ဦးကိုနီကို လုပ်ကြံသူများအား ထိရောက်သော ပြစ်ဒဏ် ပေးနိုင်ရေး ရှေ့နေအသင်း ကြိုးပမ်းမည်

ဦးကိုနီကို လုပ်ကြံသူများအား ထိရောက်သော ပြစ်ဒဏ် ပေးနိုင်ရေး ရှေ့နေအသင်း ကြိုးပမ်းမည်
February 3, 2017 Asian Fame

1:31 pm
ဦးကိုနီကို လုပ်ကြံသူများအား ထိရောက်သော ပြစ်ဒဏ် ပေးနိုင်ရေး ရှေ့နေအသင်း ကြိုးပမ်းမည်

lawyer(ရန်ကုန်- ဖေဖော်ဝါရီ ၃)

ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်မှု အမှုမှန်ပေါ်ပါက ပြုလုပ်သူများကို ထိရောက်သော ပြစ်ဒဏ် ကျခံစေရန် ရှေ့ နေများက တစ်တပ်တစ်အားပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့ နေ အသင်း ဒုတိယဥက္ကဌ (၂) ဦးချစ်ကိုကို ကပြောသည်။

” နောက်ကွယ် ကနေ သေနတ်နဲ့ ပစ်တယ်ဆိုကတည်းက တင်ကူးကြံရွယ်ချက်ပါတယ် ။ ဒီတော့ ပြစ်ဒဏ်က သေဒဏ်ပဲ ၊ သေဒဏ်ကတော့ ကျကို ကျမယ် ။ ဒါမှလည်းနောက်လူတွေ ဟာ ဥပဒေအရ ဒီလိုရှိပါလား ဆိုပြီး မလုပ်ရဲမှာ ။ နောက်ကိုဟန့် တားတဲ့ပြစ်ဒဏ် ကပေးကိုပေးရမှာ ” ဟု၎င်းကပြောသည်။

ထို့ အပြင် အမှန်တရား အမြန်ဆုံး ပေါ်ပေါက်လာရန်လည်း ကျရာနေရာက ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးချစ်ကိုကိုကဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊မဟာဗန္ဒုလလမ်းရှိ ရန်ကုန်ရှေ့ နေ အသင်းရုံးခန်းတွင် ဦးကိုနီကို ကောင်းရာ ဘုံဘ၀ရောက်စေရန် ဆုတောင်း မေတ္တာပို့ သည့် အခမ်းအနား တစ်ခုကို ရှေ့ နေများက စုပေါင်း ပြုလုပ်ခဲ့ကြပြီး ယင်း အခမ်းအနားတွင် ရန်ကုန်ရှေ့ နေအသင်း ဥက္ကဌ ၊မြန်မာနိုင်ငံရှေ့ နေ အသင်း၏ ဒုဥက္ကဌ ဦးချစ်ကိုကို က ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ၏ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ ဝင် ဖြစ်သော တရား လွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက်နေ့ ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံမှ ပြန်အလာ လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခံလိုက်ရခြင်း ဖြစ်သည်။

ဖြိုးထက်အောင်
ဓာတ်ပုံ -အောင်နိုင်စိုး (ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*