ဗြိတိသျှကောင်စီ IELTS Prize ၂၀၁၆ ၂၀၁၇ ပညာသင်ဆု လျှောက်လွှာပိတ်ရက် အားတိုးမြှင့်သတ်မှတ်

ဗြိတိသျှကောင်စီ IELTS Prize ၂၀၁၆ ၂၀၁၇ ပညာသင်ဆု လျှောက်လွှာပိတ်ရက် အားတိုးမြှင့်သတ်မှတ်
February 1, 2017 Asian Fame

11:13 am
ဗြိတိသျှကောင်စီ IELTS Prize ၂၀၁၆ ၂၀၁၇ ပညာသင်ဆု လျှောက်လွှာပိတ်ရက် အားတိုးမြှင့်သတ်မှတ်

BC(ရန်ကုန်၊ ဖေဖော်ဝါရီ ၁)

ဗြိတိသျှကောင်စီ IELTS Prize ၂၀၁၆ -၂၀၁၇ ပညာသင်ဆု လျှောက်ထားမှု အတွက် နောက်ဆုံးရက်အား ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့ မှ ၂၀၁၇ ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ တိုးမြှင့် လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်း အဆင့် ရွေးချယ်ခံရသူများအား အမေရိကန်ဒေါ်လာ ၂၉၀၀ ချီးမြှင့်မည်ဖြစ်ကာ ဒေသ အဆင့်ဆုကြီးများ အနေဖြင့် ပညာ သင်ထောက်ပံ့ ကြေးငွေ အမေရိကန်ဒေါ်လာ ၅၈,၀၀၀အထိ ပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်တွင် စတင်မည့် စာသင်နှစ် အတွက် ပြည်တွင်း သို့မဟုတ် ပြည်ပတွင် ဘွဲ့ကြို သို့မဟုတ် ဘွဲ့လွန် ပညာသင်ယူရန် စီစဉ်ထားသော အရှေ့ အာရှဒေသ ရှိ ကျောင်းသားများလျောက်ထားနိုင်သည်။

ဗြိတိသျှကောင်စီ၏ IELTS Prize ၂၀၁၆- ၂၀၁၇ သည် မိမိနိုင်ငံအတွင်း သို့မဟုတ် နိုင်ငံရပ်ခြားတွင် ၂၀၁၇ ခုနှစ်အတွင်း ဘွဲ့ကြို သို့မဟုတ် ဘွဲ့လွန် တက်ရောက်မှု စတင်မည့်သူများ အတွက် အကျူံးဝင်ကာ ၀င်ခွင့် လိုအပ်ချက်များ ၏ တစိတ်တပိုင်း အဖြစ် IELTS ကို လက်ခံသော အဆင့်မြင့် ပညာရေး အဖွဲ့အစည်းတွင် တက်ရောက်ပညာ သင်ကြားသူဖြစ်ရမည် ဖြစ်သည်။ ၀င်ရောက် လျှောက်ထား သူများ သည် ဗြိတိသျှကောင်စီတွင် ၂၀၁၆ ဧပြီလ ၁ရက်နေ့ နောက်ပိုင်းတွင် IELTS စာမေးပွဲ ဖြေဆိုထား ရမည်ဖြစ်ကာ စစ်ဆေးမှု ၄ မျိုး၌ တစ်မျိုးစီတွင် အနည်းဆုံး band score 6 ရရှိရမည်ဖြစ်သည်။

တရားဝင် IELTS စာမေးပွဲကျင်းပရာ စင်တာ အဖြစ် ဗြိတိသျှကောင်စီသည် IELTS စာမေးပွဲ အတွက် ပြင်ဆင်နေသည့် မှတ်ပုံတင် စာရင်းပေးသွင်း ထားသော ကျောင်းသားများအား ‘Road to IELTS’ ဟူသော အွန်လိုင်းပေါ်မှ လေ့ကျင့်ပြင်ဆင်နိုင်သည့် နာရီ ၃၀ စာ အခမဲ့ အွန်လိုင်း ပြင်ဆင်မှု သင်တန်းကိုလည်း ဖွင့်လှစ်ထားသည်။ ထို့အပြင် IELTS စာမေးပွဲ များကိုလည်း တစ်လလျှင် သုံးကြိမ် စီစဉ် ထားကြောင်းသိရသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*