ကျဆင်းနေသော မြန်မာ့စီးပွားရေး တစ်နှစ်လျှင် ၇ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပြန်လည်တိုးတက်နိုင်

ကျဆင်းနေသော မြန်မာ့စီးပွားရေး တစ်နှစ်လျှင် ၇ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပြန်လည်တိုးတက်နိုင်
February 3, 2017 Asian Fame

11:07 am
ကျဆင်းနေသော မြန်မာ့စီးပွားရေး တစ်နှစ်လျှင် ၇ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပြန်လည်တိုးတက်နိုင်

မှူးအိမ်ဇော်
ရန်ကုန်၊ ဇန်နဝါရီ ၃ဝ

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် လာမည့် သုံးနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထား ပြီး ငွေကြေးဖောင်းပွ မှုကြောင့်ဖြစ်သည့် ဖိအားများလည်း လျော့ကျသွားဖွယ် ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ဇန်နဝါရီ ၃ဝ ရက် နေ့တွင် ထုတ်ပြန်သော မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင် ခံစာတွင် ဖော်ပြထားသည်။

လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး၊ ခရီးသွားလုပ် ငန်းအစရှိသည့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ အကြီးစား ကုန်စည်မဟုတ် သည့်ထုတ်လုပ်ရေးကဏ္ဍများအတွက် အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု များ မြင့်တက်လာနိုင်သည်ဟု  အစီရင်ခံစာက ဆိုသည်။

”မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ပြည်သူတွေ ဝင်ငွေ တိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တိုး တက်ရရှိစေဖို့နဲ့ အခွင့်အလမ်းတွေ ကို ဖန်တီးပေးနိုင်ဖို့ အရေးကြီးတာက ပြည်သူအားလုံးပါဝင်နိုင်ပြီး တည် ငြိမ်တဲ့ ဖွံ့ဖြိုးမှုကို ထိန်းထားနိုင်မယ့် မူဝါဒတွေဖြစ်ပါ တယ်။ ဒီလိုမူဝါဒတွေက ဆင်းရဲနွမ်းပါးတဲ့ လူတန်းစား တွေရဲ့ ဘဝတွေအပေါ်သက်ရောက်မှုအားပြင်းတဲ့ ငွေ ကြေးဖောင်းပွမှုကို လျှော့ချဖို့လည်း အဓိကကျပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေကိုယ် စားလှယ် မစ္စတာအဗဒူလာရေဆက်က ပြောသည်။

စီးပွားရေး တိုးတက်မှုနှုန်းအရ ရှေ့အလားအလာ မှာ အကောင်းဘက် ဦးတည်နေသော်လည်း ထိုနှုန်းကို တည်ငြိမ်အောင်ထိန်းထားရ န်မှာ မြန်မာနိုင်ငံအနေဖြင့် မေခရိုစီးပွားရေးဆိုင်ရာ အန္တရာယ်များရင်ဆိုင်ရမည် ဟု ၄င်းကဆိုသည်။ ထို့အပြင် ကုန်စည်ထုတ်လုပ် မှု နှုန်းနည်းပါးခြင်း၊ ယှဉ်ပြိုင်စွမ်းအားမြင့်သည့် ကမ္ဘာ့ ဈေးကွက်နှင့်ယှဉ်ပြိုင်ရခြင်း၊ ထုတ်လုပ်သည့် ကုန်စည် အမျိုးအစား မစုံလင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်လွယ်ခြင်းနှင့် ပြည်ပမှ ဝယ်ယူတင်သွင်းရ သည့် ကုန်စည်များ ဈေးနှုန်းများပြားနေခြင်းမှာ အဆို ပါ အန္တရာယ်များအနက်အချို့ဖြစ်ကြောင်း ဖော်ပြထား သည်။

ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလျက်ရှိရာ မြန်မာ နိုင်ငံအစိုးရအနေဖြင့် ၄င်းတို့၏ စီးပွားရေးမူဝါဒများ ကို အများပြည်သူ ယုံကြည်မှုရရှိနိုင် ရန်အတွက် ရှင်း လင်းလွယ်ကူစွာ အသိပေး ဆက်သွယ်ရန်ဆိုသည့် အချက်လည်း အရေးကြီးကြောင်း အစီရင်ခံစာက ဆို သည်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂ဝ၁၇ ခုနှစ် အစောပိုင်းတွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ အားပျော့လာသည်ဟု ကမ္ဘာ့ဘဏ်၏ ၂ဝ၁၆ ဒီဇင်ဘာလထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံသည် ယခင်နှစ်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများ၏ နောက်ဆက်တွဲအဖြစ် ကုန်စည် ထောက်ပံ့မှုကျဆင်းခြင်း မှ ပြန် လည် နာလန်ထရန် ဆက်လက် ကြိုးပမ်းနေရဆဲဖြစ်သည့်အတွက် အစိုးရ သစ်၏ ပထမခြောက်လသည် ခက်ခဲသော စီးပွားရေး ဝန်း ကျင်အနေအထားတွင် ဆုံးဖြတ်လုပ်ကိုင်ခဲ့ရခြင်း ဖြစ်သည် ဟု ဆိုနိုင်သည်။

ရေကြီးရေလျှံခြင်း၊ ကုန်စည် ဈေးနှုန်းများ ကျ ဆင်းခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှေးကွေးလျက် ရှိခြင်းတို့ကြောင့် စာရင်းရှင်နှင့် ဘဏ္ဍာရေး လိုငွေပြမှု တို့ ပိုမိုကြီးမားလာခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*