အီရန်နိုင်ငံ ၏ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို တားမြစ်ပေးကြရန် အစ္စရေးတိုက်တွန်း

အီရန်နိုင်ငံ ၏ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို တားမြစ်ပေးကြရန် အစ္စရေးတိုက်တွန်း
February 2, 2017 Asian Fame

11:10 am
အီရန်နိုင်ငံ ၏ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို တားမြစ်ပေးကြရန် အစ္စရေးတိုက်တွန်း

irean(ဂျေရုဆလင်၊ ဇန်နဝါရီ ၃၁)

အီရန်နိုင်ငံက တာလတ်ပစ်ဒုံး ကျည်တစ်ခုကို စမ်းသပ် ပစ်လွှတ် တော့မည်ဟု အမေရိကန် အာဏာ ပိုင်တို့က ကြေညာ ပြီးနောက်တွင် ထို အချက်သည် ကုလသမဂ္ဂ ပဋိ ညာဉ်အမှတ် ၂၂၃၁ ကို ဆန့်ကျင် ခြင်းဖြစ်ကြောင်း နှင့် ထို့အတွက် ကမ္ဘာ့နိုင်ငံများက တားမြစ်အရေး ယူ ဆောင်ရွက်ပေး ကြရန် အစ္စရေး တို့က တိုက်တွန်း လိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများနှင့် ဂျာမနီ၊ ဥရောပ သမဂ္ဂ စသည်တို့ နှင့် အီရန် နိုင်ငံတို့ ၂ဝ၁၅ ခုနှစ် က ပြုလုပ်ခဲ့သည့် နျူကလီးယား ဆိုင် ရာ သဘောတူညီမှုများ ရရှိပြီး နောက်ဝယ် အီရန်အပေါ် အရေး ယူ ပိတ်ဆို့မှု များ ဖြေလျှော့လာကြ ခြင်းဖြစ်သည်။

အစ္စရေး ထောက်လှမ်းရေး ဝန်ကြီးကလည်း အီရန်၏ ယခုကဲ့ သို့သော ရန်လိုသည့်အပြုအမူသည် အစ္စရေး နိုင်ငံအတွက် အန္တရာယ် ရှိကြောင်း အမေရိကန် အစိုးရအား အကြံပြုခဲ့သေးသည်။

ယခု အီရန်တို့ စမ်းသပ်ပစ် လွှတ်ခဲ့သော တာလတ်ပစ်ဒုံးကျည် သည်ပစ်လွှတ်ရာ နေရာမှ မိုင် ၆၃ဝ အကွာတွင် ပစ်မှတ်ကို ထိမှန် ပေါက် ကွဲ ခဲ့သည်။

ထိုသို့သော ဒုံးပျံအမျိုးအစား စမ်းသပ် ပစ်လွှတ်မှုမျိုးကို အီရန် နိုင်ငံသည် ၂ဝ၁၆ ခုနှစ် ဇူလိုင် လက နောက်ဆုံး စမ်းသပ်ပစ် လွှတ်ခဲ့သည်။

PN002
Ref: Israel urges Trump, UN to act against Iran after ballistic missile test

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*