ပဲခူးရိုးမမှ ဆင်များနှင့် သစ်ထုတ်လုပ်မည့်ဒေသမှ ဆင်များ ဖလှယ်

ပဲခူးရိုးမမှ ဆင်များနှင့် သစ်ထုတ်လုပ်မည့်ဒေသမှ ဆင်များ ဖလှယ်
February 1, 2017 Asian Fame

2:37 pm
ပဲခူးရိုးမမှ ဆင်များနှင့် သစ်ထုတ်လုပ်မည့်ဒေသမှ ဆင်များ ဖလှယ်

ဝေရှိုင်းကျော်
ရန်ကုန်၊ ဇန်နဝါရီ ၃၁

ယခုနှစ်တွင် ပဲခူးရိုးမတောကို သစ်ထုတ်လုပ်မှု ၁ဝ နှစ် ရပ်ဆိုင်း ထားသောကြောင့် အဆိုပါဒေသ များမှ အလုပ်ဆင်များကို သစ် ထုတ် လုပ်မည့်ဒေသများသို့ ပြောင်းရွှေ့ ပေးနေကြောင်း သစ်တောဦးစီး ဌာနမှ သိရသည်။

အဆိုပါ သစ်ထုတ်လုပ်မှု ရပ် ဆိုင်းထားသောဒေသများနှင့် အ ခြားဒေသမှ အလုပ်ဆင် (သစ်ဆွဲ ဆင်)များကို ၂ဝ၁၇-၂ဝ၁၈ သစ် ထုတ်လုပ်မည့်ဒေသများသို့ ပြောင်း ရွှေ့နေပြီး အခြားဒေသများမှ နာမ ကျန်းသည့်ဆင်များကိုလည်း ပဲခူး ရိုးမသို့ အပြန်အလှန်ရွှေ့ ပြောင်းခြင်း များ ပြုလုပ်နေသည်။ ¤င်းပြောင်း ရွှေ့ခြင်းသည် ၂ လနီးပါး ကြာမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း (သစ်ထုတ်လုပ်ေ ရး) မှ အထွေထွေ မန်နေဂျာ ဦးလှမိုးအောင်က ပြော သည်။

”အဓိကတော့ အလုပ်မရှိတဲ့ နေရာက ဆင်တွေကို အလုပ်ရှိတဲ့ ဆင်တွေပို့တာဖြစ်တယ်။ နောက် ပြီး အလုပ်ရှိတဲ့နေရာမှာ အလုပ် မလုပ်နိုင်တော့တဲ့ ဆင်ကို ပဲခူးရိုးမ ဘက်ကို ပြန်ပို့ပေးမှာဖြစ်တယ်။ နောက်ပြီး မကျန်းမာတဲ့ ဆင်တွေ ပါ ပါတယ်” ဟု ၄င်းကပြော သည်။

ပြောင်းရွှေ့မည့် ဆင်များအ တွက် သက်ဆိုင်ရာသစ်တောဦးစီး ဌာနမှဆင်များအတွက် မျှောစာများ ထုတ်ယူခြင်း၊ သယ်ဆောင်မည့် လမ်း တစ်လျှောက်တွင် သက်ဆိုင်ရာအာ ဏာပိုင်အဖွဲ့များကို ကြိုတင်အ ကြောင်းကြားထားခြင်း၊  ဆင်အတင် အချပြုလုပ်မည့်နေရာ များကို ကြို တင်ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဆင် သယ်ဆောင်ယာဉ်တန်း အန္တရာယ် မရှိစေရေး၊ ယာဉ်များ၏ကြံ့ခိုင်ရေး များအတွက်ပါ ကြိုတင်ဆောင်ရွက် ရကြောင်း ၄င်းက ဆက်လက်ပြော ကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် စုစုပေါင်း အလုပ်ဆင် ၁၇၆ ကောင်ကို ရွှေ့ပြောင်းမည်ဖြစ်ပြီး မကျန်းမမာသည့် ဆင် ၆၆ ကောင် ကိုလည်း ပဲခူးရိုးမစခန်းများဆီသို့ အသီးသီးပို့ဆောင်သွားမည် ဖြစ် ကြောင်း အဆိုပါဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*