အတိတ်တစ်ခေတ် ဖြတ်သန်း ပျံလွင့်

အတိတ်တစ်ခေတ် ဖြတ်သန်း ပျံလွင့်
February 3, 2017 Asian Fame

11:56 am
အတိတ်တစ်ခေတ် ဖြတ်သန်း ပျံလွင့်

အနည်းဆုံးသက်တမ်း နှစ်ပေါင်း ၅ဝ နီးပါးရှိသော ရှေးဟောင်း (Classic) ကား များနှင့် ရှေးဟောင်းဆိုင်ကယ်များပြပွဲကို ဇန်နဝါရီ ၂၈ ရက်နှင့်၂၉ ရက်တွင် ရန်ကုန် မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ခဲ့သည်။ ပြပွဲသို့လာရောက် ကြည့်ရှုသူတစ်ဦးလျှင် ဝင်ကြေးအဖြစ် ကျပ်ငွေ ၁ဝဝဝ သတ်မှတ်ထားကာ ရရှိလာသော ငွေများကို ရှေးဟောင်း Classic Car များ ပြုပြင်ထိန်းသိမ်းရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Classic Cars Show Club မှ သိရသည်။ Myanmar Classic Cars Club (MCCC) ကို ၂ဝ၁ဝ ခုနှစ် တွင် စတင်တည်ထောင်ပြီး မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသော မော်တော်ယာဉ်များအနက် Classic Car များကို ရွေးချယ်စုဆောင်းကြသော Classic Car ချစ်မြတ်နိုးသူများနှင့် ပေါင်းစပ် ဖွဲ့စည်းထားသည်။ Myanmar Classic Cars Club (MCCC) အနေဖြင့် ရှေးဟောင်းကားပြသခြင်းသည် ဒုတိယအကြိမ် မြောက်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင်တစ်ကြိမ်ပြသခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*