ထိုင်းနှင့် မြန်မာအကြား အကျိုးတူစီပွားရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၆ စောင် လက်မှတ်ရေးထိုး

ထိုင်းနှင့် မြန်မာအကြား အကျိုးတူစီပွားရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၆ စောင် လက်မှတ်ရေးထိုး
February 3, 2017 Asian Fame

10:19 am
ထိုင်းနှင့် မြန်မာအကြား အကျိုးတူစီပွားရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၆ စောင် လက်မှတ်ရေးထိုး

16387416_721775241320538_426890760077419049_n copy

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံအကြား အကျိုးတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွဲဆောင်ရွက်ကြရန် ထိုင်း-မြန်မာ နှစ်ဖက်ပုဂ္ဂလိ ကကဏ္ဍများ တွေ့ဆုံ၍ ဖေဖော်ဝါရီလ ၂ ရက် နေပြည်တော်ရှိ သိင်္ဂဟဟိုတယ်တွင် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ ကြကြောင်းသိရသည်။

16388089_721775234653872_7295916757861395721_n copy

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ၏ SME နှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုလက်မှုလုပ်ငန်းများ၏ အခြေခံအုတ်မြစ် ဖွံ့ဖြိုး တိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီ ဒစ်ဂျစ်တယ် စီးပွားရေး တည်ထောင်မှု စသည့် ကဏ္ဍလေးရပ်အား လက် တွဲပူးပေါင်း အကောင်အထည်ဖော်နိုင်ရန် လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။ ထိုင်းနိုင်ငံမှ Federation of Thai Industries ဦးဆောင် သည့် ပုဂ္ဂလိကလုပ်ငန်းများက ကုန်သည်စက်မှုအသင်းချုပ်ဦးဆောင်သည့် မြန်မာ့ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ နှင့် နားလည်မှု စာချွန်လွှာ စုစုပေါင်း ၁၆ စောင် ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak တို့ တက်ရောက် ခဲ့ကြသည်။

16386866_721775231320539_2571291449960577276_n copy

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မြန်မာ့ SME ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းလုပ်ဆောင်ရန် ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာန – စက်မှုမြှင့် တင်ရေးဌာန၊ ထိုင်းနိုင်ငံအခြေစိုက် Kasikorn Bank တို့နှင့် စာချွန်လွှာရေးထိုးခဲ့ပြီး လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် (UTCC)၊ စီးပွားရေးသုတေသနနှင့် သတင်းအချက်အလက်များ ပူးပေါင်းစုဆောင်း မျှဝေရန်နှ င့် စက်မှုကဏ္ဍသုံး နည်းပညာနှင့် Software များ ဖလှယ်နိုင်ရေးအတွက် Federation of Thai Industries (FTI) တို့နှင့် နားလည်မှု စာချွန်လွှာများ ရေးထိုးခဲ့သည်။

“SME တွေအတွက် တစ်ကိုယ်တည်းလျှောက်ဖို့ဆိုတာ လမ်းကြောင်းက အရမ်းကိုခက်ခဲကြမ်းတမ်းပါတယ်။ ဒါကြောင့် ဒီနေ့အခမ်းအနား ရဲ့ ဆောင်ပုဒ် Growing Together ဆိုတဲ့အတိုင်း ထိုင်းနိုင်ငံမှာ တွေ့ကြုံခဲ့တဲ့ SME ဆိုင်ရာ သင်ခန်းစာတွေ၊ အကောင်းဆုံးကျင့်ထုံးတွေ ကို ကျွန်တော်တို့မျှဝေမှာပါ။ ဒါတွေကိုအခြေခံပြီး မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု ခုန်ပြန်ကျော်လွှားနိုင်မှာ (Leapfrog) ဖြစ်ပါတယ်” ဟု Kasikorn Bank မှ First Senior Vice President Mr. Pattanapong Tansomboon က ပြောသည်။

ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် စက်မှုလက်မှုကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ နယ်စပ်ကုန်သွယ်မှုမြှင့် တင်ရေး၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း စက်မှုဇုန်များနှင့် ဆိပ်ကမ်းများ အဆင်မြှင့်တင်ရေး၊ ဘဏ်လုပ်ငန်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ်Barcode စနစ် GS1 နှင့် E-Wallet Platform စနစ်များ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး၊ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ၊ သကြားထုတ်လုပ်ရေး စသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် FTI, Kasikorn Bank, Industrial Estate Authority of Thailand, T2P, FT Energy Co; Ltd., SCB, Kluaynamthai Hospital, Mitrphol Sugar Corp တို့နှင့် မြန်မာ့ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ KBZ Bank, APEX Group, Delco Company, Ayeyarwaddy Development Public Co, Ltd နှင့် City Mart တို့က အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က မြန်မာပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံကိုတင်ပို့ရောင်းချနိုင်အောင်၊ ကမ္ဘာ့ဈေးကွက်ထဲကို တင်ပို့ရောင်းချနိုင်အောင်ကူညီသွားဖို့ပါ။ အရင်တုန်းက မြန်မာက လယ်စိုက်ခင်း ထိုင်းက မီးဖိုချောင်လို့ပြောခဲ့ကြတာရှိပါတယ်၊ အခုချိန် မှာ မြန်မာကိုယ်တိုင်ပဲ လယ်စိုက်ခင်း မြန်မာကိုယ်တိုင်ပဲ မီိးဖိုချောင်ဖြစ်အောင်၊ Supply Chain ထဲမှာ ထိုင်းနဲ့မြန်မာ ရင်ပေါင်တန်းပြီး လုပ်ကိုင်နိုင်အောင် ကူညီသွားမှာပါ” ဟု Federation of Thai Industries ၏ Deputy Secretary General ဖြစ်သူ Thai-Myanmar Business Council ၏ ဥက္ကဋ္ဌ Mr. Panitarn Pavarolavidya က ပြောသည်။

နားလည်မှုစာချွန်လွှာရေးထိုးပွဲနှင့် ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက “ ဒီနေ့အခမ်း အနားရဲ့ ရလာဒ်အဖြစ် နှစ်နိုင်ငံ စီးပွားဆက်ဆံရေးဟာ ပိုရင်းနှီး ခိုင်မာလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နှစ်ဖက်အကျိုးတူ ဖွံဖြိုးရေးကို အခြေခံထားတာကြောင့် ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်သစ်တွေ စိုက်ထူလာနိုင်မှာဖြစ်ပါတယ်။” ဟု မှတ်ချက်ပြုသည်။

နားလည်မှုစာချွန်လွှာအများစုမှာ အချိန် သုံးနှစ်နှင့် နှစ်နှစ်ကြာ ကာလများအတွင်း ထိရောက်စွာ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်သည်။

“ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုက စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးတာတင် မဟုတ်ပါဘူး၊ တစ်ကယ်ဆို နှစ်ရှည်လများ အတူကြိုး စားပြီးမှ ဒီနေ့လက်မှတ်ရေးထိုး နိုင်တဲ့အခြေအနေဖြစ်လာတာပါ။ နောင်လဲ တစ်ဖက်နဲ့ တစ်ဖက် ပိုပြီး အချိန်ပေး ပူးပေါင်းလုပ်ဆောင် သွားရင် မျှော်လင့်ထားတာထက် ပိုအောင်မြင်မှာပါ” ဟု Thai-Myanmar Business Council ၏ ဥက္ကဋ္ဌက ပြောသည်။

ဓါတ်ပုံ – UMFCCI

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*