် ရှိကာ မေလ ၄ ရက်နေ့တွင် ဘားအံ မြို့သို့ရောက် ရှိမည်ဖြစ်ကြောင်း ၊ မေလ ၅ ရက်နေ့တွင် ထိုင်း နိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါခရီးစဉ်နှင့် ပတ်သက်သည့် သတင်း စာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့က ထိုင်း နိုင်ငံဘန်ကောက်မြို့၌ ပြုလုပ်ခဲ့ပြီး ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအုန်းမောင် တက်ရောက်ခဲ့သည်။

ပြည်ပဧည့်များသည် ဆိုင်ကယ်စီးခရီးစဉ် များအဖြစ် မြဝတီမှလည်းကောင်း၊ တောင်ကြီး ဘက်မှလည်းကောင်း ဝင်လေ့ရှိကြောင်း၊   ဒေသ အာဏာပိုင်များနှင့် ညှိနှိုင်းကာ မြန်မာပြည်တွင်း ဝင်ရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း၊ ယခုပြု လုပ်မည့် ဆိုင်ကယ်စီးခရီးစဉ် သည် ခရီးသွား လုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်၍ ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းမှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ထိုင်းနိုင် ငံမှ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန် ကြီးH.E. Mrs. Kobkarn Wattanavrangkul  တို့က ယခုလ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြပြီးဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*