ဇန်နဝါရီလအတွင်း MIC က အလုပ်အကိုင်ပေါင်း နှစ်သောင်းကျော် ဖန်တီးပေးနိုင်ခဲ့

ဇန်နဝါရီလအတွင်း MIC က အလုပ်အကိုင်ပေါင်း နှစ်သောင်းကျော် ဖန်တီးပေးနိုင်ခဲ့
February 3, 2017 Asian Fame

11:44 am
ဇန်နဝါရီလအတွင်း MIC က အလုပ်အကိုင်ပေါင်း နှစ်သောင်းကျော် ဖန်တီးပေးနိုင်ခဲ့

HEZ

ရန်ကုန်၊ ဇန်နဝါရီ ၃ဝ

၂ဝ၁၇ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်(MIC)  က ခွင့်ပြုပေးလိုက်သော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၂ဝ၆၈၉ ခု ဖန်တီးပေး နိုင်ခဲ့ကြောင်း အဆိုပါကော်မရှင်၏ စာရင်းများအရ သိရသည်။

ကော်မရှင် ၏ ၁/၂ဝဝ၇ အစည်းအဝေး ဆုံးဖြတ်ချက်အရ  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ ခုကို ခွင့်ပြုပေးခဲ့ပြီး အလုပ်အ ကိုင် အခွင့်အလမ်း ၁၅၁၅၆ ခု ဖန်တီးပေးနိုင်ခဲ့ပြီး ၂/၂ဝ၁၇ အစည်းအဝေးမှ ပြည် တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခုကို ခွင့်ပြုပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ၅၅၃၃ ခု ဖန် တီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုခဲ့သော ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထဲ တွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်း အများအပြားပါဝင်ပြီး ဘီအိုတီ စနစ်ဖြင့် ဟိုတယ်၊ စီးပွားရေးအဆောက်အအုံ စီမံကိန်းများ လည်း ပါဝင်ကြောင်းသိရသည်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထဲတွင် Myanmar National Tele & Communications ကုမ္ပဏီအပြင်  Nationwide Telecommunications Network and Services  လုပ်ငန်းလည်း ပါဝင်သည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများမှာ မျှော်မှန်းသလောက် ဝင်ရောက်လာခြင်း မရှိခဲ့သော်လည်း ဘဏ္ဍာ နှစ်ကုန် ချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ဖြစ်သော ကန် ဒေါ်လာ ၆ ဘီလျံကို ပြည့်မီသွားရန် မျှော်လင့်ထားကြောင်း  ရင်း နှီးမြှုပ်နှံ မှုကော်မရှင်မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*