ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်သန်းမွန်နှင့် တွေ့ဆုံခြင်း

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်သန်းမွန်နှင့် တွေ့ဆုံခြင်း
February 3, 2017 Asian Fame

4:22 pm
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်သန်းမွန်နှင့် တွေ့ဆုံခြင်း

Health Interview copy

ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် လသာမြို့နယ်ကို ခွေးရူးကင်းစင်သည့် မြို့နယ် အဖြစ် ဆောင် ရွက်ရန် ခွေးလေခွေးလွင့်များကို မျိုးပွားမှုထိန်းချုပ်ခြင်းနှင့် ခွေးရူးကာကွယ်ဆေးထိုးပေးသည့်လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ သည်။ သို့ဖြစ်ရာ ခွေးရူးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်နှင့် သိမှတ်ဖွယ်ရာများကို ရန်ကုန်အထွေထွေဆေးရုံကြီး အရေးပေါ် ဌာနမှ ဒုတိယ ဆေးရုံအုပ် ဒေါက်တာ ခင်သန်းမွန်နှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

►ခွေးရူးရောဂါအကြောင်းနဲ့ ဘယ် လိုကြောင့် ဖြစ်ရသလဲဆိုတာကို အရင်ဆုံး ပြောပြပေးပါဦး ခင်ဗျာ။

ခွေးရူးရောဂါက များသော အားဖြင့်တော့ တိရစ္ဆာန်အချင်းချင်း ကိုက်တာဖြစ်ဖြစ်၊ တိရစ္ဆာန်က လူ ကို ကိုက်တာဖြစ်ဖြစ် ဖြစ်တာပေါ့။ များသောအားဖြင့် ခွေး၊ လင်းနို့၊ ဝံ ပုလွေတို့လို သားရိုင်းတိရစ္ဆာန်တို့ မှာ အရိုင်းတိရစ္ဆာန်တွေမှာ ပိုဖြစ် ပါတယ်။ ဒါပေမယ့် ဒီပတ်ဝန်းကျင် မှာတော့ ခွေးကပဲ ဖြစ်တာများ တယ်။ ခွေးခွေးချင်း အကိုက်ခံထား လို့ ခွေးရူးကနေ လူကိုကိုက်တယ်ဆို ရင် ဒီရောဂါသည် အဓိကက ဗိုင်း ရပ်စ်ပေါ့။ ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့အ တွက် ဗိုင်းရပ်စ်ကို သယ်ဆောင် ထားတဲ့ သတ္တဝါတစ်ခုကနေ အ ခြားသော သတ္တဝါတစ်ခုကို ကိုက် တာကြောင့် ဖြစ်နိုင်ပါတယ်။

ခွေးကောင်းမဟုတ်ဘဲနဲ့ ရော ဂါရှိနေတဲ့ ခွေးရဲ့သွားရည်နဲ့ပဲ ဖြစ် ဖြစ်၊ ကြောင်ပဲဖြစ်ဖြစ် ကိုယ့်အရေ ပြားက ဘာမှ မဖြစ်ရင်တော့ ဘာ မှမဖြစ်ဘူး။ စုတ်ပြဲနေတယ်တို့၊ တစ်ခုခုပေါ့ ကွဲရှထားတယ်ဆိုရင် တော့ဖြစ်နိုင်ပါတယ်။ ခွေးရူးရော ဂါဆိုလို့ ဖြစ်တာက ခွေးကအများ ဆုံးဖြစ်စေတာကြောင့်သာ ခေါ် တာဖြစ်ပေမယ့် တခြားကြောင်တို့၊ မျောက်တို့၊ လင်းနို့တို့လည်း ဖြစ် နိုင်ပါတယ်။ ဥပမာ ရူးနေတဲ့ ခွေး က ကြောင်ကို ကိုက်လိုက်မယ်၊ အဲဒီ ကြောင်က လူနဲ့ပိုနီးစပ်တယ် လေ။ အဲဒီကြောင်က ကိုယ့်အိမ်ပြန် ရောက်လာတယ်။

ရောဂါလက္ခဏာ ချက်ချင်း မပြသေးချိန် အိမ်က က လေးကို ကိုက်လိုက်မယ်ဆိုရင် ကူး နိုင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန် ချစ်တဲ့သူတွေ အနေနဲ့လည်း ကာ ကွယ်ဆေးထိုးထားသင့်တယ်လို့ ပြောတာပါ။

►ဒီရောဂါရဲ့ လက္ခဏာတွေက ဘာ တွေလဲ၊ ဘယ်လိုတွေ ခံစားရမလဲ။

ဒီရောဂါ ဖြစ်ပြီဆိုရင် လက္ခ ဏာတွေက ပထမဆုံးတော့ ကိုက် ခံရတဲ့နေရာမှာ နာမယ်ပေါ့။ ဒါက အကိုက်ခံရတဲ့အတွက်။ နောက် ယားယံလာမယ်။ ထုံတာ၊ ကျင် တာ၊ အဖျားတက်လာမယ်။ ခေါင်း ကိုက်တာ၊ ပျို့တာ၊ အန်တာ၊ မအီ မသာဖြစ်တာ၊ ကြွက်သားတွေ နာ လာမယ်။ ပြီးတော့ လည်ချောင်း နာတာ၊ စိတ်ကျဝေဒနာဖြစ်တာ တွေက ကနဦးလက္ခဏာပေါ့။ ဒီ ထက်ရောဂါပြင်းလာရင်တော့ စိတ်ပိုင်း ဆိုင်ရာအားဖြင့် အင်မ တန်မှ စိတ်လှုပ်ရှားလွယ်လာမယ်။ ဒေါသထွက်လွယ်မယ်၊ စိုးရိမ်ပူပန် မှုများလာမယ်။ သွားရေကျလာမယ်။ အမြင်အာရုံအကြားအာရုံ မှားတာ တွေ ဖြစ်လာမယ်။ အဓိကက ဒီ ရောဂါသည် ဗဟိုနာ့ဗ်ကြောအာရုံ စနစ်ကို တဖြည်းဖြည်းသွားတာကိုး။

 ဒီတော့ ဒီဗိုင်းရပ်စ်က နောက် ဆုံးဦးနှောက်ကိုရောက်တာ။ အ ကိုက်ခံလိုက်ရတဲ့ နေရာကနေ နာ့ဗ်ကြောတွေ တစ်လျှောက် ဦး နှောက် ကို ရောက်တာဆိုတော့ အာရုံကြောဆိုင်ရာ လက္ခဏာတွေ ရမယ်။ တဖြည်းဖြည်း ကိုယ်လက် တွေ အကြောဆွဲတာတို့၊ ကိုယ် လက်သေ တာတို့၊ လည်ချောင်း နာတဲ့အတွက် အစာမျိုမရတော့ ဘူး။ ကြွက်သားတွေ ကောင်း ကောင်းအလုပ်မလုပ်တော့တဲ့အ တွက် အစာမျိုမ ရတော့ဘူး။ တံ တွေးတွေက ပုံမှန်ထက် အများ ကြီး ပိုပြီးကျမယ်။ ရေကြောက် တာတို့ ဖြစ်မယ်။ နောက်ဆုံးတော့ သေတဲ့ အဆင့်ကို   ရောက်တာပေါ့။

►ရန်ကုန်ဆေးရုံကြီးမှာ ဒီရောဂါ ကြောင့် သေဆုံးသွားသူ အရေအ တွက် သိပါရစေခင်ဗျ။

၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီက နေ နိုဝင်ဘာလအထိ ဆယ်လအ တွင်း ရန်ကုန်ဆေးရုံကြီး အရေး ပေါ်ဌာနရဲ့ အချက်အလက်အရ ခွေးရူး ကာကွယ်ဆေး ထိုးပေးခဲ့တဲ့ အကြိမ်အရေအတွက်ဟာ (၅၉၉ဝ) ကြိမ်ဖြစ်ပါတယ်။ ဒါက ခွေးရူး ကာကွယ်ဆေးထိုးပေးခဲ့တဲ့ လူနာ အရေ အတွက် မဟုတ်ပါဘူး။ ဘာ လို့လဲဆိုတော့ လူနာတစ်ယောက် ဟာ ကာကွယ်ဆေး သုံးခါထိုးရ တယ်ဆိုရင် သုံးခါစလုံး ဒီမှာ လာ ထိုးချင်မှ ထိုးမယ်။ ပထမတစ်ခါ၊ နှစ်ခါ လာထိုးပြီး နောက်ဆုံး အ ကြိမ်ကို သူတို့ သက်ဆိုင်ရာ မြို့ နယ်တွေမှာ ထိုးချင်လည်း ထိုးဖြစ် မယ်။ ဒီမှာ လည်း ဒီလိုပဲ။ နယ်မှာ ထိုးခဲ့တဲ့လူက ဒီမှာ လာထိုးတာ လည်း ဖြစ်နိုင်တယ်။ ဒီထဲမှာမှ ယောက်ျားလေးတွေကို ထိုးပေးရ တာက (၃၂၆၉) ကြိမ်ဖြစ်ပြီး မိန်း ကလေးက (၂၇၂၁) ကြိမ် ဖြစ်ပါ တယ်။ အရင်နှစ်တွေက အချက်အ လက်နဲ့ ပြောရရင် ခွေးရူးကိုက်တဲ့ စာရင်းမဟုတ်ပေ မယ့် ကာကွယ် ဆေးထိုးလာတာက ဒီနှစ်မှာ များ လာတာတော့ အမှန်ပဲ။ ခွေးရူး ကိုက်တာ များလာတယ်လို့တော့ ပြောချင် မှ ပြောနိုင် မယ်။ ကာကွယ် ဆေးထိုးပေးရတာတော့ များလာ တာတော့ အမှန်ပဲ။

ရန်ကုန်ဆေးရုံကြီးမှာ ခွေးရူး ရောဂါသည်တွေအတွက် နေရာ သတ်သတ်ထားတယ်။ ခွေးရူးရော ဂါသည်တို့၊ မေးခိုင်တို့ဆိုရင်အခန်း သတ်သတ်နဲ့ ထားရတယ်။ အခြား လူနာတွေနဲ့ ရောထားလို့မရဘူး။ အခန်းထဲမှာထားပြီး ရောဂါ လက္ခ ဏာ သက်သာအောင်လောက်ပဲ ကုပေးလို့ရတယ်။  တကယ်သာ လက္ခဏာပြင်းထန်ပြီးမှ ရောက် လာရင်တော့ အခန်းထဲ ရောက်ပြီး ရက်ပိုင်းပဲ Support လုပ်ပေးထား လို့ ရတယ်။ သေသွားကြတာပဲ။ တကယ်တော့ဆေးရုံကြီးကို ရောက် လာတယ်ဆိုတာက နည်းနည်းလေး ရယ်၊အိမ်တွေမှာ ဆုံးပါးသွားတာက အများကြီးပဲ။ ဆရာမတို့ အနေနဲ့ စာရင်းက မသိနိုင်လို့သာပေါ့။ ဒီ မှာ ကာကွယ်ဆေးထိုးပေးတာက အများကြီးလေ။ ဆေးရုံက အခန်း ထဲကို ရောက်လာတဲ့ လူနာက ၂ဝ၁၆ အချက်အလက်အရ ဇန်န ဝါရီကနေ ဒီဇင်ဘာအထိ ၄၁ ယောက်ပဲရှိတယ်။ အဲဒီ ၄၁ ဦး စလုံးက ဆုံးသွားတယ်။ ရောဂါ လက္ခဏာ ပြင်းထန်ပြီးမှ ရောက် လာတဲ့ လူနာတွေကတော့ များ သောအားဖြင့် ဆုံးသွားကြတာပါပဲ။

►ခွေးရူးရောဂါနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဌာနတွေအနေနဲ့ ဘယ် လိုမျိုးတွေ ဆောင်ရွက်နေပါသလဲ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ ခွေးရူးကာကွယ်ဆေး တစ်နိုင်ငံလုံးစာအတွက် ဝယ်ပြီး ဖြန့်ပေးနေပါတယ်။ ဗဟိုကနေပြီး တော့ သက်ဆိုင်ရာ ဆေးရုံတိုင်းကို ဆေးရုံတွေရဲ့ လိုအပ်ချက်၊ တောင်း ဆိုချက်အရ ပေးနေပါတယ်။ အခု ဆရာမတို့ ဆေးရုံမှာလည်း လာ သမျှ လူအကုန်လုံးကိုပဲ အလ ကား ထိုးပေးနိုင်တယ်။

►ဘယ်လို လူမျိုးတွေက ခွေးရူးကာ ကွယ်ဆေး ထိုးသင့်ပါသလဲ။

များသောအားဖြင့်တော့ တိရ စ္ဆာန်နဲ့ ထိတွေ့နေတဲ့ လူတွေအ နေနဲ့ အကိုက်ခံရဖို့ ဖြစ်နိုင်ခြေ များတဲ့အတွက် ထိုးထားသင့်တာ ပေါ့။ ထိုးထားနိုင်ရင်တော့ အ ကောင်းဆုံးပေါ့။ ကာကွယ်ဆေးက လည်း သူ့ရဲ့ အကျိုးအာနိသင်က နှစ်နှစ်လောက်ပဲ။ အဲဒီတော့ နှစ် နှစ်တစ်ခါ ထိုးနိုင်မလားပေါ့။ အဲဒီ လောက် ကျပြန်တော့လည်း ဆရာ မတို့က မပေးနိုင်ဘူး။ လောလော ဆယ်ကတော့ ခွေးကိုက်ခံရပါတယ် ဆိုတဲ့ လာသမျှလူတိုင်းကို ခွေးရူး ကာကွယ်ဆေးထိုးပေးနေပါတယ်။

►ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး ဖြည့် စွက်ပြောချင်တာ ရှိရင် ပြောပေးပါ ခင်ဗျာ။

အဓိက ပြောချင်တာကတော့ ဖြစ်နိုင်ရင် ခွေးကိုက်ခံရတယ် ဆို တာနဲ့ နီးစပ်ရာဆေးရုံဆေးခန်းမှာ အမြန်ဆုံး ကာကွယ်ဆေးထိုးနိုင် ရင် တော့ တော်တော်လေး ထိရောက် တယ်ဆိုတာကို ပြောချင်ပါတယ်။ စောလေကောင်းလေပါပဲ။ အဲဒီ အသိလေးပေးချင်ပါတယ်။ အကိုက် ခံရပြီးတော့မှ လူတွေကို နောက် ကလိုက်ပြီး ကာကွယ်ရတာထက် စာရင် အကိုက်မခံရအောင် နေ တာက အကောင်းဆုံးပါပဲ။ ပြီး တော့ ခွေးတွေကို ခွေးမရူးအောင် ကာကွယ်တာက ပိုကောင်းပါ တယ်။ အဲဒီ အဆင့်မှာသာ ဖြတ် ထားနိုင်ရင် ဒီဘက်က အဆင့်တွေ မှာ သက်သာသွားမယ်။ ခွေးတွေ ကို ကာကွယ်ထားရင်တော့ အ ကောင်းဆုံးပါပဲ။ ခွေးမွေးသော ခွေးချစ်သူများအနေနဲ့ ကိုယ့်ခွေး တွေကို ကာကွယ်ဆေးထိုးထား နိုင်ရင် အကောင်းဆုံးပဲ။ ပိုင်ရှင် မရှိတဲ့ ခွေးလေ၊ ခွေးလွင့်တွေကို လည်း ကာကွယ်ဆေး ထိုးပေးထား တာက ပိုပြီးထိရောက်တဲ့နည်းလမ်း ပါပဲ။ ကိုက်ပြီးခါမှ ဆေးထိုးတာ သည် အကိုက်ခံရတဲ့သူ အကုန်လုံး လည်း ရောက်မလာကြသလို ဆရာမတို့ အနေနဲ့လည်း အိမ်တိုင် ရာရောက် ထိုးမပေးနိုင်ဘူးဆိုတော့ အကိုက်မခံရအောင် ကာကွယ်တာ က အကောင်းဆုံးပါ။ အကိုက်ခံ ရတာက လူကြီးတွေထက်စာရင် ပိုပြီးဖြစ်နိုင်ခြေများတာက ကလေး တွေဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် ကလေးတွေကို တိရစ္ဆာန်တွေနဲ့သိပ် ပြီး လက်ပွန်းတတီး မနေစေနဲ့။ အစာကျွေးရင်တောင် အနည်းဆုံး လက်တစ်ကမ်းအကွာကနေ ကျွေး စေချင်တယ်။ ဘာလို့လဲဆိုတော့ ရူးတာမရူးတာကအစပိုင်းမှာ မသိ နိုင်သေးဘူး။ ကိုက်မိသွားတယ် သွားရည်နဲ့ ထိမိသွားတယ်ဆိုရင် ကိုယ်အန္တရာယ်ဖြစ်ပြီ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*