အကြမ်းဖက်သမား ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသူ တစ်ယောက်ရဲ့ ဖြောင့်ချက် (သို့မဟုတ်) နှလုံးသားဖြင့် ရေးသော မျက်ရည်

အကြမ်းဖက်သမား ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသူ တစ်ယောက်ရဲ့ ဖြောင့်ချက် (သို့မဟုတ်) နှလုံးသားဖြင့် ရေးသော မျက်ရည်
February 1, 2017 Asian Fame

2:04 pm
အကြမ်းဖက်သမား ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသူ တစ်ယောက်ရဲ့ ဖြောင့်ချက် (သို့မဟုတ်) နှလုံးသားဖြင့် ရေးသော မျက်ရည်

genderနဖူးပေါ်မှတင်ကျန်နေတဲ့ ရေ စက်တွေကို သုတ်လိုက်ရင်း တစ် ဆက်တည်းမှာ မျက်လုံးအိမ်က စီး ကျလာတဲ့ မျက်ရည်စကိုပါ မအေး မာဟာ လက်ဖမိုး နဲ့ သုတ်လိုက်ပါ တယ်။

”ဘာကြောင့်များ ထွက်သွားခဲ့ ရတာလဲ သားရယ်” ဆိုတဲ့ ဒီစကား တစ်ခွန်းကပဲ မိခင် တစ်ယောက်ရဲ့ ရင်ထဲက ဝေဒနာ အပြည့်အစုံကို ဖော်ပြနေဆဲဖြစ်ပါတယ်။

သူ့ရဲ့သား တစ်ယောက် ပျောက် ဆုံးသွားတာက သူ့အတွက် ဘယ် တော့မှ မေ့မရနိုင်တဲ့ အဖြစ်အပျက် တစ်ခု။ အဲဒီ အဖြစ်အပျက်တွေ ကို ဖြစ်အောင် တွန်းပို့ခဲ့တာကို မအေး မာက သူ့စိတ်ထဲမှာ ထင်နေတာ က ”ကျွန်မက ယောက်ျား အပေါ် မှီခိုရတော့ သားတွေ အတွက် ပြည့် စုံအောင် ဖြည့်ဆည်းဖို့ ဆိုတာ မ တတ်နိုင်ခဲ့ဘူး။ နေထွက်ပြီ ဆိုက တည်းက ကျွန်မအိမ် အလုပ်တွေ က တောက်လျှောက် လုပ်နေရတာ။ ဘာမှမတတ်နိုင်ဘူး။ သူပေးတာနဲ့ လောက်အောင် သုံးချင်သုံး၊ မ လောက်လို့ပြောမိရင် အော်ငေါက် ခံရတယ်။ အဆူအဆဲ ခံနေရတာ၊ ကိုယ်ထိလက်ရောက် မလုပ်ဘူးဆို ပေမယ့် လူကြား မကောင်းအောင် တော့မဖြစ်စေချင်ဘူး”လို့ သူမဘဝ ကို နာနာကျင်ကျင် ပြောပါတယ်။

သူမ ဘာများ တတ်နိုင်ခဲ့မှာလဲ၊ မိုးလင်းကမိုးချုပ် အိမ်မှု ကိစ္စတွေနဲ့ ဝိုင်းနေတဲ့ သူမဘဝဟာ အိမ်စေ တစ်ယောက်ပမာမခြား ချက်ပြုတ် ကြော်လှော်၊ လျှော်ဖွတ် သံသရာ ထဲမှာပဲ ဝဲလည်နေပါတယ်။

သူမဟာ သားတွေကို ပြည့်စုံ အောင် မထောက်ပံ့နိုင်ခဲ့ဘူး။ အဲဒီ လို ထောက်ပံ့ဖို့လည်း သူမမှာ အ ခွင့်အရေး မရှိဘူး။ သူမက ပိုက်ဆံ ကိုလည်း ကိုယ်တိုင် မရှာနိုင်ခဲ့သလို ကိုယ့်စိတ်ကြိုက်လည်း မသုံးနိုင်ခဲ့ ဘူး။ ဒါတွေကြောင့် သားလေး ပျောက်ဆုံး သွားသလား။ အဲဒီလိုပဲ သူမ ထင်မိတယ်။

”ဒီလိုပဲဖြေသိမ့်ရတာပေါ့။ သူ များ လင်ယောက်ျား တွေဆို လက် ပါ ပါတာလေ။ အရိုက်ခံ ရတာနဲ့၊ ပစ္စည်းတွေ ဖျက်ဆီးခံ ရတာနဲ့၊ အ နောက်နားက မိန်းမဆို ယောက်ျား က ခဏခဏ နှင်အချခံနေရတာ၊ ကိုယ့်ယောက်ျားက အဲဒီလိုမဟုတ် လို့တော်သေးတယ်”လို့လုပ်လက်စ အလုပ်တွေကို လုပ်ရင်း ပြောကြား ခဲ့ပါတယ်။

မအေးမာလိုပဲ မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီး အများစုဟာ အိမ် ထောင်ကျပြီးတော့ အိမ်မှုကိစ္စတွေ နဲ့ အချိန်ကုန်ကြတယ်။ ဝင်ငွေရတဲ့ လုပ်ငန်း တစ်ခု မလုပ်နိုင်ကြဘူး။ လင်ယောက်ျား လုပ်ခ လစာနဲ့ လုံ လောက်အောင် သုံးစွဲရတယ်။ သား သမီးတွေ နဲ့ လင်ယောက်ျား အလုပ် တွေနဲ့ပဲ အချိန်ကုန် ရတယ်။ ဒါတွေ က မြန်မာနိုင်ငံမှာ သိပ်တော့အ ထူးအဆန်း မဟုတ်ဘူး။ ပုံမှန်ပဲလို့ ထင်လေ့ ရှိကြတယ်။

ဒါပေမယ့် ဒါတွေက အကြမ်း ဖက်မှုထဲမှာ အကျုံးဝင်တယ်လို့  ကျား၊ မတန်းတူညီမျှရေး ကွန်ရက် (GEN)က ဒေါ်မေစပယ်ဖြူက ဆို ပါတယ်။

”ဒါကတော့ အိမ်တွင်း အကြမ်း ဖက်မှုတစ်ခုလို့ပဲ ပြောချင်ပါတယ်။ အကြမ်းဖက်တယ် ဆိုတာမှာ ခန္ဓာ ကိုယ်ကို ထိခိုက် နာကျင်အောင် ရိုက်နှက်တာတင် မဟုတ်ဘူး။ စိတ် မှာ ဒဏ်ရာရစေတာ၊ စီးပွားရေး ဆိုင်ရာ အကြမ်းဖက်ခံရတာ၊ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်တာ စတဲ့ အကြောင်း အရာတွေပဲ ဖြစ်ပါ တယ်” လို့ ဆိုပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက် ရောက် ကျူးလွန်တဲ့ အကြမ်းဖက်မှု တွေကိုပဲ လူအများစု က မြင်သာကြ ပေမယ့် စိတ်ကို ထိခိုက်ဒဏ်ရာရ အောင် လုပ်တာ၊ အလုပ်လုပ်ခွင့် မရှိဘဲ အိမ်မှာနေရတာ အစရှိတာ တွေဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ စီးပွားရေး ဆိုင်ရာ အကြမ်းဖက်တာတွေ ပဲ ဖြစ်တယ် လို့လည်း ဒေါ်မေစပယ်ဖြူ က ဆိုပါ တယ်။

”သူ့ရဲ့မိသားစု အသိုင်းအဝိုင်း၊ ဒါမှမဟုတ်ရင်လည်း သူငယ်ချင်း အပေါင်းအသင်းတွေ၊ အပြင်မှာသူ့ အနေနဲ့ အခြားသော လူမှုရေးတွေ နဲ့ ထိတွေ့ခွင့် မရအောင်၊ ပါဝင်ခွင့် မရအောင် ပိတ်ပင်တားဆီး ဖြတ် တောက်ထားတာမျိုးကိုပေါ့။ ဘယ် လိုပြောရမလဲ နေရာတိုင်း မှာကိုပေါ့။ ဒါတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေပဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒီနေ့မြန်မာနိုင်ငံမှာ အမျိုး သမီးတွေအပေါ် အကြမ်းဖက်မှု တွေက ရှိနေခဲ့ပါတယ်။ ကလေးသူ ငယ်တွေ အပေါ်မှာရော လိင်ပိုင်း ဆိုင်ရာ စော်ကားမှုတွေ၊ အိမ် ထောင်ရှင်မတွေ အပေါ် ကျား၊ မခွဲ ခြားမှုဆိုင်ရာ အကြမ်းဖက်မှု တွေ ရှိလာနေပါတယ်။  ကျား၊ မ ဆိုင် ရာ (Gender) မညီမျှမှုဟာ ဒီလို အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်လာ အောင် တွန်းပို့နေတယ်လိွု့နညိနမ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဦးထွန်း ထွန်းဦးက ဆိုပါတယ်။

မြန်မာနိုင်ငံလိုမျိုး အမျိုးသား ဝါဒကြီးစိုးတဲ့ နိုင်ငံမျိုးတွေမှာ မအေးမာ တို့လို အဖြစ်အပျက်တွေ ဟာ အကြမ်းဖက်မှု လို့တောင် မထင်ရအောင် ခိုင်မာနေပြီ ဖြစ်ပါ တယ်။ ဒါတွေဟာ ဖြစ်နေကျ အ စဉ်အလာ၊ ဓလေ့တွေ အဖြစ် ခိုင် မာနေတာဖြစ်ပြီး အဲဒါတွေ အား လုံးက Gender မညီမျှမှု၊ Gender ခွဲခြားမှုတွေကြောင့် ဖြစ်ပေါ်လာ တာဖြစ်ပါတယ်။ အကြမ်းဖက်မှု တွေထဲမှာ အဆိုးရွားဆုံး အကြမ်း ဖက်မှုတွေ အဖြစ် ထိခိုက်ဒဏ်ရာရ အောင်အထိ ဖြစ်ပွားတဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှုတွေ ဖြစ်တဲ့ မုဒိမ်း မှုတွေအထိ ဖြစ်ပွားနေပါတယ်။

ဒါကြောင့် အမျိုးသမီး တွေကိုအ ကြမ်းဖက်မှု ကနေ ကာကွယ်ပေးဖို့ အတွက် သီးသန့် ရေးဆွဲထားတဲ့ ဥပဒေ တစ်ရပ်က လိုအပ်နေပါပြီလို့ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန် မာ)ရဲ့ ဒါရိုက်တာ၊ တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ဆိုပါတယ်။

”အကာအကွယ် ပေးနိုင်ဖို့ ခိုင် မာတဲ့ ဥပဒေ တစ်ရပ်ပေါ်ပေါက်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အမျိုး သမီးတွေ အပေါ် လိင်ဆိုင်ရာ အ ကြမ်းဖက်မှုတွေ၊ သက်ငယ် မုဒိမ်းတွေ ကိုထိရောက်တဲ့ အပြစ်ဒဏ်ပေးနိုင် ပါမယ်။ ၁၈၆၁ခုနှစ်က ပြဋ္ဌာန်းထား တဲ့ ပြစ်မှုဆိုင်ရာ ဥ ပဒေတွေ ရှိနေ ပေမယ့် အပြစ်ကျူးလွန်သူတွေ အ တွက် အခွင့်အရေးတွေ များစွာ ရှိ နေလို့ ကျူးလွန်ခံရတဲ့ သူတွေအ တွက် အကာ အကွယ် ပေးနိုင်အောင် ဥပဒေ တစ်ရပ် ပေါ်ပေါက်လာဖို့ လို ပါတယ်။ ဒါကို ကျွန်မတို့ ဝိုင်းဝန်း ကြိုးစားနေပါတယ်” လို့ဆိုပါတယ်။

ဒီလို အကြမ်းဖက်မှုတွေကို အ ကာအကွယ် ပေးနိုင်အောင် အမျိုး သမီးတွေ အပေါ်အကြမ်းဖက်မှု အ ကာအကွယ် ပေးရေး ဥပဒေ တစ်ရပ် ပေါ်ပေါက်လာအောင် လူမှုဝန်ထမ်း ဦးစီးဌာနနဲ့  ကျား၊ မတန်းတူ ညီမျှ ရေး ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဥပဒေ ပညာရှင် တွေ ပူးပေါင်းပြီး အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာ ကွယ်ရေး ဥပဒေကို ရေးဆွဲခဲ့ပြီး အခု ဇန်နဝါရီလ အတွင်း မှာပဲ လွှတ် တော်တင်တော့ မှာ ဖြစ်ပါတယ်။

အဆိုပါ အခန်းပေါင်း(၁၈)ခန်း၊ ပုဒ်မပေါင်း ၈၇ ခု ပါဝင်တဲ့ ဥပဒေ တစ်ရပ်ကို လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ အဆင့်ဆင့် ဆောင် ရွက်နေတယ်လို့ လူမှု ဝန်ထမ်းဦးစီး ဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဌာနခွဲ ညွှန်ကြားရေးမှူး နော် သဝါးက ပြောကြားပါတယ်။

အိမ်တွင်း အကြမ်းဖက်မှုတွေ ကို ကိုင်တွယ် ဖြေရှင်းရာမှာ အမျိုး တွေက တိုင်ကြားဖို့ လိုသလို မအေး မာတို့လို အိမ်အတွင်း အကြမ်းဖက် မှုတွေဟာ အလွန်ပဲ နူးညံ့ပြီး စွဲချက် တင်ဖို့ အရာဟာ ခက်ခဲနေမှာပါ။ ဒီလို အခြေအနေမျိုး ကတော့ ခင်ပွန်း သည် လင်ယောက်ျား ကိုယ်တိုင်  အကြမ်းဖက်မှုကို နားလည်လက်ခံ ပြီး ပူးပေါင်း ပါဝင်လာနိုင်မှသာ  မိန်းမ သားတွေ အတွက် စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုတွေ နည်းပါးလာ လိမ့်မယ်လို့ ကျား၊ မရေးရာ ကျွမ်း ကျင်သူတွေက ဆိုပါတယ်။

ကျား၊ မတန်းတူ အခွင့်အရေး တူညီမျှတစွာ ရရှိနိုင်မှသာ၊ ဓလေ့ ထုံးတမ်းစဉ်လာ သတ်မှတ်ချက် တွေ ပြောင်းလဲနိုင်မှသာ အိမ်တွင်း မှာ ပိတ်မိနေတဲ့ မိန်းမတွေရဲ့ ဘဝ တွေ လွတ်မြောက်နိုင်မှာ ဖြစ်ပါ တယ်လို့ ကျား၊ မတန်းတူ ညီမျှရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

တကယ်တော့ မအေးမာလို မိန်းမသားတွေရဲ့ ဘဝဟာ သူတို့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အရည်အသွေး တွေကို အိမ်ထောင် ကျခြင်း နဲ့အတူ ထာဝရမြှုပ်ခံရသ လို လောကကြီး အတွင်း  မိမိစိတ် ကြိုက် ပုံဖော်နိုင်စွမ်းတွေ ပျောက် ဆုံးနေရတာလည်း ဖြစ်ပါတယ်။

မအေးမာအတွက် သူမရဲ့ဘဝ က ယောက်ျားနဲ့ တန်းတူ ဝင်ငွေမ ရှာနိုင်သည်ကပဲ သူမဘဝ၊ သူမ စိတ်ကြိုက် မဖန်တီးနိုင်ခြင်းပေ လား၊ မိဘတွေက လင်ယောက်ျား ကို ရိုသေရမယ်။ အိမ်ထောင်ရှင် မကောင်း တစ်ယောက်ဖြစ်အောင် အိမ်ထောင်မှု ထိမ်းသိမ်းနိုင် ရမယ်၊ ဝင်ငွေ ရှာတဲ့ အလုပ်က ယောက်ျား ရဲ့အလုပ်၊ ဒီလိုခွဲခြား သတ်မှတ်တာ ကပဲ သူမဘဝ စိတ်ချမ်းမြေ့စွာ မ နေနိုင်ရခြင်းရဲ့ အကြောင်း တရား လား။ မိခင်ရဲ့ မေတ္တာ သံယောဇဉ် နဲ့  မွေးဖွားခဲ့တဲ့ သားတစ်ယောက် ချိုသည်၊ ခါးသည်မသိ မိမိရင်က ထွက်ခွာခံ ရလောက်အောင် မိမိရဲ့ အရည်အသွေးက ညံ့ဖျင်းသွားခဲ့ တာလားဆိုတာ ဝေခွဲ မရနိုင်စရာ ဖြစ်နေ တတ်ပါတယ်။

လင်ယောက်ျား တစ်ယောက် အနေနဲ့လည်း ချစ်လွန်းလို့ပဲဖြစ် ဖြစ်၊ အနိုင်ယူလိုတဲ့ စိတ်ကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့အိမ်ထောင်ဖက် မိန်းမသား အပေါ် ပြုမူ ဆက်ဆံတာ တွေဟာ လုပ်ပိုင်ခွင့် တစ်ရပ်လို့ အ ထင်ရောက် နေရာကနေ အကြမ်း ဖက်မှုတွေ ဖြစ်မှန်း မသိ ဖြစ်နေ ကြ ရပါတယ်။

(အို စာရှုသူ ချစ်မိတ်ဆွေ၊ တ ကယ်တော့ ဒီစာစုဟာ အိမ်ထောင် ရှင် ယောက်ျားဖြစ်တဲ့ မိမိကိုယ်တိုင် အိမ်ထောင်စု မိသားစု အတွင်းမှာ ကိုယ်ကိုယ်တိုင် အကြမ်းဖက် သမား ဖြစ်မှန်း မသိဖြစ်ခဲ့ရတဲ့ အတွက် ဖွင့် ဟဝန်ခံလိုက်ရတဲ့၊ တစ်နည်းအား ဖြင့် နှလုံးသား နဲ့ ရေးဖွဲ့ လိုက်ရတဲ့ မျက်ရည်စတွေပဲ ဖြစ်ပါတော့ တယ်။)

ဦးမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*