Yangon Book Plaza ဖွင့်လှစ်ရန် စီစဉ်ဖန်တီးနေသည့် ကိုစန်းမွန်အောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

Yangon Book Plaza ဖွင့်လှစ်ရန် စီစဉ်ဖန်တီးနေသည့် ကိုစန်းမွန်အောင် နှင့် တွေ့ဆုံမေးမြန်းခြင်း
February 1, 2017 Asian Fame

1:54 pm
Yangon Book Plaza ဖွင့်လှစ်ရန် စီစဉ်ဖန်တီးနေသည့် ကိုစန်းမွန်အောင် နှင့် တွေ့ဆုံမေးမြန်းခြင်း

Ko San Mon Ag (Interview) copy

ယခုကာလများတွင် စာပေ ဆိုင်ရာပွဲတော်များကို မကြာခဏ ဆိုသလို တွေ့မြင်နေကြရပါသည်။ စာပေပွဲတော်များမှတစ်ဆင့် စာပေ ဖတ်ရှုသူတိုးပွားလာစေရန် နည်း လမ်းမျိုးစုံနှင့် ပြုလုပ်နေကြသူများ တွင် ‘Yangon Book Plaza’  သည် လည်း အပါအဝင်ဖြစ်သည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ သံဈေး (ငါးလွှာ)တွင်Yangon Book Plaza အမည်ဖြင့် စာအုပ် ဆိုင်များ၊ ကော်ဖီဆိုင်၊ ကစားကွင်း စသည်ဖြင့်  စာအုပ်နှင့်အပန်းဖြေ ခြင်းကို ပေါင်းစည်းထားသည့် ပေ ၂ဝဝဝဝပတ်လည်အကျယ်ရှိ Book Plaza တစ်ခုကို မကြာမီကာလ တွင် တွေ့မြင်ရတော့မည် ဖြစ်သည်။ ထို စာအုပ်ပလာဇာနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် စာပေ ဆိုင်ရာအကြောင်းအရာ များကို Yangon Book Plaza  ဖွင့်လှစ်ရန် စီစဉ်ဖန်တီးနေသည့် ကိုစန်းမွန် အောင်နှင့် တွေ့ဆုံမေးမြန်းဖော် ပြပေးလိုက်ပါသည်။

Yangon Book Plaza  ဖွင့်တဲ့ ရည်ရွယ်ချက်ကို ရှင်ပြပေးပါဦး ရှင်။

ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံတကာမှာတော့ အဲ့ဒီလိုစာအုပ် ဆိုင်မျိုးတွေရှိပေမယ့် မြန်မာပြည် မှာက လုံးဝမရှိဘူး။ ဒီမှာက စာအုပ် ဆိုင်ဆိုလို့ရှိရင် စာအုပ်တွေကလွဲ ပြီး ဘာမှမရှိဘူး။ Yangon Book  Plaza  မှာတော့ ကော်ဖီဆိုင်ပါမယ်။ ကလေးတွေအတွက် ကစားကွင်း ပါမယ်။ အပန်းဖြေလို့ရမယ့်နေရာ ပါမယ်။ အခုက စာအုပ်ဆိုင်မဟုတ် ဘူး။ အပန်းဖြေစရာ နေရာတစ်ခု လည်း ဖြစ်အောင် လုပ်ထားတာပါ။

Yangon Book Plaza  ကို ဖေဖော် ဝါရီလအကုန်မှာ စတင်ဖွင့်သွား မယ်လို့သိရပါတယ်။ ဒီအတွက် လုပ်ဆောင်နေ တာတွေကိုလည်း သိချင်ပါတယ်ရှင်။

ဖေဖော်ဝါရီ ၃ ရက်မှာ စာအုပ် ပလာဇာအကြောင်း ရှင်းပြမယ့်ပွဲ ရှိပါတယ်။ ဒီပွဲမှာပဲ ကျွန်တော်နဲ့ ပူးပေါင်းပြီး စာအုပ်ဆိုင်လာဖွင့်ချင် တဲ့သူတွေကို ဖိတ်ခေါ်ပြီး အဆိုပြု ခိုင်းပါမယ်။ စာအုပ်ဆိုင်ဆိုတဲ့ နေရာမှာသုံးမျိုးရှိပါမယ်။ ကြိုက်တဲ့ ပုံစံကိုပေးငှားမှာပါ။ နောက်ပြီး   တော့ ၂ဝ၁၆ ခုနှစ်အတွင်းမှာ ထွက် ရှိခဲ့တဲ့စာအုပ်တွေကို Yangon Book Plaza ကနေ ရွေးထားတာရှိပါ တယ်။ အဲဒီကနေစာအုပ် ၁၂ အုပ် ရွေးထားတာကို ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌကနေ ဆု ပေးမယ့်အစီအစဉ်ပါမယ်။

၂ဝ၁၆ ခုနှစ်အတွင်းမှာ ထွက်ရှိ ခဲ့တဲ့စာအုပ်တွေထဲကမှ စာအုပ် ၁၂ အုပ်ကိုရွေးတာဆိုတော့Yangon Book Plaza   အနေနဲ့ ဘယ် လိုရွေးချယ်ခဲ့တယ်ဆိုတာကိုလည်း သိချင်ပါတယ်ရှင်။

ရွေးတဲ့ပုံစံကတော့ ၂ဝ၁၆ အတွင်းထွက်ခဲ့တဲ့ စာအုပ်လည်း ဖြစ်ရမယ်။ ပထမအကြိမ်လည်းဖြစ် ရမယ်။ အဲ့ဒီလိုစာအုပ်မျိုးထဲကမှ စာအုပ်အမျိုးအစားကိုတော့ ကန့် သတ်ထားတာမရှိဘူး။ ရွေးဖို့ လည်း ကော်မတီဖွဲ့ပြီးရွေးခဲ့တာပါ။Yangon Book Plaza   ကော်မတီ ထဲမှာ ပါတဲ့သူတွေက ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဆရာဦးဝင်းငြိမ်း၊ ဘကြီးမိုး (မောင်မိုးသူ) တို့ပါ တယ်။ အဲဒီသူတွေပါတဲ့ ကော်မတီကနေ ရွေးထားတဲ့ စာအုပ် ၁၂ အုပ်ပါ။ ဒီလိုမျိုးဆုကိုတော့ နှစ်စဉ်ပေးသွား မှာပါ။ ၂ဝ၁၆ ခုနှစ် Yangon Book Plaza   လက်ရွေးစင် စာအုပ်  ၁၂ အုပ်ဆိုပြီးရွေးတာပါ။ ၁၂ အုပ် ရွေးထားတဲ့အထဲကမှ တစ်လကို တစ်အုပ်ရေးသူ ဖတ်သူဆွေးနွေးပွဲ တွေပါလုပ်သွားမှာမို့ပါ။

လက်ရှိမှာ စာအုပ်ဈေးကွက်မှာ စာဖတ်ပရိသတ်ရဲ့ အားပေးမှု အခြေအနေကိုလည်း သုံးသပ်ပေး ပါဦးရှင်။

လက်ရှိကတော့ အရင်က ထက် စာရင် စာဖတ်ပရိသတ်တွေ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ဖြန့်ချိရေး ပုံစံတွေကလည်း ပိုကောင်းလာ တယ်။ ဒါပေမယ့် ကျွန်တော် အား မရတာက ထုတ်ဝေသူတွေနဲ့စာအုပ် ဖန်တီးသူတွေမှာတော့ အား နည်း ချက်တွေအများကြီး တွေ့နေရ တုန်းပါပဲ။ စာဖတ်တဲ့သူတွေက ရှိတယ်။ ရေးတဲ့သူတွေက ကောင်း ကောင်းရေးရင် အများကြီးတိုး တက်လာမယ်လို့ ထင်ပါတယ်။

ထုတ်ဝေသူတွေနဲ့ စာအုပ်ဖန်တီးသူ တွေမှာတော့ အားနည်းချက်ရှိနေ တယ် ဆိုတာမှာ  ဥပမာအနေနဲ့ ပြောပြပေးပါဦး။

ဥပမာပြောရရင် ၂ဝ၁၂ ခုနှစ် မှာ စာပေစိစစ်ရေး လုံးဝမရှိတော့ ဘူး။ အဲ့ဒီ၂ဝ၁၂ ခုနှစ် နောက် ပိုင်းမှာ ဒီလိုစာပေစိစစ်ရေး မရှိ တာကို အသုံးချပြီးတော့ ထူးခြား ဆန်းသစ်ပြီး စာဖတ်ပရိသတ်တွေ လုံးဝ မမြင်ဖူးတဲ့စာအုပ်မျိုး၊ လုံးချင်း ဝတ္ထုမျိုးတွေကို ထွက်လာတာမျိုး လုံးဝ မရှိသေးဘူး။ ဘယ်စာအုပ်မှ နိုင်ငံတကာကို ချပြရလောက် အောင်ကောင်းတဲ့ စာအုပ်မျိုး လုံးဝ မပေါ်လာသေးဘူး။ အဲဒါက လည်း အားနည်းချက်ပဲ။ ဒီလို အားနည်းချက်တွေကို ဖြည့်ဖို့ဆို တာလည်း အချိန်တိုအတွင်းတော့ မလွယ်ပါဘူး။ ဒါပေမယ့် အစ်ကို တို့တွေ အများကြီး ကြိုးစားရဦး မယ်။ စာဖတ်ပရိသတ်တွေကတော့ ဘာပဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ စာဖတ်လာကြပြီ။ ဒီတော့ရေးတဲ့ သူတွေ ထုတ်တဲ့သူတွေဘက်က လည်း ဒီထက် ပိုကောင်းအောင်  ဖြစ်အောင်လုပ်ဖို့ လိုနေသေးတယ် လို့မြင်ပါတယ်။

အစ်ကိုတို့ ‘ငါတို့စာပေ’ အနေနဲ့    ထုတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း ပြောပြပေးပါဦးရှင်။

နောက်ပိုင်းမှာတော့ လူငယ် ပိုင်းတွေဖတ်တဲ့စာအုပ်တွေကို ဘာသာပြန်ထုတ်ဖို့ ရှိပါတယ်။  ဘာသာပြန်စာပေကိုပဲ ဦးစားပေး ပြီး လုပ်ချင်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာသာပြန်များများရှိမှ ကမ္ဘာပေါ်မှာ ဘယ်လိုစာတွေရှိ နေတယ်ဆိုတာသိမှ ဒီဘက်က စာရေး ဆရာတွေက အတုယူပြီး  နိုင်ငံတကာ အဆင့်မီတဲ့စာတွေ ဖန်တီးနိုင်မှာပါ။

Yangon Book Plaza  နဲ့ ပတ် သက်ပြီး ထပ်ဆောင်းပြောလိုတာ ရှိရင် ပြောပြပေးပါဦး။

Yangon Book Plaza ကို  ကျွန်တော်တို့ ဒီနိုင်ငံမှာမရှိသေးတဲ့ ပုံစံကိုပြင်ဆင်ထားပါတယ်။ အား လုံးပဲ ဆိုင်ဖွင့်ရင်တော့ လာကြည့်   စေချင်ပါတယ်။ ကော်ဖီဆိုင် ကိုလည်း ဈေးသက်သာအောင် လုပ်ပေးထားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ စာသမားတွေလာမှာ ဆိုတော့ သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးထားပါတယ်။ အပြင်အဆင်မှာတော့ နိုင်ငံတကာ အဆင့်မီအောင် လုပ်ပေးထားပါ တယ်။ နောက်ပြီးစာရေးဆရာကြီး များရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲ တွေ၊ စာပေဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စာအုပ်မိတ်ဆက်ပွဲတွေလည်း ဒီ နေရာမှာလုပ်သွားဖို့လည်းရှိပါတယ်။ အထိမ်းအမှတ်နေရာမှာဆိုရင် စာရေးဆရာကြီးများရဲ့ ကိုယ်ရေး အကျဉ်း၊ လက်ရေးစာမူနဲ့ ပုံတူ ကားချပ်တို့ ထားရှိသွားမှာဖြစ်ပါ တယ်။ လာခဲ့ပါ။ စာအုပ် တစ်အုပ်မှ မဝယ်လည်း စာအုပ်တွေကြားထဲမှာ အပန်းဖြေလို့ရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*