မန္တလေးမြို့ ကလေး စာပေပွဲတော်တွင် စာအုပ် ဝယ်ယူအား ပေးမှု ကျပ်သိန်းထောင်ချီ ရှိခဲ့

မန္တလေးမြို့ ကလေး စာပေပွဲတော်တွင် စာအုပ် ဝယ်ယူအား ပေးမှု ကျပ်သိန်းထောင်ချီ ရှိခဲ့
February 2, 2017 Asian Fame

10:53 am
မန္တလေးမြို့ ကလေး စာပေပွဲတော်တွင် စာအုပ် ဝယ်ယူအား ပေးမှု ကျပ်သိန်းထောင်ချီ ရှိခဲ့

Children-Literature-Festival(ရန်ကုန်၊ ဇန်နဝါရီ ၃ဝ)

အနာဂတ်တွင် ခေါင်းဆောင် များဖြစ်လာမည့် ကလေးများ၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် အယူ အဆများ ထက်မြက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး တွင်ပြုလုပ်ခဲ့သည့် ကလေးစာပေပွဲ တော်တွင် စာအုပ်ဝယ်ယူအား ပေးမှု ကျပ်သိန်းထောင်ချီ ရှိခဲ့ သည်ဟု သိရသည်။

အဆိုပါပွဲတော်ကို ပြန်ကြား ရေး ဝန်ကြီး ဌာနနှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့တို့ပူးပေါင်း ၍  မြန်မာနိုင်ငံ၏ အနာဂတ်တွင်
ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများ၏ ဥာဏ်ရည်ဥာဏ် သွေးနှင့် အယူအဆများ ထက်မြက် လာစေရန်၊ ကလေးများ၏ တီ   ထွင် ဖန်တီးလို စိတ်များ ရင့်သန် လာစေရန်နှင့် ကလေး များ၏ အပြောအဆိုနှင့် နှုတ်မှုရေးရာ စွမ်း ရည်များမြင့်မား လာစေရန်၊ ကလေး များအနေဖြင့် စာပေနှင့် ရင်းနှီး၍ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန် စသည့် ရည်ရွယ် ချက်များဖြင့် ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ မန္တလေးမြို့၊ မြန်မာ့ သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်(MIIT) ၌ ကလေး စာပေပွဲတော်ကို ကျင်းပပေးခဲ့ရာ စာအုပ်ဝယ်ယူမှု ကျပ်သိန်း ထောင်ချီရှိခဲ့သည်ဟု  မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း အတွင်းရေးမှူး ဦးမြင့် ထွန်း ကပြောသည်။

အဆိုပါ ကလေးစာပေ ပွဲတော် တွင် စာအုပ် ဆိုင်ခန်းပေါင်း ၁ဝ၄ခန်း ဖြင့် ၃ ရက် ကြာပြုလုပ်ခဲ့ရာ ပထမ နေ့တွင် ကျပ်သိန်း ၂၄ဝ၊ ဒုတိယ နေ့တွင်သိန်း ၄၇ဝ ခန့်နှင့် တတိယ နေ့တွင် သိန်း ၄၂ဝ ခန့် ရောင်းချ ခဲ့ရသည်ဟု ၄င်းကပြောသည်။

”ဒုတိယ နေ့လောက်မှာက တည်းက တချို့ဆိုင်တွေက ရောင်း စရာပစ္စည်းတွေ ပြတ်လပ်သွား တယ်။ အဓိက ကတော့  စာဖတ်သူ တွေမရှိတော့ဘူး။ စာအုပ်တွေ ရောင်းအားကျတယ် ဆိုတဲ့ နေရာမှာ တကယ်တမ်း ကျတော့ ဖြန့်ချိရေး စနစ်ကြောင့် ဖြစ်နေတဲ့ ပြဿနာ ပဲပေါ့နော်။ စာဖတ်ချင်တဲ့ သူတွေက အင်နဲ့အားနဲ့ရှိနေတယ် ဆိုတာကို စာအုပ်ဈေးပွဲတွေလုပ်လိုက်တဲ့အခါမှာ ကြည့်လိုက်ရင် သိသာပါ တယ်” ဟု ၄င်းကပြောသည်။

အဆိုပါ ကလေးစာပေ ပွဲတော် တွင် မြန်မာနိုင်ငံ ရုပ်စုံသဘင် အသင်း၏ ကပြဖျော်ဖြေတင်ဆက် မှုများ၊ ကျောင်းသား၊ ကျောင်း သူလေးများ၏ ပုံပြင်ပြော ပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ စက္ကူ ခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဂိမ်းကစား ပွဲများ၊3D ပြပွဲ၊ မျက်လှည့်ပြပွဲ၊  ကလေးရုပ်ရှင်ပြပွဲ၊ ကလေးစာ ကြည့်တိုက် ခင်းကျင်း ပြသခြင်း၊ စာပေပညာရှင် များ၏ ကလေး စာပေ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ စာပေ ဟောပြောပွဲများ စသည်ဖြင့် သုံးရက်တိုင် ကျင်းပခဲ့ခြင်းဖြစ် သည်။

ထို့အပြင်လာမည့် မတ်လ အတွင်း၌ မော်လမြိုင်မြို့တွင် လည်း ကောင်း၊ ဆက်လက်၍ တောင်ကြီး၊ မုံရွာ စသည်ဖြင့် မြို့ကြီးများတွင် လည်းကောင်း ကလေး စာပေပွဲတော် များကျင်းပရန် ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့များ စီစဉ်လျက် ရှိကြောင်း သိရသည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*