နိုင်ငံတော်ပိုင် ရွှေသတ္တုများကို ကျူးကျော် လုပ်ကိုင်သည့် ကုမ္ပဏီများကို အရေးယူရန် ဒေသခံများ ဆန္ဒပြ

နိုင်ငံတော်ပိုင် ရွှေသတ္တုများကို ကျူးကျော် လုပ်ကိုင်သည့် ကုမ္ပဏီများကို အရေးယူရန် ဒေသခံများ ဆန္ဒပြ
February 2, 2017 Asian Fame

10:34 am
နိုင်ငံတော်ပိုင် ရွှေသတ္တုများကို ကျူးကျော် လုပ်ကိုင်သည့် ကုမ္ပဏီများကို အရေးယူရန် ဒေသခံများ ဆန္ဒပြ

MDY(မန္တလေး၊ ဇန်နဝါရီ ၂၉)

သပိတ်ကျင်းမြို့နယ် အတွင်း ရှိ နိုင်ငံတော်ပိုင် ရွှေသတ္တုများကို ကျူးကျော် လုပ်ကိုင်နေသည့် ကုမ္ပ ဏီ များအား အရေးယူပေးရန် ကျေးရွာ ၁၅ ရွာမှဒေသခံ များ သပိတ် စခန်းဖွင့် ဆန္ဒဖော်ထုတ် လျက်ရှိသည်။

မန္တလေးတိုင်း ဒေသကြီး ပြင် ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် အတွင်းရှိ ပြည်ထဲရေး အမည် ပေါက် ကျေးရွာမြေ များပေါ် ရှိ နိုင်ငံတော် ပိုင် ရွှေသတ္တု များကို ဝင်ရောက် ကျူးကျော် လုပ်ကိုင်နေသည့် ကုမ္ပဏီများအား တိုင်းဒေသ ကြီး အစိုးရက အရေးယူ ဆောင် ရွက် ပေး ရန် ဒေသခံများ ဘက်က တင်ပြ တိုင်ကြား ထားသော်လည်း လျစ်လျူ ရှုနေသဖြင့် ထိုသို့ ဆန္ဒ ဖော်ထုတ်ခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။

သပိတ်စခန်းဖွင့် ဆန္ဒပြဦး ဆောင်သူ တစ်ဦးဖြစ်သည့် ဦး မောင်ကြီးက ”ကျွန်တော်တို့ရွာ တွေက ပြည်ထဲရေး အမည်ပေါက် ရွာတွေ ပါ။ ရွှေ ထွက်တဲ့ အခါကျ တော့ လုပ်ငန်းရှင်တွေပဲ လုပ်ပိုင် ခွင့်ရကြတယ်။ ဒေသခံတွေ ရွှေတူး ခွင့်မရဘူး။ ရွာတစ်ရွာကို ကုမ္ပဏီ လေးခုလောက် က ဒိုင်းနမိုက်တွေ နဲ့ရွှေလာတူးနေကြတာပါ။ သက် တမ်းတိုး ကာလမှာ လုပ်ပိုင်ခွင့်မရှိ ပေမယ့်လည်း လုပ်နေ ကြတာ ပါပဲ။လုပ်ငန်းရပ်ဆိုင်း ပေးဖို့ အစိုးရဆီ စာတင်တော့ လည်း ခုထိဘာမှ မထူးခြားသေးဘူး။ ဒီတော့ သပိတ် စခန်း ဖွင့်ပြီး တောင်းဆိုကြပါတယ်” ဟု ပြောသည်။

သပိတ်ကျင်း မြို့နယ် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာ ရုံးရှေ့တွင်သပိတ် စခန်းဖွင့် ဆန္ဒဖော်ထုတ်နေသော် လည်း မည်သည့် တာဝန်ရှိ အဖွဲ့ အစည်းကမျှ လာရောက် စစ်ဆေးမေးမြန်းခြင်း မရှိကြောင်း၊ ထို့ ကြောင့် မကြာခင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးရှိရာအထိ လာရောက် ဆန္ဒဖော်ထုတ် သွား မည်ဖြစ်ကြောင်းလည်း ဆန္ဒပြ ဒေသခံ များက ပြောသည်။

”၁၂ ရက် ၁၂ ညရှိနေပြီ။ သပိတ် စခန်းဖွင့်တာ နိုင်ငံတော်ကို ပုန်ကန်တာ မဟုတ်ပါဘူး။ တရား ဥပဒေ စိုးမိုးမှု မရှိတာကို သိစေချင် လို့ ဆန္ဒဖော်ထုတ် တာပါ။ ဒီဒေသ မှာ ဘာဖြစ်နေလဲ အားလုံးကိုသိစေ ချင်တယ်။ ဒေသခံတွေက ရွှေလုပ် ကွက်တစ်ခု တွေ့လိုက်ပြီဆိုတာနဲ့ လုပ်ငန်းရှင်တွေက မြို့နယ်အာ ဏာပိုင်တွေနဲ့ တွေ့ပြီးတော့ ဒီ နေရာကို လိုချင်တယ် ဆိုရင် မြို့ နယ် အာဏာပိုင်တွေက ရအောင်လုပ်ပေး လိုက်တာပဲ။ ဒေသခံတွေ ဘက် လုံးဝမကြည့်ပါဘူး။ အဲဒီလို ဝန်ထမ်းတွေကြောင့် အခုလိုဆန္ဒ ဖော်ထုတ် နေကြတာပါ” ဟုလည်း ဆန္ဒပြဒေသခံ တစ်ဦးဖြစ်သူ ဒေါ် ရီမြင့်က ဆိုသည်။

ထိုသို့ ဆန္ဒ ဖော်ထုတ်နေမှု နှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်က သပိတ်ကျင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သို့ သွားရောက် မေးမြန်းရာတွင် တာဝန်ရှိသူ ဘက်က တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

ဆန္ဒ ဖော်ထုတ်နေသူများ သည် သပိတ်ကျင်းမြို့နယ် ချောင်း ကြီးကျေးရွာ၊ ထာဝရကျေးရွာ၊ ဝက်သေကျေးရွာ၊ ဖက်ရှည် ကျေး ရွာ၊ ရေထွက် ကျေးရွာ အစရှိသည့် ကျေးရွာ ၁၅ ရွာမှဖြစ်ကြပြီး ၄င်း တို့ကျေးရွာများတွင် ရွှေသတ္တု မကြာခဏပေါ်လာတတ်ကြောင်း၊ ထိုသို့ပေါ်လာလျှင်လည်း ဒေသခံ များ လုပ်ကိုင်ခွင့် မရကြကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*