ကျပျောက်သွားတဲ့ လုပ်အားခလေး

ကျပျောက်သွားတဲ့ လုပ်အားခလေး
February 2, 2017 Asian Fame

3:16 pm
ကျပျောက်သွားတဲ့ လုပ်အားခလေး

Theim-Soe-Article-(2)ဆရာမငယ်လေး တစ်ဦး၊ သွား ရေးလာရေး ခက်ခဲလှတဲ့ ရွာလေး တစ်ရွာမှာ ကလေးတွေကို စာသင် ပေးနေသူ။ ရွာက သူ့ချက်မြှုပ် ဇာတိ။ ဆွဲခန့် ဆရာမလေးပေါ့။ သို့သော် ဆင်းရဲလှသောရွာက လေးက သူ့အတွက် လခရယ်လို့ သတ်သတ်မှတ်မှတ် မပေးနိုင်ခဲ့။ စားရေးသောက်ရေး ကိုတော့ ရွာက တာဝန်ယူ ထားသည်တဲ့။ မည်သို့ မည်ပုံလဲ ဆိုတာကတော့ သေချာ မသိ။ သေချာတာ ကတော့ သူ သည် ပညာရေး ဆိုသည့် နယ်ပယ် တွင် လေးစားစရာ ကောင်းသည့် ဆရာမ တစ်ဦး ဖြစ်နေသော်လည်း စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှုဆိုသည့် ရှုထောင့်မှ ကြည့်လျှင်မူ ဖုံးကွယ် လုပ်သား (Disguised Labor) တစ်ဦးဖြစ်လို့နေပါသည်။

ထို ဆရာမလေး တစ်ဦးတည်းက တာဝန်ယူပြီး စာသင်ပေးနေသော ကျောင်းကလေးတွင် မူလတန်း ကျောင်းသားများမှာ ၂ဝ၁၃ ခုနှစ် က အယောက် ၆ဝ ခန့် ရှိခဲ့သည်။ နှစ်စဉ် စာမေးပွဲအောင်သော ကလေးများလည်း ရှိသည်။ ဆိုလို တာက အဲဒီကျောင်းလေးတွင် ကုန်ထွက် (Outout) ရှိသည်။ ဆရာမလေး ကလည်း လုပ်ဆောင် နိုင်စွမ်း (Capacity) နှင့် ကုန်ထုတ် စွမ်းအား (Productivity) ရှိသည် ဟု သတ်မှတ်နိုင် ပါသည်။ သို့သော် သူပြန်ရသည့် သူခံစား ရသည့် လုပ်ခလစာက သတ်သတ် မှတ်မှတ် မဟုတ်ပါ။ အဲဒီရွာသည် သူ၏မိသားစုပါပဲ ဟုဆိုလျှင် သူသည် ထိုမိသားစု အတွက် ဝိုင်းလုပ်ဝိုင်းစား ဆောင်ရွက် ပေးနေသည့် သဘော မျိုးသာ ဖြစ်လို့နေသည်။ သူ့ရပ်ရွာ သူ့ဒေသ တိုးတက် ဖွံ့ဖြိုးရေး အတွက် စိတ်နှစ်ကာ ဆောင်ရွက် နေသည် မှန်သော်လည်း လုပ်ခ လစာ ခံစားခွင့်ကမူ ရသင့်ရထိုက် သည့်အောက် လျော့နည်းခံစား နေရသည်ကို တွေ့ရှိရပါသည်။

၂ဝ၁၄ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၁ဝ နှစ်နှင့် အထက် လူဦးရေထဲ၌ မိသားစု လုပ်ငန်းတွင် လုပ်ကိုင်သူ များမှာ ၃၉ သိန်းကျော် ရှိပြီး၊ အသက် ၁ဝနှစ်နှင့် အထက် စုစုပေါင်း လူဦးရေ၏ ၉ ဒသမ ၅၇ ရာခိုင် နှုန်း ဖြစ်ပါသည်။ ထိုသူ ၃၉ သိန်း ကျော်တွင် သတ်သတ်မှတ်မှတ် လုပ်အားခ၊ ထိုက်ထိုက်တန်တန် လုပ်အားခ ရရှိသူ မည်ရွေ့မည်မျှ ရှိသည်ကို ဘယ်သူမှ မသိနိုင်ပါ။ ထိုသူတို့မှလွဲ၍ မိသားစု လုပ်ငန်း တွင် ဝိုင်းလုပ်ဝိုင်းစား ဆိုသူများ အားလုံးသည် လည်း ဖုံးကွယ်လုပ် သားများပင် ဖြစ်ကြသည်။

မြန်မာ့လူမှု အသိုင်းအဝိုင်းတွင် လက်စားလိုက်သည် ဆိုသည့် အလေ့အထ တစ်ခုရှိသည်ကို အားလုံး အသိပင်ဖြစ်သည်။ သာရေး နာရေး၊ လူမှုရေး တို့တွင် အပြန် အလှန် လက်စား လိုက်ကြသည်မှာ အလွန်ချစ်စရာ ကောင်းသော ဓလေ့ဖြစ်သည်။ သို့သော် နေ့စဉ် နေထိုင် ရပ်တည်မှုတွင်မူ လက်စား လိုက်ကြသည် ဆိုသည့် အမူအကျင့် မျိုးကိုဖယ်ရှား ဖျောက်ဖျက်သင့်နေ ပြီဖြစ်သည်။ ထိုလက်စားလိုက်ကြ သူများတွင် တစ်ဦးကျ ဝင်ငွေရယ် လို့ သတ်သတ်မှတ်မှတ် မရှိတတ်၍ ထိုသူတို့သည်လည်း ဖုံးကွယ်လုပ် သားများပင် ဖြစ်ကြပြန်သည်။

ထိုဖုံးကွယ် လုပ်သားများ၏ အဆင်ပြေသလို အလျဉ်းသင့်သလို ရရှိနေကြသော လုပ်အားခများ သည် တိုင်းပြည်၏ စုစုပေါင်းပြည် တွင်း ထုတ်ကုန် (GDP) ကိုတွက် ချက်ဖို့ ဝင်ငွေ (Income) တွင် စာ ရင်းမဝင်၊ သူတို့ကိုယ်၌ကလည်း ထိုဝင်ငွေများကို စနစ်တကျ စုဆောင်း လေ့လည်း မရှိ၍ စုဆောင်းငွေ (Saving) လည်းမတက်၊ ပိုက်ဆံ လေးလက်ထဲရှိ သုံးလိုက်ဖြုန်းလိုက် နှင့် ရင်းနှီးမြှုပ်နှံမှု (Investment) လည်းမရှိ၊ အစိုးရသို့ အခွန်ဆောင် မှု (Tax) ကတော့ ဝေးလာဝေးနှင့်။ လုပ်ငန်းဘက်က ကြည့်လျှင်လည်း အလျဉ်း သင့်သလို ခေါ်ယူသုံးစွဲ သော လုပ်အား များအတွက် ပေး ချေလိုက်သော လုပ်အားခ များကို ထုတ်လုပ်မှုစရိတ် (Production Cost) တွင်ထည့်တွက်၊ ထို့ကြောင့် ထိုငွေကြေး စီးဆင်းမှုက ဖုံးကွယ် လုပ်သား ပြဿနာကြောင့် ပုံစံမကျ သော ငွေကြေး စီးဆင်းမှု ပုံစံဖြစ်လို့ သွားသည်။

Theim-Soe-article
ထိုဖုံးကွယ် လုပ်သားများသည် လုပ်သား အင်အားစု (Labor Force) တွင်လည်း စာရင်းမပေါက် သဖြင့် အလုပ်အကိုင် အတိအကျ မရှိသောအခါတွင် အလုပ်လက်မဲ့ မှတ်ပုံတင်စာရင်း (Unemployment) တွင် ထည့်သွင်း တွက်ချက်ခြင်း မရှိသောကြောင့် နိုင်ငံတော်၏ အလုပ်လက်မဲ့ များအတွက် ဆောင် ရွက်ပေးသော အစီအမံ များကို လည်း အပြည့်အဝ ခံစားခွင့် ရရှိ ကြမည် မဟုတ်ပါ။ အဆိုးဆုံး နောက်ဆက်တွဲ ကိစ္စတစ်ခုမှာ ထိုသူတို့ ငွေကြေးပိုင်း အခက်အခဲ တွေ့လာချိန် တွင် ပုံစံတကျမဟုတ် သော ငွေကြေး ပံ့ပိုးဝန်ဆောင်မှုများ (Informal Financial Service) ကိုသာ အလွယ်တကူ မှီခိုနေရခြင်း ပင်ဖြစ်သည်။ မြင့်မားလှသော အတိုးနှုန်း များက ထိုသူတို့ကို ဆင်းရဲတွင်း ထောင်ချောက် (Poverty Trap) ထဲသို့ဆွဲချသွား နိုင်ခြင်းပင် ဖြစ်သည်။

”ဒီမောင်နှမ နှစ်ယောက်က သိပ်လိမ္မာတာပဲ။ အရွယ်တွေ ရောက်လာ တာတောင် အမေ မုဆိုးမကြီးရဲ့ အိမ်ဆိုင်မှာ ဝိုင်း လုပ်ဝိုင်းစား အတူနေနေကြတုန်း” ဆိုတာမျိုးတွေက ဖွံ့ဖြိုးမှု ဘောဂ ဗေဒရှုထောင့် ကနေကြည့်မယ်ဆို ရင်တော့ ကောင်းတဲ့ လက္ခဏာ တော့ မဟုတ်ပါ။ သူတို့ မောင်နှမ လို ထိုက်တန်ရာ လုပ်အားခတွေ မသိလိုက်မသိဘာသာ ပျောက်ဆုံး နေတဲ့ အရွယ်ရောက်ပြီး အလုပ် လုပ်နိုင်တဲ့သူတွေ ဘယ်လောက် များ ရှိနေပါလိမ့်။ ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ကိန်း ဂဏန်း ၂ ခုကို ဆွဲထုတ်ကြည့်ကြရ အောင်။ ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်း စစ်တမ်းအရ တိုင်းဒေသ ကြီး၊ ပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေ တို့မှာ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စု ဦးရေနဲ့ မိသားစုလုပ်ငန်းမှာ လုပ်ကိုင်နေကြ သူတွေရဲ့ဆက်နွှယ်နေမှုကို စာရင်း အင်းပညာအရ လေ့လာမယ်ဆို ရင် အတိုင်းအတာတစ်ခု အထိ ဆက်နွှယ်မှု ကောင်းကောင်းရှိနေ နိုင်တာကို ပုံပြကားချပ်မှာလေ့ လာကြည့်လျှင် သိနိုင်ပါသည်။

ထိုဆက်စပ်နေမှုက ကိန်း ဂဏန်းများကို စိတ်ဝင်စားသူ စာ ရေးသူအတွက်တော့ တော်တော် လေးစိတ်ဝင်စားဖွယ် ကောင်းသည့် အကြောင်း အချက်ပင် ဖြစ်သည်။ တိုင်းပြည်တွင် လုပ်သားအင်အားစု ပမာဏ (Labor Pool) ကြီးမား လာဖို့ရာ လက်ရှိ ဖုံးကွယ် လုပ် သားများကို လုပ်သား အင်အားစု တွင်း အရင်ရောက်ရှိလာဖို့ ဆောင် ရွက်သင့်သည်ဟု ယူဆမိသည်။  ထိုသို့ ဆောင်ရွက်ရာတွင် အထက် ပါ ဆက်နွှယ်ချက်သည် ထည့်သွင်း စဉ်းစားရမည့် အရေးကိစ္စ တစ်ခုဟု သုံးသပ်မိသည်။ ထွက်ပေါက် တစ်ခု မှာ စနစ်ကျသော၊ တရားဝင်မှတ်ပုံ တင်စေပြီး ပုံစံကျသော ငွေကြေးပံ့ ပိုးမှုများ ရရှိသည့် အိမ်တွင်းစီးပွား ရေးလုပ်ငန်းများ (Cottage Industries)အဖြစ် သူတို့၏ မိသား စု လုပ်ငန်းများကို မြှင့်တင်ပေးခြင်း ပင်ဖြစ်ပါသည်။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*