အနိုင်ရကြပြီးရင်ရော

အနိုင်ရကြပြီးရင်ရော
February 3, 2017 Asian Fame

10:58 am
အနိုင်ရကြပြီးရင်ရော

pc copy

Popular Choice  ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှုဟူသည်ထက် တစ်ပတ်အတွင်းဖြစ်ခဲ့သော ထူးခြားမှုများအနက်  အများပြည် သူ စာဖတ်သူတို့အတွက် အရေးပါသော၊ အများပြည်သူအပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုး တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ၊ တီထွင်ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်းတစ်ခုခု ကိုဖြ စ်စေ ပေါ်ပြူလာအဖြစ်ဆုံးဟု ယူဆသည့်အကြောင်းကို ရွေးချယ်တင်ဆက်ခြင်းဖြစ်ပါသည်။

တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည်တို့မှ ကောက်နုတ်တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော် လည်း ထိုကွဲလွဲမှုသည်ပင်  မတူညီသော အမြင်များကို သုံးသပ်နိုင်သည်ဖြစ်၍ အသိဥာဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမိုကျယ်ပြန့် လာစေရန်လည်း ရည်ရွယ်ပါသည်။  အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ်၏ စာဖတ်ပရိသတ်တို့အတွက် ရင်းနှီးရ သော အချိန်နှင့်   ငွေကြေးအကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှုတို့ကို သိမ်းဆည်းမှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေး ကောက်ပွဲအတွက် မဲဆွယ်ကာလ ကတော့ အခုဇန်နဝါရီလ ၃ဝ ရက် နေ့မှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ပြီးကတည်းက ပြည်သူလူထုဘက် ကို မျက်နှာမမူခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေ အခုပြည်သူလူထု ဘက် ကို မျက်နှာပြန်မူမယ့်အချိန်ကာလ လို့လည်း သရော်လိုက သရော်နိုင် တဲ့ ကာလတစ်ခု ဖြစ်နေပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ် အများဆုံး သောင်ပြို ကမ်းပြိုနိုင်ခဲ့တဲ့ ”ပြောင်းလဲချိန် တန်ပြီ”လို့ကြွေးကျော်တဲ့ အမျိုး သားဒီမို ကရေစီအဖွဲ့ချုပ်ကို မဲပေး မလား။ ယခင် ၂ဝ၁ဝ အာဏာ ရပါတီ ”အပြောင်းအလဲကို ဆက် လက် ဖော်ဆောင်မည်” ဟု ဆို သော ပြည် ခိုင်ဖြိုးကိုပဲ မဲပေး မ လား။ တခြားနိုင်ငံရေးပါတီတွေ ကိုပဲမဲပေးမလား၊ မည်သူ့ကို မဲပေး မလဲလို့ မဲဆန္ဒရှင်ပြည်သူတွေ စဉ်း စားနေကြမှာ မလွဲပါဘူး။

အခုလည်း ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲ လာပြန်ပါပြီ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ နောက်ဆုံး သတင်းအချက်အလက် တွေအရ ၂ဝ၁၇ ကြားဖြတ်ရွေး   ကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒ နယ် ၁၉ နေရာရှိနေပါတယ်။

အမျိုးသားလွှတ်တော် ၃ နေ ရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ၊  တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ် တော် ၇ နေရာ  ဖြစ်ပါတယ်။ ဒီ ၁၉ နေရာကို ပြည်ခိုင်ဖြိုးပါတီက အများဆုံးအနေနဲ့ ၁၉ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ လက်ရှိ အာဏာရပါတီNLDက ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး  အ ခြားနိုင်ငံရေးပါတီ ၂၃ ခုကလည်း အမတ်နေရာ ၁ နေရာ၊ ၂ နေရာ၊ ၃ နေရာ စသဖြင့် အမျိုးမျိုး ဝင် ရောက် ယှဉ်ပြိုင်မှာဖြစ်ကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ပြည်လုံး ကျွတ် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီတွေရဲ့ အနိုင်အရှုံး ရလဒ်ဟာ သိသာထင်ရှားခဲ့ပါ တယ်။ ဒေါ်ေ အာင်ဆန်းစုကြည် ကိုယ်တိုင် ”ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်ခဲ့သလို နိုင်ငံတစ်ဝန်းလုံးမှာလည်း NLD ပါတီဟာ   သောင်ပြိုကမ်းပြိုနိုင်ခဲ့ ပါတယ်။

အဲဒီတုန်းကတော့ မဲဆန္ဒရှင် ပြည်သူတွေဆိုတာ ပြောင်းလဲချင် စိတ်ကလည်းများ၊ ပြီးတော့ကာ အနီနဲ့ အစိမ်းတို့ရဲ့ လှုံ့ဆော်မှုတွေ ကလည်း ရွေးကောက်ပွဲရက် နီးလေ လေ ပြိုင်ဆိုင်မှု ပြင်းထန်လာလေ လေ ဖြစ်လာခဲ့ကြလေတော့ကာ နဂိုကမှ ဘယ်လိုဆုံးဖြတ်ရ မှန်းမသိ ရတဲ့အထဲ လူကိုကြည့်ပြီး ရွေးဖို့ရာ ခက်သည်ထက် ခက်လာတာပေါ့။ ဥပမာပြောရရင် ကိုကျော်သူတို့လို လူမျိုး ဝင်အရွေးခံ တယ်ဆိုရင်တော့ ဘယ်ပါတီကပဲ ဝင်အရွေးခံ သည် ဖြစ်စေ ထောက်ခံမဲတွေ အပြည့်ရ မယ်လို့ထင်ပါတယ်။ ကိုကျော်သူနဲ့ ကင်းတဲ့သူဆို တာ မရှိသလောက် ရှားလေတော့ကာ ကိုကျော်သူဟေ့ ဆိုတာနဲ့ မဲဆန္ဒရှင်တွေအတွက် စဉ်းစားစရာမလိုလောက်အောင်   သေချာပါတယ်။

ဒါပေမယ့် ခုအချိန်မှာတော့ မြန်မာပြည်သူပြည်သားတွေဟာ ရွေးကောက်ပွဲဆိုင်ရာ အတွေ့အ ကြုံတွေ အတော်လေးရှိနေကြပါပြီ။
ဒီတော့ ရွေးကောက်ပွဲ အပြီး တွေမှာ ဘယ်နိုင်ငံရေးပါတီတွေနဲ့ ဘယ်အမတ်တွေက မဲဆန္ဒရှင်ပြည် သူတွေ မျက်နှာ ပြန်ကြည့်ခဲ့တယ်။ ဘယ်နိုင်ငံရေးပါတီတွေနဲ့ ဘယ် အမတ်တွေက မဲဆန္ဒရှင်ပြည်သူ တွေ မျက်နှာအိုးမည်းသုတ်ခဲ့တယ် ဆိုတာ ဝေဖန်ပိုင်းခြားနိုင်တဲ့Óဏ် စွမ်းတွေ ရရှိနေခဲ့ပြီဖြစ်ပါတယ်။

အခုဆိုရင် ၂ဝ၁၅ ရွေး ကောက်ပွဲအပြီး NLD  အစိုးရက အုပ်ချုပ်ခဲ့တာဆိုရင် တစ်နှစ် တင်းတင်းပြည့်တော့မှာ ဖြစ်ပါ တယ်။ ဒီကာလ အတွင်း  NLD  အစိုးရရဲ့ ဆောင်ရွက်မှုတွေထဲမှာ ပြည်သူတွေ ကြိုက်နှစ်သက် သ ဘောကျခဲ့တဲ့ ကိစ္စတွေရှိခဲ့ သလို၊ ပါတီအမတ်တချို့ ကြောင့် ပါတီ အပေါ် ထောက်ခံသူပြည်သူတွေ ရဲ့ စိတ်ငြိုငြင်မှုကိုလည်း ရရှိခဲ့ပါ တယ်။

အစိုးရက ခန့်အပ်ထားတဲ့ တိုင်းဒေသကြီး /ပြည်နယ် ဝန်ကြီး ချုပ်တွေအနေနဲ့ တွက်ကြည့်ရင် လည်း ထောက်ခံမှု /ဝေဖန်မှုတွေ သွက်သွက်ညံခဲ့ပါတယ်။

ရန်ကုန်တိုင်းက YBS အ ပြောင်းအလဲ ၊ မဘသ ကိစ္စ၊ ည ဈေးတန်း ကိစ္စ၊  မွန်ပြည်နယ် အ တွင်းက ကျိုက်ထီးရိုး ဘုရားကိစ္စ၊ ဝန်ကြီးချုပ်ကို ပါတီကစစ်ဆေး တဲ့ကိစ္စ စတဲ့အရေးတွေဟာ  NLD  ပါတီကို ပြည်သူတွေ ထောက်ခံ/ ဝေဖန်မှုတွေနဲ့ ပါတီကြား အဆက် မပြတ်သွားစေခဲ့တဲ့ ဖြစ်ရပ်တွေဖြစ် နေပါတယ်။

ဒါ့ အပြင် NLD  ပါတီတွင်း၊ အစိုးရအဖွဲ့တွင်း ဖြစ်ပျက်ခဲ့တဲ့ ထောက်ခံ/ကန့်ကွက်စရာ ကိစ္စ တွေ ရှိခဲ့ပါသေးတယ်။

    ဒီထဲမှာ ရွေးကောက်ပွဲကာလ အတွင်းမှာသာလျှင် ပြည်သူများ ကြား ရောက်လာပြီး အနိုင်ရပြီးက တည်းကပျောက် သွားသည်။ ပေး ထားသော ကတိကို မေ့ထားသည် ဟူသော အမတ်များကိစ္စလည်း ပါဝင်ပါတယ်။

ဒီလို အဖြစ်အပျက်အပြောင်း အလဲတွေ များစွာရှိခဲ့တဲ့ အာဏာရ သက်တမ်း ၁ နှစ်ကျော်အတွင်းမှာ ထပ်မံကျင်းပတဲ့ ကြားဖြတ်ေ ရွး ကောက်ပွဲ မှာ ပြည်သူတွေ ၂ဝ၁၅ တုန်းကလို လူကိုမကြည့်၊ ပါတီကို ပဲကြည့်ပြီး မဲပေးဦးမလားဆိုတာ ကတော့ သုံးသပ်ရခက်နေ တဲ့အ နေအထားမှာရှိနေပါတယ်။ ဒါပေ မယ့်လည်း NLD  ဟာလက်ရှိ အာ ဏာရပါတီဆိုတဲ့ အားသာချက် တစ်ခုကတော့ ရှိနေဆဲ ပဲဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ကြေညာထားတဲ့  လစ်လပ်မဲဆန္ဒနယ် နေရာတွေထဲ က စုစုပေါင်း ၁၁ နေရာဟာ တိုင်း ရင်းသားများရဲ့ ပြည်နယ်ဒေသတွေ ဖြစ်နေပါတယ်။ ၂ဝ၁၅ ရွေး ကောက်ပွဲတုန်းက  NLD သောင်ပြို ကမ်းပြိုမနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေ လည်း ပါဝင်နေပါတယ်။

အခြားနိုင်ငံရေးပါတီတွေထဲကဆိုရင်တော့ ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေး ကောက်ပွဲအပြီး တစ်နှစ်လုံးမှာ ပြည်ခိုင်ဖြိုးပါတီဟာ ကစားကွက်   ပျောက်နေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါ တယ်။

ပါတီက ပြုလုပ်တဲ့ ဟောပြော ပွဲတွေ၊ ပုဂံဘုရားတွေ ငလျင်ဒဏ် သင့်စဉ်က လုပ်အားပေးခဲ့မှု မြင် ကွင်းတချို့၊ ပါတီဥက္ကဋ္ဌသစ်ဦးသန်းေ ဌး ရဲ့ တရားဝင်ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ်က ထုတ် ပြန်ချက်နဲ့ ရေးသားချက်အချို့က လွဲရင် ကျန်တဲ့ ပြည်သူလူထုနဲ့ ထိ တွေ့ ဆက်ဆံ မှုအပိုင်းမှာ အား နည်းခဲ့ပါတယ်။ အလားတူ အခု ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ဖို့အချိန် နီးကပ်နေတဲ့ကာလမှာ လည်း ပြည်ခိုင်ဖြိုးပါ တီဟာ လူ မြင်ကွင်းကို ထွက်လာတာ မတွေ့ ရှိရသေးပါဘူး။ အလားတူ ယခင် အစိုးရအဆက်ဆက် လက်ထက် ပြစ်တင်ဝေဖန်မှုတွေ ဆက်တိုက် ခံခဲ့ရတဲ့ ပြည်ခိုင်ဖြိုးပါတီအတွက် ကတော့ ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဟာလည်း  ကံကောင်း နိုင်ပါ့မလား လို့ မေးခွန်းထုတ်လို့ရ နေပါတယ်။

ထူးထူးခြားခြားအနေနဲ့ ထုတ် နုတ်ရရင်ပထမအကြိမ် လွှတ်တော် တုန်းက လူသိများခဲ့တဲ့ ရခိုင်အမျိုး သားပါတီဥက္ကဋ္ဌ ဒေါက်တာ   အေး မောင်၊NDF ပါတီက ဦးခိုင်မောင် ရည် စတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

 အခြားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေ အနေနဲ့  ကြည့်လို့ရှိရင်လည်း အခုကြားဖြတ် ရွေးကောက်ပွဲမှာ အများဆုံး အမတ်   နေရာ လေးနေရာကနေ တစ်နေ ရာထိပဲ ဝင်ပြိုင်ကြပါတယ်။

ဒါပေမယ့်လည်း အမတ်နေ ရာ ၁၁ နေရာထိ ရှိနေတဲ့ တိုင်းရင်း သားနယ်မြေတွေမှာNLD ပါတီ အနိုင်ရဖို့အရေးဟာ ပြီးခဲ့တဲ့ သက် တမ်း ၁ နှစ်ကျော်အတွင်း တိုင်း ရင်းသားလူမျိုးတွေ အပေါ်မှာ NLD  အနေနဲ့ ဘယ်လို ဆောင်ရွက် ပေးခဲ့တယ်ဆိုတဲ့ အပေါ်မှာ ရာ ခိုင်နှုန်းတော်တော်များများ အဆုံး အဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ရွေး ကောက်ပွဲကတော့ အပြောင်းအလဲ တစ်ခုကို အရေးတကြီးလိုအပ် နေတဲ့ ပြည်သူတွေဟာ ပါတီကို ကြည့်ပြီး မဲပေးခဲ့ကြပါတယ်။

လာမယ့် ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ လစ်လပ်နေရာ ၁၉ နေရာကို  အမတ်လောင်း ၉၅ ဦး က ယှဉ်ပြိုင်ကြမယ့်  ကြားဖြတ်   ရွေးကောက်ပွဲကို ထပ်ပြီး ကျင်းပ တော့မှာဖြစ်ပါတယ်။

မကျင်းပမီ ရွေးကောက်ပွဲမဲ ဆွယ်ကာလ ဇန်နဝါရီလ ၃ဝ ရက် နေ့ကနေ မတ်လ ၃ဝ ရက်နေ့ထိ ရက်ပေါင်း ခြောက်ဆယ် ကာလ အတွင်း ဘယ်နိုင်ငံရေးပါတီတွေက အမတ်တွေ  မဲဆန္ဒနယ်ကို ဘယ် လို ပြန်ပေါ်လာမလဲ၊ ဘယ်လို ကတိတွေပေးပြီး ဘယ်လိုတည် မယ်၊ မတည်ဘူး။  ပြည်သူတွေ ဘယ်စံနှုန်းတွေနဲ့ မဲပေးကြမလဲဆို တာကတော့ စောင့်ကြည့်ရမှာ ဖြစ် ပါတယ်။

အခုအခါမှာတာ့  လစ်လပ် မဲဆန္ဒနယ်တွေ အသီးသီးမှာ ဆူဆူ ညံညံနဲ့ လူထုကိုပြုံးပြမယ့်၊ ကတိ တွေပေးကြမယ့် အမတ်လောင်း   တွေ ပေါ်ထွက်လို့လာနေပါပြီ။ အ နိုင်ရသွားကြတဲ့ အခါမှာရော။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*