ထီးရိပ်ကို မဖျက်ပါနဲ့

ထီးရိပ်ကို မဖျက်ပါနဲ့
February 3, 2017 Asian Fame

4:15 pm
ထီးရိပ်ကို မဖျက်ပါနဲ့

Khin-Mg-Aye(Chauk)”ထီးရိပ်ကို မဖျက်ပါနဲ့” ဆို တာ ”အရိပ်နေနေ အခက်ချိုးချိုး မလုပ်ပါနဲ့”လို့ ပြောချင်တာပါ။ ကျွန်တော်တို့ မြန်မာ့ လူမှု အသိုက် အဝန်းမှာ ရှိနေတဲ့ ဆိုရိုးစကားတွေ၊ အဆိုအမိန့်တွေဟာ လူမှုဘဝတစ် လျှောက်မှာ ကြုံတွေ့တတ်တဲ့ ပရမ်းပတာ ဖြစ်ရပ်တွေ၊ ဗရုတ် သုတ်ခ ဖြစ်စဉ်တွေကို ထိန်း ကျောင်းဖို့ ရည်ရွယ်ထားတဲ့ အဆို အမိန့်၊ အဆုံးအမတွေသာ ဖြစ် တယ်လို့ ကျွန်တော်တို့အားလုံးက နားလည်ထားကြပါတယ်။

ကျွန်တော်တို့ ပြည်သူတွေ ဟာ အသက်ရှင်သန်ရေး အတွက် ပင်ပန်းကြီးစွာ ရုန်းကန် လှုပ်ရှားခဲ့ ကြရပြီး လျှောက်လှမ်းရတဲ့ ခရီးက လည်း ကြမ်းတမ်းလွန်းလှပါတယ်။ ဒါကြောင့် ဘဝခရီးကြမ်းမှာ လျှောက်လှမ်းရင်း အရိပ်တွေ့ရင် နားခိုချင်ကြတာက ဓမ္မတာပါ။ ‘ထီးရိပ်ကို မဖျက်ပါနဲ့” လို့ပြောရ တာကတော့ ပြည်သူအများရဲ့ နားခိုရာ ထီးရိပ်တွေကို ဖျက်လို ဖျက်ဆီး ပြုလုပ်ကြမယ့် အခြေအ နေတွေကို မြင်တွေ့ခံစား လာရတဲ့ အတွက် ကာကွယ် တားဆီးလိုတဲ့ ရည်ရွက်ချက် နဲ့ ဖြစ်ပါတယ်။

ဒီနေရာမှာ နားခိုရာ ထီးရိပ် တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ခံ စားနားလည်မိတာ ရှိပါတယ်။ ကျေးလက် ဒေသတွေက တောင် ယာလယ်လုပ် ဓားမခုတ် လုပ်ကြရ တဲ့ အလုပ်ကြမ်း သမားတွေက တော့ လုပ်ငန်းခွင် လယ်ကွင်းယာ ခင်းတွေထဲမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်း ခွင်မှ အပြန်လမ်းမှာပဲ ဖြစ်ဖြစ်၊ သစ်ပင်ရိပ်ကလေး တစ်ခုတလေ ကို တွေ့လိုက်ရရင် ဝမ်းသာအားရ အပြေးအလွှား သွားရောက် နားခို အပန်းဖြေကြ တော့တာပါပဲ။ မြို့ တော်တစ်ဝန်းမှ အလုပ်ကြမ်းသမား ကျပန်းတွေကတော့ ”ဟိုရပ်ကွက် မှာ စတုဒိသာ ရှိသတဲ့ဟေ့။ ဒီရပ် ကွက်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ အလှူရှိသတဲ့ဟေ့” ဆိုတဲ့ မင်္ဂလာ သတင်းတွေကို အ ချင်းချင်းဖြန့်ချိပြီး နံနက်မိုးသောက် အလင်းမရောက်မီ ကတည်းက မိ သားစုအကုန် တန်းစီ စောင့်ဆိုင်း တတ်ကြပါတယ်။ ဒါကိုတော့ ခေတ် သစ်မြို့နေ ကျပန်းသမားတွေရဲ့ နားခိုမှု ထီးရိပ် တစ်ခု ဖြစ်တယ်လို့ သဘောပေါက်မိ ပါတယ်။

ဒီတော့ နားခိုရာထီးရိပ် နှစ်ခု ကိုကြည့်ရင် သဘာဝကပေးတဲ့ နားခိုရာ ထီးရိပ်မှာရော၊ ပြည်သူ အချင်းချင်း ပေးတဲ့ နားခိုရာ ထီး ရိပ်တွေမှာပါ ဆင်းရဲသား ပြည်သူ တွေဟာ အလုအယက် ဝင်ရောက် နားခိုကြတာကို တွေ့မြင်ကြရမှာ ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်း စရာကောင်းတာ က သဘာဝက ပေးတဲ့ နားခိုရာ ထီးရပ်တွေဟာ လူတွေကြောင့် တစ်စထက် တစ်စ ပျက်စီး ကုန်ခဲ့ကြပါတယ်။ လောဘ ဇောကြီးလှတဲ့ စီးပွားရေး သမားတွေ ရဲ့ စည်းမဲ့ကမ်းမဲ့ ရွှေတူးဖော်မှု တွေ၊ စည်းမဲ့ကမ်းမဲ့ ဓာတုပစ္စည်း သုံးစွဲမှုတွေ၊ စက်ရုံ အလုပ်ရုံတွေရဲ့ ညစ်ညမ်းရေ စွန့်ပစ်မှုတွေက ကျွန် တော်တို့ရဲ့ သဘာဝ ပတ်ဝန်းကျင် တွေ ထိခိုက် ပျက်စီးစေခဲ့တာ ကို တွေ့မြင်ရမှာပါ။ အဆိုးရွားဆုံး က တော့ စည်းမဲ့ ကမ်းမဲ့ သစ်ခုတ်မှု တွေ၊ သစ်ခိုး ထုတ်မှုတွေကြောင့် သစ်တောတွေ ပြုန်းတီးပြီး တောင် ကတုံးတွေ ဖြစ်သွားကြတဲ့ အတွက် ရေကြီး ရေလျှံတဲ့ သဘာဝ ဘေးဒဏ် ကို ကျွန်တော်တို့ ပြည်သူတွေ ကြုံ တွေ့ ခံစားခဲ့ကြ ရတာပဲဖြစ်ပါတယ်။ ဒီလို ပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ရေဘေး အန္တရာယ်တွေဟာ သူတို့ သစ်ခုတ်လို့ တောပြုန်း တာကြောင့် မဟုတ်ဘဲ သဘာဝ အတိုင်းဖြစ်တာ လို့ မရှက်မကြောက် ပြောဆိုကြပါ သေးတယ်။

အမှန်တကယ်မှာလည်း သဘာဝကပေးတဲ့ နားခိုရာ ထီးရိပ် တွေဖြစ်တဲ့ သစ်ပင် သစ်ရိပ်တွေကို ဖျက်ဆီး ပစ်ကြတဲ့ အသိုက်အဝန်း တွေ ရှိကြသလို ပြည်သူတွေရဲ့ လိုအပ်ချက်အရ ဖြစ်ပေါ်လာရတဲ့ အချင်းချင်း ရိုင်းပင် ကူညီဖို့ ကြိုး စားအားထုတ် လာကြတဲ့ ထီးရိပ် တွေကိုတောင် ဖျက်ဆီးလိုတဲ့ အ သိုက်အဝန်းတွေ (အနွယ်တော် တွေလားတော့ မသိပါ) ရှိတယ်လို့ ကြား သိလိုက်ရတော့ တော်တော် ကြီးကို စိတ်ဓာတ်ကျ သွားရပါ တယ်။ ဒါပေမယ့် ဖြေသာတာ တစ်ခုက ကျွန်တော်တို့ မြန်မာ့လူ မှု အသိုက်အဝန်းရဲ့ ထောက် ထား စာနာ ကူညီတတ်မှုဟာ ကမ္ဘာ့ထိပ် တန်းအဆင့်မှာ ရှိနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကိုယ် ကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်တတ်တဲ့ အနွယ်တော် အ သိုက်အဝန်းတွေ၊ ခရိုနီတွေ၊ မိုးကျ ရွှေကိုယ်တွေ၊ သူတို့ မွေးထားတဲ့ အဆွယ် အပါးတွေရဲ့ လုပ်ရပ်တွေ ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေဘေး အန္တရာယ်တွေ၊ အစာရေစာပြတ် လပ်မှုတွေကို ခံစားကြရတဲ့ ပြည် သူတွေကအစ လူမှု ဒုက္ခမျိုးစုံ ကြုံ တွေ့နေကြရတဲ့ စစ်ဘေးရှောင်တွေ အဆုံး ပြည်သူ အားလုံး နားခိုနိုင်ဖို့ အတွက် ကျွန်တော်တို့ ပြည်သူတွေ ကပဲ နားခိုရာ ထီးရိပ်လေးတွေ ပြု လုပ်ပေးကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီတော့ ဧရာဝတီတိုင်း အင်္ဂ ပူမြို့နယ်ဆေးရုံက ဆရာဝန်တစ်ဦး ရဲ့ တန်ဖိုးသင့် ညစာဆိုတဲ့ ထီးရိပ် လေးအကြောင်းက ကျွန်တော့်အ တွေးမှာ ထင်ဟပ်လာပါတယ်။

ဟုတ်ပါတယ်။ အဲဒါကတော့ အင်္ဂပူမြို့နယ် ဆေးရုံမှ ဆရာဝန် တစ်ဦးက ကျွန်တော်တို့ မြန်မာ့လူ မှု အသိုက် အဝန်းရဲ့ အမှတ်လက္ခ ဏာဖြစ်တဲ့ အံ့မခန်း စာနာမှု စိတ် ဓာတ်ကို လှစ်ဟ ဖော်ထုတ်ပြသခဲ့ တဲ့ ဖြစ်ရပ်ပါပဲ။ အဲဒီ ဆရာဝန်ဟာ တစ်နေ့တာ ပင်ပန်း ဆင်းရဲကြီးစွာ လှုပ်ရှားနေကြရတဲ့ ပြည်သူတွေရဲ့ ညနေခင်း ထမင်းဝိုင်းလေး မှာ ငေး မှိုင်နေတဲ့ မိသားစုတွေကို ရွှင်ရွှင် လန်းလန်းနဲ့ အပြုံးပန်းတွေ ပွင့်လန်း စေချင်တဲ့ ဆန္ဒဖြစ်ပေါ် ခဲ့ပါတယ်။ ဒါကြောင့် အဲဒီလိုမိသားစု ထမင်း ဝိုင်းလေးမှာ သင့်လျော်တဲ့ ဟင်းလျာ တစ်ခွက်လောက် ထည့်ပေးချင်တဲ့ အတွက် ”အပန်းပြေစေရန် ညနေ ခင်းများ အတွက် အရသာရှိသော တန်ဖိုးသင့် ညစာ” ဆိုတဲ့ လုပ်ငန်း လေး ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ် ငန်းလေးကို သူရဲ့ချွေးနှဲစာ ကျပ်ငွေ နှစ်သိန်းမတည်ပြီး စေတနာတူတဲ့ ဝန်ထမ်း မိသားစုတွေရဲ့ အကူအညီ နဲ့ အကောင်အထည် ဖော်ခဲ့ကြတာပါ။

ကျွန်တော်တို့ မြန်မာ့ လူမှုအ သိုက်အဝန်းရဲ့ စေတနာရောင်ပြန် ဟပ်မှုဟာ အလွန်ပဲ မြန်ဆန်လှပြီး နားခိုရာ ထီးရိပ်လေးတွေ တစ်ခုပြီး တစ်ခု ပေါ်ပေါက် လာခဲ့ပါတယ်။ စေတနာတူ ဝန်ထမ်း မိသားစုတွေ ရဲ့ အကူအညီ နဲ့စခဲ့တဲ့ တန်ဖိုးသင့် ညစာ မုဒိတာ လုပ်ငန်းလေးဟာ မူလ လုပ်ငန်းသာမက ဆေးရုံတက် နေတဲ့ လူနာတွေကိုပါ နေ့စဉ်အာ ဟာရ ကျွေးနိုင် လာပါတယ်။ ဒါ ဟာ တန်ဖိုးသင့် ညစာလုပ်ငန်း လေးက အမြတ်အစွန်း တွေ အများ ကြီးရရှိလို့ မဟုတ်ဘဲ ဒီလိုကျွေးနိုင် အောင် ဆေးရုံက ဆရာဝန်ကြီးများ နဲ့ မြို့နယ်က အခြား အရာရှိတွေပါ ဝိုင်းဝန်း လှူဒါန်းကြပြီး မြို့မိ မြို့ဖ တွေကလည်း လှူဒါန်းကြ လို့ ဖြစ်ပါ တယ်။ ဆေးရုံရှိ လူနာ ၅ဝ အ တွက် နံနက်စောစော ကွေကာအုပ်၊ နေ့လယ်ကြက်သား ဆန်ပြုတ်၊ ည နေ နို့ဆန်ပြုတ် နဲ့ ကြက်ဥတွေကို တစ်နေ့စာ ကျွေးမွေးဖို့ အလှူငွေ ကျပ် နှစ်သောင်းနှုန်း နဲ့ စခဲ့ရာမှာ အလှူရှင်တွေ တန်းစီပြီး စောင့် ဆိုင်းနေကြရတဲ့ အခြေအနေ အထိ တိုးတက်လာကြောင်း ကြားသိခဲ့ရ ပါတယ်။ မူလ မတည်ရင်းနှီးငွေ ကျပ်နှစ်သိန်း ပြတ်တဲ့နေ့ လုပ်ငန်း ရပ်ကြတာပေါ့လို့ ဆုံးဖြတ်လုပ် ဆောင်ခဲ့ကြတဲ့ အဲဒီဆရာဝန် ရဲ့ ”အပန်းပြေစေရန် ညနေခင်းများ အတွက် အရသာ ရှိသော တန်ဖိုး သင့်ညစာ”ဆိုတဲ့ လုပ်ငန်းလေး ဟာလည်း အတွန်း အတိုက်နဲ့ အ တိုက်အခိုက်တွေ ကြားက အရင်း မပြုတ်သေးဘဲ အောင်ပွဲဆင်လျက် ပဲလို့ ဝမ်းသာဖွယ်ရာ ကြားသိရပါ တယ်။ ဒါကြောင့် ဆိုက်ကားလေး တစ်စီးလောက်နဲ့ စတင်ဆောင်ရွက် ခဲ့ရတဲ့ တန်ဖိုးသင့်ညစာ” ဆိုတဲ့ နားခိုရာ ထီးရိပ်ကလေး ရဲ့ စာနာ ထောက်ထားမှု အရှိန်ဟာ အင်္ဂပူ ဆေးရုံ တစ်ခုလုံးကို လွှမ်းခြုံနိုင် သည်အထိ ကျယ်ပြန့်လာခဲ့တာ မဟုတ်ပါလား။

ဒီထီးရိပ်ဟာ အင်္ဂပူလို မြို့နယ် လေးတစ်ခုတည်းကိုသာ ကွက်ပြီး နားခိုရာ ပေးနိုင်ခဲ့တာ မဟုတ် ပါဘူး။ ”ပန်းသတင်း လေညင်း ဆောင်၊ လူသတင်း လူချင်းဆောင်” ဆိုသလို နိုင်ငံတစ်ဝန်း ပျံ့နှံ့သွား ခဲ့ပါတယ်။ ဒါကြောင့် မူလက တည်းကရှိခဲ့တဲ့ မြန်မာ့စာနာမှု စိတ် ဓာတ်တွေဟာ ပိုမိုအားကောင်း လာခဲ့ပြီး နိုင်ငံအဝှမ်းမှာ ကြုံတွေ့ ရတဲ့ သဘာဝဘေး အန္တရာယ်တွေ ဖြစ်တဲ့ ရေဘေး၊ လေဘေးနဲ့ ငလျင်ဘေးတွေမှာ ဆိုရင် လူပုဂ္ဂိုလ် တစ်ဦးချင်း အနေနဲ့ ဖြစ်ဖြစ်၊ ပရဟိ တ အဖွဲ့အစည်း အနေနဲ့ဖြစ်ဖြစ် အားသွန်ခွန်စိုက် ကူညီကြတာကို တွေ့မြင်လာရပါတယ်။ ဒီလိုပါပဲ သောက်ရေ သုံးရေ ရှားပါးပြတ် လပ်တဲ့ ကျေးရွာတွေမှာလည်း ရေ တွင်းရေကန်တွေ ပြန်လည်ပြုပြင် ပေးတာ၊ အဝီစိတွင်းတွေ တူးပေး တာ၊ ရေလှောင်ကန်တွေ နဲ့ ရေ သွယ်တန်းမှုတွေ ပြုလုပ်ပေးကြ တာကို တွေ့မြင်ကြရပါတယ်။ ဒါ တင်မကပါဘူး ကိုယ့် နိုင်ငံသား တိုင်းရင်းသား အချင်းချင်း စစ်ခင်း ကြတဲ့ ပြည်တွင်း စစ်မီးတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စစ်ဘေးရှောင်ပြည် သူတွေရဲ့ လူမှုဒုက္ခ အဝဝကိုလည်း လူပုဂ္ဂိုလ် တစ်ဦးချင်း အနေနဲ့သော် လည်းကောင်း၊ ပရိဟတ လူမှုရေး အဖွဲ့တွေ အနေနဲ့သော်လည်း ကောင်း ဝိုင်းဝန်း ကူညီကြတာကို တွေ့မြင်ရပါတယ်။

အထူးသဖြင့် အင်္ဂပူမြို့နယ် ဆေးရုံလေးမှ ဆရာဝန်တစ်ဦးရဲ့ ပြည်သူတွေကို ကူညီလိုတဲ့ စိတ်စေ တနာနဲ့ စတင်ခဲ့တဲ့ ”အပန်းပြေ စေရန် ညနေခင်းများ အတွက် အရသာရှိသော တန်ဖိုးသင့် ည စာ”ဆိုတဲ့ ထီးရိပ်ဂုဏ် သတင်းဟာ နိုင်ငံအဝှမ်း ထုံသင်းပျံ့နှံ့ခဲ့ပါ တယ်။ ဒါကြောင့် အုပ်ချုပ်သူတွေ လက်လှမ်းမမီတဲ့ ရပ်ကွက်ပြည်သူ ကျပန်း ကျူးကျော်တွေကို အနိမ့်အ မြင့် အယုတ်အလတ် မရွေး စတုဒိ သာနဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ ပေးလှူကြတဲ့ လုပ် ဆောင်မှုတွေ ကို တွေ့မြင်လာကြရ ပါတယ်။ ဒီလိုနားခိုရာ ထီးရိပ်လေး တွေ ကျယ်ပြန့်လာခဲ့ ရာမှာမှ အလို အပ်ဆုံးလို့ ယူဆရတဲ့ ကျွန်တော် တို့ နိုင်ငံရဲ့ အဓိက ဆေးရုံကြီးအထိ ပျံ့နှံ့လာတာကို ဝမ်းသာဖွယ်ရာ တွေ့မြင်ခဲ့ ရပါတယ်။ အပြည့်အစုံ မဟုတ်တောင် စရိတ်မျှပေး ကျန်း မာရေးကို ပြန်လည် အသက်သွင်း နိုင်ခဲ့ပါတယ်။ နိုင်ငံတော်က ဘတ် ဂျက်တိုးပေးခဲ့ပြီး နိုင်ငံတကာ အကူ အညီတွေနဲ့ ထိုက်သင့်တဲ့ တိုးချဲ့မှု တွေ လုပ်လာနိုင်ခဲ့ပါတယ်။ ဒါပေ မယ့် ဟိုးဘက်ခေတ်က ဆေးရုံ တက် လူနာတွေကို ကျွေးခဲ့တဲ့ ဖရုံ သီးသုံးတုံး လောက်နဲ့ အမဲသားတစ် တုံးလောက်ကို တောင် အခုထိ မကျွေးနိုင်ကြသေးတာကို အင်္ဂပူ ထီးရိပ်လေး က ဝင်ပြီးဖြေရှင်းပေး ခဲ့တယ်လို့ ထင်ပါတယ်။ ဆေးရုံ တက်လူနာတွေကို နံနက်စာ အာ ဟာရကျွေးကြတဲ့ ထီးရိပ်အလှူ ရှင်တွေ ပေါများလာသလို ဆင်းရဲ နွမ်းပါးတဲ့ လူနာတွေ အတွက် တစ် နပ်စာကို ကျပ် ၈ဝဝ နှုန်းနဲ့ စနစ် တကျ ပေးလှူနိုင်တဲ့ အစီအစဉ် တွေ လည်း ပေါ်ပေါက် လာခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်ရှိ ကလေးဆေးရုံ တွေမှာလည်း ဒီလို ထီးရိပ် သတင်း တွေကို ကြားသိ လာရပြီး နိုင်ငံအ ဝှမ်းသို့ ပျံ့လွင့်သွားလိမ့်မယ်လို့ လည်း မျှော်လင့်ရပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့ မြန်မာ့လူမှု အသိုက်အဝန်းရဲ့ အ ယုတ်အလတ် အမြတ်မရွေး ပြည် သူအားလုံးကို နားခိုစေနိုင်တဲ့ ထီးရိပ်လေးတွေ ဟာ နယ်ပယ်အစုံ မှာ ကျယ်ကျယ် ပြန့်ပြန့် ပေါ်ထွက် လာခဲ့ရာမှာ နာရေး ကူညီမှု အသင်း (ရန်ကုန်)ကအစ၊ အခြားအခြား သော ပညာရေး၊ လူမှုရေး ပရဟိ တ အဖွဲ့တွေနဲ့ ဖောင်းဒေးရှင်းဆို တဲ့ နားခိုရာ ထီးရိပ်တွေလည်း ပါ ဝင်ပါတယ်။ ဒီလို ပြည်သူတွေ နား ခိုကြမယ့် ထီးရိပ်တွေထဲက အ လေးမထား သတိမပြုဘဲ မနေနိုင် တဲ့ နားခိုရာ ထီးရိပ်တစ်ခုကို ထပ် မံဖော်ပြလိုပါတယ်။ ဒီထီးရိပ်က တော့ သတင်းစာ ဆရာကြီးဟံသာ ဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းဆို တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ ဖိနှိပ် ချုပ်ချယ်မှု ဆန့်ကျင်ရေး တိုက်ပွဲတွေ၊ စစ် အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲတွေနဲ့ ဒီမိုကရေစီရေး တိုက်ပွဲတွေမှာ ဖမ်းဆီးနှိပ်စက်ခံ ခဲ့ကြရပြီး နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ဖြစ်လာခဲ့ကြရပါ တယ်။ အကျဉ်းထောင်တွေထဲမှာ လည်း ဒီနေ့ ဒီအချိန်အထိ ရှိနေ ဆဲဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးအ ကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နွမ်းပါးတဲ့ စာ ရေးဆရာတွေ ကို ဘယ်သူတွေက ဘယ်ခေတ် ဘယ်ကာလ၊ ဘယ်အ ခါကမှ မကူညီခဲ့ကြတာကို ခံစားမိ တဲ့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် က သူရရှိထားတဲ့ စာမူခတွေ၊ စာ အုပ်စာတမ်းတွေနဲ့ စာမူတွေ အား လုံးကို မတည်ရင်းနှီးပြီး စာနာကူ ညီသူ အပေါင်းရဲ့ အင်အားနဲ့ ဒီနား ခိုရာ ထီးရိပ်ကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖောင် ဒေးရှင်းအနေနဲ့ နိုင်ငံရေး အကျဉ်း သားဟောင်းတွေ အကျဉ်းကျခံ နေရဆဲ နိုင်ငံရေး အကျဉ်းသား တွေနဲ့ နွမ်းပါးတဲ့ စာပေ သမားတွေ ကို ငွေကြေးထောက်ပံ့တာနဲ့ သူ တို့ရဲ့ သားသမီးတွေကို ပညာရေးနဲ့ အလုပ်အကိုင်အကူအညီတွေ ပေး ခဲ့ပြီး အဓိကကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကိုလည်း ပေးခဲ့ပါ တယ်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်ခဲ့တဲ့ ဒီဖောင် ဒေးရှင်ရဲ့ နှစ်လ တစ်ကြိမ်(ဝါ) သုံး လတစ်ကြိမ် ထောက်ပံ့ငွေပေးနိုင် မှုဟာ လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင် ဘာလ ၁၂ ရက်နေ့က ၂၇ ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ (၂၇) ကြိမ် မြောက် ထောက်ပံ့ငွေ ပေးအပ်တဲ့ အချိန်အထိ ဖမ်းဆီး သတ်ဖြတ်ခံ နိုင်ငံရေး အကျဉ်းသား ၁ ဦး အပါ အဝင် လက်ရှိ နိုင်ငံရေး အကျဉ်း သား ၁၅၇ ဦး၊ နိုင်ငံရေး အကျဉ်း သားဟောင်းနဲ့ ဘဝတူ စာနယ်ဇင်း သမား ၆ဝ၆ ဦး၊ စုစုပေါင်း ၇၆၄ ဦး အတွက် ထောက်ပံ့ငွေကျပ် ၁၈၇၅ သိန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်း သားဟောင်းများရဲ့ သားသမီး ၇၇၃ ဦးအတွက် ပညာရေး အ ထောက်အပံ့ ကျပ် ၈၂၉သိန်း ပေး အပ်နိုင်ခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကတော့ အ မှတ် ၁၁၉၊ လမ်း ၅ဝ မှာ ဖွင့်လှစ် ထားတဲ့ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း စေတနာဆေးကု ခန်းကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနဲ့ စနေနေ့တွေ မှာ ညနေပိုင်း ဖွင့်ပေးပြီး ကြာသာ ပတေးနေ့မှတော့ နံနက်ပိုင်းမှ နေ့ လည်ပိုင်းအထိ ဖွင့်လှစ် ကူညီ လျက်ရှိတာမှာ နေ့စဉ် လူနာ နှစ် ရာကျော်ရှိပါတယ်။

ဒီတော့ အထက်မှာ ဖော်ပြခဲ့ သလို ကျွန်တော်တို့ လူမှုအသိုက် အဝန်း တစ်ခုလုံးရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့နယ်ပယ် အစုံမှာ အလှူရေစက် လက်နဲ့မကွာ ဆိုတဲ့အလေ့အထ ရှိကြပြီး ရိုင်းပင်း ကူညီတတ်တဲ့ နေရာမှာလည်း ကမ္ဘာ့ ထိပ်တန်း အဆင့်နိုင်ငံ ဖြစ်တဲ့ အတွက် ဒီလို ထီးရိပ်တွေကို ဟန့် တား ဖျက်ဆီးတာတွေ မလုပ်ကြဘဲ ပိုမို ကျယ်ပြန့်လာအောင် ဝိုင်ဝန်း အားပေး ကူညီကြပါစို့လို့။

ခင်မောင်အေး(ချောက်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*