သူတို့အမြင်

သူတို့အမြင်
February 1, 2017 Asian Fame

2:06 pm
သူတို့အမြင်

perspectiveအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအပေါ် မေးခွန်းတွေ ထုတ်လာကြ၏။ တရားဥပဒေ စိုးမိုးရေး အားနည်းနေပြီလော ဟူ၍လည်း မေးခွန်းတွေ ထုတ်လာကြသည်။ အများ ပြည်သူ လုံခြုံမှုအတွက် တရားဥပဒေ စိုးမိုးရေးကို ဂရု တစိုက် ကိုင်တွယ်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း ကိုလည်း ထောက်ပြ ဝေဖန်လာကြသည်။ ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ နယ်ပယ် ကဏ္ဍစုံ မှ ပုဂ္ဂိုလ်တို့၏ အမြင်များကို စုစည်း တင်ပြ လိုက်ပါသည်။

ဦးဥာဏ်ဝင်း (NLD အတွင်းရေးမှူးအဖွဲ့ဝင်)

တရားဥပဒေ စိုးမိုးရေး အနေနဲ့ ပြောရ မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာက မှုခင်းတွေဖြစ်မှ လုပ်ကြတယ်။ ကြိုတင်ကာ ကွယ်မှု ဆိုတာ မရှိဘူး။ မှုခင်းဖြစ်မှ လုပ်တာ မျိုးမဟုတ်ဘဲ ကြိုတင် ကာကွယ်ရေးတွေ လိုက်မယ် ဆိုရင် ဒီလို ရာဇဝတ်မှုခင်းတွေ သက်သာသွားမှာပါ။ ဖြစ်ပြီးတဲ့ အခါမှ လုပ် တယ်ဆိုတဲ့ဟာကို ပယ်ဖျက်ရမယ်။ မနေ့က လေဆိပ်မှာ ဖြစ်တဲ့ ကိစ္စမှာလည်း လုံခြုံရေး တွေ မရှိဘူး။ တကယ်တော့ ဒီလို  public area  မှာ လုံခြုံရေးရှိသင့်ပါတယ်။

တရားဥပဒေ စိုးမိုးရေး ဘယ် အခြေအ နေကို ရောက်နေပြီလဲ ဆိုတာကိုတော့ ကျွန် တော် မပြောလိုဘူး။

ဦးကျော်ကျော်ထွန်း (ရန်ကုန်တိုင်းလွှတ်တော် တရား ရေး၊ ဥပဒေ စိုးမိုးရေး၊ တိုင်ကြားစာများ၊ အသနားခံ စာများ စိစစ်ရေး ကော်မတီ အဖွဲ့ဝင်၊ လှိုင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်)

တရားဥပဒေ စိုးမိုးရေး အခြေအနေက သေချာ ဂရုတစိုက် ကိုင်တွယ်ဖို့ လိုအပ်နေပါ ပြီ။ အတိုင်းအတာ တစ်ခုထိတော့ ဂရုတစိုက် ကြပ်မတ်ဖို့ လိုပါတယ်။ ပြည်သူတွေ အနေနဲ့ လည်း နိုင်ငံရေး စိတ်ဝင်စားသည် ဖြစ်ဖြစ် စိတ်မဝင်စားသည် ဖြစ်ဖြစ် နိုင်ငံရေး မှာ ပါဖို့ လိုပါတယ်။
နိုင်ငံ့အရေးပေါ့။ တရား ဥပဒေစိုး မိုးရေးနဲ့ ပက်သက်တဲ့ ကိစ္စတိုင်းကို စောင့် ကြည့်တာ၊ အချင်းအချင်း သတိပေးတာ၊ ကြို တင် ကာကွယ်တာ၊ သတင်း အချက်အလက် ပေးတာတို့ လုပ်ဖို့လိုပါတယ်။

ကိုယ် နဲ့မသက်ဆိုင်ဘူး ဆိုပြီး မလုပ်လို့ မရပါဘူး။ ဒါတွေကို လုပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူတွေမှာ နိုင်ငံသား အခွင့်အရေးတွေ  ရှိသ လို နိုင်ငံသား တာဝန် တွေကိုလည်း ကျေပွန်ဖို့ လိုပါတယ်။ မနေ့က လေဆိပ်မှာ ဖြစ်သွားတဲ့ ကိစ္စဟာဆိုရင် ဒါသွေးရိုး  သား ရိုးတော့ မဟုတ်လောက်ဘူး။ ပြီးရင်  ဒီလိုအ ငြိုးအတေးတွေ နဲ့ လုပ်ကြံတာဟာ ယဉ်ကျေး မှုအရ မရှိသင့်ပါဘူး။ ဒီကိစ္စမှာ နောက်ကွယ် က လေးနက် တဲ့ အကြောင်းအရာတွေ ပါလာ မယ်ထင်တယ်။ ဒါကို ကျွန်တော်တို့ ကော်မတီ က စောင့်ကြည့်သွားပါမယ်။  အခြား တရား ဥပဒေ စိုးမိုးရေးနဲ့ ပက်သက်ပြီးလည်း ကျွန် တော်တို့ ကော်မတီက စောင့်ကြည့်သွားပါ မယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ပက်သက်ပြီး ကျွန်တော် တို့ကော်မတီက ရန်ကုန်တိုင်း မြို့နယ် ၄၄ မြို့နယ်မှာ တရားရုံးတွေ ရဲစခန်း တွေကို လေ့လာ စစ်ဆေးခဲ့ပါတယ်။ တစ်နေ့ ကပဲ ပြီးပါတယ်။ ကျွန်တော်တို့ ကိုယ်စား လှယ်တွေဟာ ပြည်သူတွေကို တိုက်ရိုက် ကိုယ်စားပြုတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

ဦးဦးလှစော (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင် အမျိုးသားပါတီ)

တရားဥပဒေ စိုးမိုးရေးက အားနည်းလာ တယ်လို့ ပြောရမယ်။ တရား ဥပဒေ စိုးမိုးရေး အခြေအနေကို အခုဖြစ်နေတဲ့ အချက်အ လက်တွေက သက်သက်ပြ နေတာပေါ့။ မြန် မာနိုင်ငံမှာ သက်ငယ် မုဒိမ်းမှု၊ ခိုးမှု၊ လုယက် မှုတွေ ပိုများလာတယ်။ ဒါနဲ့ပက်သက်ပြီး လွှတ်တော်မှာ လည်း မေးခွန်းတွေ အဆိုတွေ လည်း မေးတာ တွေ့ရပါတယ်။ ကချင်မှာ ဆို ရင် ကျောင်းဆရာ တစ်ယောက် သေနတ်နဲ့ ပစ်သတ် ခံရတယ်။ နောက် ရှေ့နေ တစ်ဦး လည်း လေဆိပ်မှာ ပစ်သတ်ခံရတယ်။ ရဲ တပ်ဖွဲ့တွေ အနေနဲ့ကတော့ သူတို့ အလုပ်ကို သူတို့လုပ်တာပေါ့။ အဓိက ဒီသက်ငယ်မုဒိမ်း မှုတို့ အခြား ရာဇဝတ် မှုခင်းတွေမှာ ကြည့်ရင် တရားသူကြီး တို့ ရဲအရာရှိတို့က လာဘ်စား ကြတာတွေ ရှိတယ်။ တကယ်တမ်း ကျတော့ ဘာမှမပြောင်းလဲသေးဘူး အရင်တုန်းက အ တိုင်းပဲ ရှိနေသေးတယ်။ လူတွေကလည်း ယုတ်မာ လာကြတယ်။ အကျင့်ပျက် လာကြ တယ်။ ရာဇဝတ်မှုတွေ ကို လွယ်လွယ်နဲ့ကျူး လွန်လာကြတယ်။ ဒီလို အခြေအနေတွေ မှာ အစိုးရက သေချာကိုင်တွယ် သင့်ပါပြီ။

ဦးကျော်စန်း(တိုင်းအုပ်ချုပ်ရေးမှူး-ငြိမ်း)

အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ မြန်မာ နိုင်ငံရဲ့ လက်ရှိ တရားဥပဒေ စိုးမိုးရေးအခြေ အနေကို သုံးသပ်ပြီး အလေးထား ကြပ် မတ် ဆောင်ရွက် ရမယ့် အချိန်ရောက်ပြီ လို့ မြင်ပါ တယ်။ တရား ဥပဒေစိုးမိုးရေး ကျိုးပျက်တယ် လို့တော့ မဆိုနိုင်သေးဘူး။ မှုခင်း ဖြစ်စဉ်တွေ မှာ ပြည်သူတွေ ကတော့ ပါဝင်ကြတာပဲလေ။ လေဆိပ်မှာ အပစ်ခံရတဲ့ အခါမှာလည်း ပြည်သူတွေ ဝိုင်းဖမ်းပေး လိုက်ကြတာပဲလေ။ ဘယ်အရာမှာ မဆို ပြည်သူတွေ မပါရင် အောင် အောင်မြင်မြင် မဖြစ်နိုင်ဘူးပေါ့။ အခုလိုဖြစ် ရပ်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်တာ ဟာ ကောင်းတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေ အနေနဲ့ ပါဝင် ကူညီတဲ့ အခါမှာ သတိတော့ထားဖို့ လိုတယ်။ မနေ့က လိုမျိုးမဖြစ်အောင်။ ပြီးရင် တာဝန်ရှိသူတွေ ကလည်း မှုခင်းဖြစ်စဉ်တွေ အပေါ် အာရုံ စိုက်ပြီး တရား ဥပဒေ စိုးမိုးရေးကို ပိုမိုဆောင် ရွက်ပေးရင် ပိုကောင်းလာမှာပါ။  ပြစ်မှုကျူး လွန်သူတွေက ကျူးလွန်ပြီးရင် ထွက်ပြေး သွားတာတွေလည်း ရှိခဲ့ပါတယ်။ ပြစ်မှုတစ်ခု ဖြစ်ပြီးရင် တရားခံ ဆိုတာ မရှိတော့ဘူး။

ဦးရဲမင်းဦး
(အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဝန်းရံသူ)

တာဝန်ရှိတဲ့ သူတွေ ခုထက်ပိုပြီး အလုပ် လုပ်ဖို့လိုပါပြီ။ ပိုပြီး အလုပ်လုပ် မှသာ ဘေး ကင်းလုံခြုံတဲ့ အသိုင်းအဝန်း တစ်ခု ပေါ် ပေါက် လာမှာပါ။ လတ်တလော ဖြစ်ပွားခဲ့တဲ့ ဦးကိုနီ ဆိုရင် ရန်ကုန်မြို့မှာ လုပ်ကြံခံရ တယ်။ အချိန် ကလည်း လူတွေ အများကြီးရှိ နေတဲ့ အချိန်။ ထွက်ပြေးရင် မလွတ်လောက် တဲ့ အနေအထားမှာ လုပ်ကြံတယ် ဆိုတော့ ဒါဟာ ကြိုတင် ကြံစည်မှု ဖြစ်တယ်။ ဦးကိုနီ ကိစ္စမှာ ကျူးလွန်သူ၊ စေခိုင်းသူ၊ ကြိုးကိုင်သူ စတာတွေကို တာဝန် ရှိသူတွေ အနေနဲ့ ဖော် ထုတ်ပေးရမှာပါ။ ဒါက တစ်ပိုင်းပါ။  ဒီတစ် ခုတည်းကို မှီပြီး ရန်ကုန်ရဲ့ လုံခြုံရေးဟာ ကျိုးပေါက်ပြီ။ ရန်ကုန်ဟာ မလုံခြုံတော့ဘူး လို့ မခံစားရပါဘူး။ ခဏခဏ ဖြစ်နေပြီ ဆိုရင် တော့ လုံခြုံရေး အနေအထားကို မေးခွန်း ထုတ်ရမှာပေါ့။

ဦးကြီးမြင့် (ရှေ့နေများကွန်ရက်)

လက်ရှိ ရန်ကုန်ရဲ့ အနေအထားက စိုး ရိမ်စရာကို ရောက်သွားပြီ။ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေး အနေအထားကလည်း အဲဒီအတိုင်း ပဲရှိနေတယ်။ ဘယ်အချိန် ကိုယ့်အိမ်ထဲ ဝင်ပြီး ပစ္စည်းတွေ လုသွားမလဲ၊ ဘယ်အချိန် လာ သတ်သွားမလဲ ဆိုတဲ့ စိုးရိမ်စရာတွေ ဖြစ်နေ ပါပြီ။ လုံခြုံရေး ကိစ္စ၊ တရား ဥပဒေ စိုးမိုးရေး ကိစ္စ ပြောရတာလည်း အပ်ကြောင်းတွေ လည်း ထပ်လှပါပြီ၊ အားလည်း နာလှပါပြီ။ ဒါပေမယ့် ဆိုးရွားတဲ့ မှုခင်းဖြစ်စဉ်တွေက ဖြစ်နေတုန်းပါပဲ၊ ရှိနေတုန်းပါပဲ။ ခက်တာက လက်ရှိ အစိုးရက လုံခြုံရေး ကို လုပ်ခွင့် မရှိ ဖြစ်နေတယ်။ ရဲတပ်ဖွဲ့ ရှိတယ် ဆိုပေမယ့် လည်းပဲ ဒါက ပြည်ထောင်စု အစိုးရရဲ့ တိုက် ရိုက်အုပ်ချုပ်မှု အောက်မှာ မရှိဘူးဖြစ်နေ တယ်။ ဒီလိုတွေတော့ ရှိနေတာပေါ့ဗျာ။ ဒါကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ပြဋ္ဌာန်း ချက် အတိုင်းပဲ။ ဒီအပိုင်း ကိုတော့ ပြောင်းလဲ သင့်ရင် ပြောင်းရမှာပဲ။ လက်ရှိ ရဲတပ်ဖွဲ့ရဲ့ အနေအထားက ဘယ်လိုဖြစ်နေလဲ ဆိုတော့ စေတနာ မရှိဘူးလို့တော့ မဟုတ်ဘူး။ ရှိ တယ်။ ဒါပေမယ့် မလုပ်တတ်ဘူး ဖြစ်နေ တယ်။
စခန်းမှူးကအစ တပ်ကပြောင်းလာ ကြတယ်ဆိုတော့ ရဲလုပ်ငန်းပိုင်း ဆိုင်ရာ မလုပ် တတ်ကြဘူးပေါ့။ ဘယ်လို ကာကွယ်ရမလဲ၊ ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာ သူတို့ မသိ ကြဘူးနေမှာပါ။ အမှန်က သင်တန်းတွေတက် ရမယ်၊ အရည်အသွေးတွေ ကို မြှင့်တင်ရ မယ်။ ဒါမှပဲ ပြည်သူကို လုံလုံခြုံခြုံ ထားနိုင် မှာပါ။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*