မြစ်ဆုံစီမံကိန်း အပြီး ရပ်နားရန် ဆန္ဒ ဖော်ထုတ် သူများကို ခွင့်ပြုချက် မတင်ထားသဖြင့် ရဲတပ်ဖွဲ့ တားမြစ်

မြစ်ဆုံစီမံကိန်း အပြီး ရပ်နားရန် ဆန္ဒ ဖော်ထုတ် သူများကို ခွင့်ပြုချက် မတင်ထားသဖြင့် ရဲတပ်ဖွဲ့ တားမြစ်
February 2, 2017 Asian Fame

3:25 pm
မြစ်ဆုံစီမံကိန်း အပြီး ရပ်နားရန် ဆန္ဒ ဖော်ထုတ် သူများကို ခွင့်ပြုချက် မတင်ထားသဖြင့် ရဲတပ်ဖွဲ့ တားမြစ်

Myitsone1(ရန်ကုန်၊ ဇန်နဝါရီ ၃၁ )

မြစ်ကြီးနားမြို့တွင် International Finance Corporation (World Bank Group) မှ ဦးဆောင်ပြုလုပ် သော အလုပ်ရုံ ဆွေးနွေးပွဲကို ဆန္ဒပြ သော ဒေသခံ များအား ရဲတပ်ဖွဲ့က လာရောက် တားမြစ် ခဲ့ကြောင်း သိရ သည်။

ရေအားလျှပ်စစ် ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်ခြင်း လုပ်ငန်းနှင့် ပတ် သက်၍အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်န ဝါရီ ၃၁ ရက်တွင် မြစ်ကြီးနားမြို့ရှိ Palm Spring Hotel  ၌ပြုလုပ်ခဲ့ရာ ဒေသခံအင်အား ၈ဝ ခန့်က မြစ်ဆုံစီ မံကိန်းအပြီး ရပ်နားရန် ဟိုတယ်ရှေ့ တွင် ဆန္ဒဖော်ထုတ် ခဲ့ကြခြင်းဖြစ်သည်။

နံနက် ၉ နာရီခန့်တွင်ဆန္ဒပြခဲ့ ရာ ရဲတပ်ဖွဲ့မှ လာရောက် တားမြစ်ခဲ့ ခြင်းဖြစ်ပြီး ဆန္ဒ ဖော်ထုတ်ရန် ခွင့်ပြု ချက် မတင်ထားသဖြင့် လာရောက် တားမြစ်ခဲ့ခြင်းဖြစ်သည် ဟု ဆန္ဒထုတ် ဖော်သည့် ဒေသခံ ဦးလွန်းခေါင်က ပြောသည်။

”ကျွန်တော်တို့က ဆွေးနွေးပွဲ လုပ်တယ် ကြားကြားချင်း လာပြီး ကန့်ကွက်ကြောင်း ဆန္ဒပြတယ်ဗျာ၊ အဲဒီတော့ အထက်ကို စာမတင်မိ ဘူးပေါ့ဗျာ။ ၁၂ နာရီလောက်ကျ တော့ သူတို့လာပြီး ခွင့်ပြုမိန့်တင်မှ ရမယ်လို့ ပြောသွားတယ်။ ဖမ်းတာ ဆီးတာ မျိုးတော့မရှိပါဘူး” ဟု ၄င်းက ပြောသည်။

ထိုသို့ လာရောက် တားမြစ်ခဲ့ သဖြင့် ဆန္ဒထုတ်ဖော်မှုကို ရပ်လိုက် ကြောင်း၊ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်မည်ကို စိုးရိမ်သောကြောင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*