ဦးကိုနီ လုပ်ကြံခံရမှု မန္တလေးမြို့တွင် ဂယက် ရိုက်ခဲ့သဖြင့် ကောလာဟလ သတင်းများ မဖြန့်ကြရန် မန်းတိုင်း ရဲမှူးကြီးပြော

ဦးကိုနီ လုပ်ကြံခံရမှု မန္တလေးမြို့တွင် ဂယက် ရိုက်ခဲ့သဖြင့် ကောလာဟလ သတင်းများ မဖြန့်ကြရန် မန်းတိုင်း ရဲမှူးကြီးပြော
February 1, 2017 Asian Fame

3:55 pm
ဦးကိုနီ လုပ်ကြံခံရမှု မန္တလေးမြို့တွင် ဂယက် ရိုက်ခဲ့သဖြင့် ကောလာဟလ သတင်းများ မဖြန့်ကြရန် မန်းတိုင်း ရဲမှူးကြီးပြော

(မန္တလေး၊ ဇန်နဝါရီ ၃ဝ)

ရန်ကုန် လေဆိပ်တွင် တရား လွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံ ရမှုနှင့် စပ်လျဉ်း၍ မန္တလေးမြို့ တွင်လည်း ဂယက် ရိုက်ခဲ့သဖြင့် ကောလာဟလ သတင်းများမဖြန့် ရန်နှင့် မသင်္ကာစရာ တွေ့ရှိပါက သက်ဆိုင်ရာ သို့ အချိန်မီသတင်း ပေးပို့ကြရန် လိုကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးဟန်ထွန်းက ပြောသည်။

”ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည် သူလူထုအနေနဲ့က အမြန်သိချင် နေကြတယ် ဆိုတာ နားလည်လက် ခံပါတယ်။ တချို့ကောလာ ဟလ တွေကြောင့် အဖြစ်မှန် ဖော်ထုတ်ရ တာ အခက်အခဲ ရှိနေပါတယ်။ တာဝန်ရှိသူတွေဘက်က တိကျတဲ့ သတင်းတွေ ထုတ်ပြန်နိုင်အောင် ကြိုးပမ်းနေပါတယ်” ဟု ရဲမှူးကြီး ဟန်ထွန်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥပဒေ အကြံပေးပုဂ္ဂိုလ်၊ တရား လွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီ အချိန်ခန့်က အင်ဒိုနီးရှား နိုင်ငံလေ့ လာရေးခရီးစဉ် မှအပြန် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် Terminal 1 ရှေ့တွင် သေနတ် သမား တစ်ဦး၏ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး ၄င်းသေဆုံးမှု ဖြစ် စဉ်နှင့် စပ်လျဉ်း၍ မန္တလေးမြို့တွင် လည်း သက်ရောက်မှု များ ရှိခဲ့သည်။

သေနတ်သမား ဦးကြည်လင်း ၅၃ နှစ်သည် မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် ပုဏ္ဏားကုန်း ရပ်ကွက်တွင် နေထိုင်သည် ဟူ သော သတင်း များကြောင့် ဇန်နဝါရီ ၂၉ ရက်ညက မဟာအောင်မြေမြို့ နယ်နှင့် ချမ်းအေးသာစံမြို့နယ် တို့တွင် လူစုလူဝေးဖြစ်ခဲ့ရပြီး အ ထူးသဖြင့် ချမ်းအေးသာစံမြို့နယ်  ၃၄ လမ်း၊ ၇၃ လမ်း နှင့် ၇၄ လမ်း ကြားတွင် လူစုလူဝေးမှသည် လူ နှစ်ရာခန့်ရှိသည့် လူအုပ်ကြီးတစ် ခုဖြစ်ခဲ့သည်။

အဆိုပါ လူအုပ်ကြီးသည် ချမ်း အေးသာစံမြို့နယ် ၃၄ လမ်း ၇၃ လမ်း နှင့် ၇၄ လမ်းကြားရှိ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ခေတ္တနား နေ သည့်နေအိမ်အား သေနတ်သ မားနေအိမ်ဟု အထင်အမြင်လွဲ မှားပြီး အော်ဟစ်တောင်းဆို မှုများ ပြုလုပ်ခဲ့ကြသဖြင့် လည်း ထိုနေ အိမ်ရှိ မိသားစုဝင်များအတွက် နစ် နာမှုများရှိခဲ့ကြောင်း သိရသည်။

”တာဝန်ရှိ အဖွဲ့အစည်းတွေ နဲ့ကျွန်တော်တို့ ရဲတပ်ဖွဲ့က ဆက် သွယ်ညှိနှိုင်း ဆောင်ရွက်နေပါ တယ်။ ကျွန်တော်တို့ဖော်ထုတ်နေ ရတဲ့အ ပိုင်းကို အနှောင့်အယှက် မဖြစ်ရအောင် ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ” ဟု ရဲမှူး ကြီးက ဆိုသည်။

လူသတ်သမား အနေနှင့် ၁၉၉ဝ ပြည့်နှစ်ခန့်က ပြုလုပ်ခဲ့ သည်ဟု ဆိုသော နိုင်ငံသား စိစစ် ရေးကတ်ပြား ကိုင်ဆောင် ထား ခြင်း သာဖြစ်ပြီး အမှန်တကယ် မန္တလေးမြို့တွင်နေထိုင်ခြင်း မဟုတ် ကြောင်း ရဲမှူးကြီးက ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*