11:03 am

(ဒက္ကာ၊ ဇန်နဝါရီ ၃၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇားခရိုင်ရှိ ဘင်္ဂါလီများကို ကျွန်းတစ်ကျွန်း ဆီသို့ ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တို့က စီစဉ်လျက် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ တရားဝင် အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထား ကြောင်း နိုင်ငံတကာ သတင်းများ အရ သိရသည်။
အဆိုပါ ဘင်္ဂါလီများကို ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ သန်ဂါချာ (Thengar Char) ကျွန်း ဆီသို့ပို့ဆောင်ရန် အတွက် ကမ်းရိုး တန်း ခရိုင် များ၏ အာဏာပိုင်များ ပါဝင်သည့် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းစေကာ ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်နေခြင်း ဖြစ်သည် ဆို၏။
”မှတ်ပုံတင်ပြီးသူဖြစ်စေ၊ မှတ် ပုံမတင်ရသေးသူဖြစ်စေ အဆိုပါ ဘင်္ဂါလီ များကို နိုအာခါလီခရိုင်၊ ဟာတီယာ ကျွန်းနားရှိ သန်ဂါချာ ကျွန်းဆီသို့ လွှဲပြောင်းပို့ဆောင် ပေးရန် ကော်မတီက ဆောင်ရွက် လိမ့်မည်”ဟူ၍ ပြီးခဲ့သည့် အပတ် က ထုတ်ပြန်ခဲ့သော အမိန့်ကြေညာ စာကို ဘင်္ဂလားဒေ့ရှ် အစိုးရ၏ တရား ဝင်အင်တာနက် ဝက်ဘ်ဆိုက်တွင် တင်လွှင့်ကြေညာထားသည်ဟု ယင်း သတင်း ဝယ် ရေး သားထားသည်။
ဟာတီယာကျွန်းသည် မေဂနာ မြစ်ဝတွင် တည်ရှိပြီး၊ လက်ရှိဘင်္ဂါလီ စခန်း များတည်ရာမှ ၉နာရီခန့် အကြာ ခရီးတွင် ရှိကြောင်း သိရ သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇားခရိုင်တွင် မြန်မာနိုင်ငံ ဘက်မှ ရောက်လာကြသည် ဆိုသော ဘင်္ဂါလီ ၆ သောင်းခွဲ အပြင်၊ ယခင်က တည်း ကနေထိုင်လျက် ရှိကြသည့် ဘင်္ဂါလီ များမှာ မှတ်ပုံတင်ပြီး သားရော၊ မှတ်ပုံမတင် ရသေးသူများရော ဆိုပါက ၂၃၂ဝဝဝ ခန့်ရှိကြောင်း ယင်းသတင်းဝယ် ရေးသားထား သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြ သော ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အထူး အကြံပေးဟောင်း ဂါဆန်ဆာလာမီ၊ ဦးဝင်းမြနှင့် ဦးအေးလွင် တို့သည် ပြီးခဲ့သည့် စနေနှင့် တနင်္ဂနွေရက် များက ကော့စ်ဘဇား ခရိုင်သို့ သွားရောက် ကာ ဘင်္ဂါလီများအား တွေ့ဆုံ မေးမြန်း ခဲ့ကြောင်း ဗွီအိုအေ သတင်း တစ်ပုဒ်က ဆိုထားသည်။
PN002
ref: Bangladesh pushes on with Rohingya refugees island plan(The Indian Express),VOA News