အမေရိကန် ပြည်ထောင်စု၏ ယာယီ ရှေ့နေချုပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က ရာထူး မှဖယ်ရှား

အမေရိကန် ပြည်ထောင်စု၏ ယာယီ ရှေ့နေချုပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က ရာထူး မှဖယ်ရှား
February 2, 2017 Asian Fame

11:11 am
အမေရိကန် ပြည်ထောင်စု၏ ယာယီ ရှေ့နေချုပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က ရာထူး မှဖယ်ရှား

President-Trump-Fires-Acting-Attorney-General-Sally-Yates-After-She-Defied-Immigration-Order(ဝါရှင်တန်၊ ဇန်နဝါရီ ၃၁)

အမေရိကန် ပြည်ထောင်စု၏ ယာယီရှေ့နေချုပ် မစ္စ ဆယ်လီ ယိစ်ကို သမ္မတ ဒေါ်နယ်ထရမ့်က ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရသည်။

သမ္မတ ဒေါ်နယ်ထရမ့်က မွတ်ဆလင် အများစု နေထိုင်ကြသည့် နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများ အမေရိကန်ပြည်ထောင်စု သို့ လာ ရောက်ခွင့်ကို ယာယီ ပိတ်ပင်လိုက် သည့်အမိန့်နှင့် ပတ်သက်၍ တရား ရေးဌာန အနေနှင့် တရားရုံးဝယ် သမ္မတဘက် မှ ခုခံကာကွယ်မှု မလုပ်ရဟု မစ္စဆယ်လီယိစ်က အမိန့် ထုတ်ပြန်လိုက်ပြီးနောက် ဝယ် ယခုကဲ့သို့ ရာထူး မှဖယ်ရှား ခံလိုက်ရခြင်း ဖြစ်သည်။

မွတ်ဆလင် အများစု နေထိုင် ကြသည့် နိုင်ငံ ၇နိုင်ငံမှ နိုင်ငံသား များ အမေရိကန် ပြည်ထောင်စုသို့ လာရောက်ခွင့် ကို ယာယီပိတ်ပင် လိုက်သည့် အမိန့်ထုတ်ပြန်ပြီး နောက် ယင်းအမိန့်နှင့် ပတ်သက်၍ အိမ်ဖြူတော်မှ ကာကွယ် ပြောကြား ခဲ့သေးသည်။

မစ္စဆယ်လီယိစ်အား သမ္မတ အိုဘားမား လက်ထက်ဖြစ်သည့် ၂ဝ၁၅ ခုနှစ်က ဒုတိယ ရှေ့နေချုပ် အဖြစ် တာဝန် ခန့်အပ် ခဲ့ခြင်းဖြစ်ပြီး၊ ရှေ့နေချုပ်နေရာကို အထက်လွှတ် တော်မှ အတည်မပြုသေးမီ ကာလ အတွင်း ယာယီ ရှေ့နေချုပ် အဖြစ် တာဝန်ယူနေရခြင်း ဖြစ်သည်။

ယိစ်အား ရာထူးမှ ဖယ်ရှားပြီး နာရီ အနည်းငယ်ခန့် အကြာတွင် မစ္စ ဆယ်လီယိစ်အား ရာထူးမှဖယ် ရှားခြင်းမှာ ”အမေရိကန်ပြည်သူ များ၏ လုံခြုံမှု အတွက် ချမှတ်ခဲ့ သည့် တရားဝင် အမိန့်ကို ငြင်းဆို ခြင်းဖြင့် တရားရေး ဌာနအပေါ် သစ္စာဖောက်ဖျက်ခြင်းကြောင့်” ဟူ ၍ အိမ်ဖြူတော်မှ ကြေညာခဲ့သည်။

ရှေ့နေချုပ်ရာထူးအတွက် အလာ ဘားမားပြည်နယ်မှ အထက် လွှတ်တော်အမတ် မစ္စတာ ဂျက်ဖ် ဆက်ရှင်းစ်ကို အထက် လွှတ်တော် မှ မကြာမီကာလ အတွင်း အတည် ပြုနိုင်ကြောင်း သတင်း များထွက် နေလျက်ရှိသည်။

မစ္စဆယ်လီယိစ် အား ရာထူး မှဖယ်ရှား လိုက်ပြီးနောက် မစ္စတာ ဒါနာ ဘွန်တေ ကို ယာယီရှေ့နေ ချုပ် အဖြစ် သမ္မတ ဒေါ်နယ်ထရမ့် က တာဝန်ပေးအပ်ခဲ့သည်။

PN002
REF: President Trump Fires Acting Attorney General Sally Yates After She Defied Immigration Order

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*