11:01 am

(ဆိုးလ်၊ ဇန်နဝါရီ ၃၁)
တောင်ကိုရီးယား သမ္မတ ဟောင်း ပတ်ဂွမ်ဟေး၏ နိုင်ငံရေး အရှုပ်အထွေး တစ်ခုတွင် အဓိက ပုဂ္ဂိုလ် အဖြစ် ပါဝင် ပတ်သက်နေ သည့် ချွင်ဆွန်းဆီ ဆိုသူ အမျိုး သမီးသည် မြန်မာနိုင်ငံသို့ တောင် ကိုရီးယားနိုင်ငံမှ ကူညီပံ့ပိုးမှု အစီ အစဉ် တစ်ခုဝယ် တရားမဝင် အကျိုးအမြတ်များ ရရှိခဲ့သည်ဟု သံသယရှိနေကြောင်း တောင်ကိုရီး ယား စုံစမ်း စစ်ဆေးရေး အဖွဲ့၏ အဆိုအရ သိရသည်။
တောင်ကိုရီးယား နိုင်ငံ၏ လွတ်လပ်သော ဥပဒေ အကျိုးဆောင် ပတ်ယွန်ဆူး နှင့် သူ၏ အဖွဲ့သည် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် အသက် ၆ဝ အရွယ်ရှိ မစ္စချွင်ဆွန်း ဆီသည် တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံအား အကူအညီပေး သည့် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း တစ်ခုဝယ် ပါဝင် ပတ်သက်မှုများ ရှိခဲ့ကြောင်း အထောက် အထားများ တွေ့ရသည်ဟု ယမန်နေ့က ထုတ် ပြန်သော ပြည်တွင်းသတင်း တစ်ရပ်တွင် ဆိုထားခြင်းဖြစ်သည်။
ထို့အပြင် မစ္စချွင်ဆွန်းဆီ နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ် မစ္စ တာ ယူးဂျေကျွန်း ကိုလည်း တရား ရေး ဌာနမှ လိုအပ်သည်တို့ကို မေး မြန်းခဲ့ကြောင်း သိရသည်။
PN002
ref: South Korea suspects corruption scandal extends to Myanmar