အသက် တစ်ချောင်း ထက် ပိုမျှော်မှန်းတဲ့ ရလဒ်

အသက် တစ်ချောင်း ထက် ပိုမျှော်မှန်းတဲ့ ရလဒ်
February 1, 2017 Asian Fame

11:59 am
အသက် တစ်ချောင်း ထက် ပိုမျှော်မှန်းတဲ့ ရလဒ်

_U5A5580 copy

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ရဲ့ ဗဟိုဥပဒေအ ထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီ ဟာ (၂၉.၁.၁၇) နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အ ပြင်ဘက်မှာ သေနတ်သမားတစ် ဦးရဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံခြင်း ကို ခံခဲ့ရပြီး သေဆုံးသွားခဲ့တယ်။ အဲဒီသတင်းဟာ အတော်သက် ရောက်မှုကြီးမားခဲ့ပြီး နိုင်ငံတွင်း သာမက မိနစ်ပိုင်းအတွင်း နိုင်ငံ ပြင်ပကိုပါ ပျံ့နှံ့သွားခဲ့တယ်။ လူမှု ကွန်ရက်မှာလည်း ညနေ (၅း၃ဝ) ကျော်နောက်ပိုင်း အဲဒီသတင်းကပဲ လွှမ်းမိုးသွားတယ်။ ခံစားချက် ရှိ ကြသူတွေကလည်း ခံစားချက်ကို အမြင့်ဆုံးဖွင့် ထုတ်ကြပြီး ရေးကြ သားကြတာ တွေ့ရပါတယ်။

ထင်သလောက် မြင်သလောက် ရိုးစင်းပါသလား

လူသားချင်းဖြစ်လို့ ဦးကိုနီ အ တွက် စိတ်မကောင်းပါဘူး။ လူ လယ်ခေါင်မှာ ဖြစ်သွားတဲ့အတွက် မြင်သလောက်မရိုးစင်းဘူးလို့ ယူဆ တယ်။ ဦးကိုနီရော သတ်တဲ့သူရော ဟာ ချကျွေးခံသူတွေ ဖြစ်နိုင်ပါ တယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ထုတ်ဖော်မှု ထွက်မလာခင်မှာ စိတ်အလိုမလိုက် ဘဲ ထိန်းသိမ်းနိုင်ကြဖို့ အထူးလို အပ်ပါလိမ့်မယ်။ အစွန်းနှစ်ဖက် ဖြစ်စေမယ့် ပို့စ်တွေ၊ ခံစားချက်   ဖောက်ထုတ်မှုတွေကို ရှောင်ရှား ပေးကြရင်း နိုင်ငံတော်ကို ကူညီကြ ပါ။ ဆင်ခြင်မှုကြီးနိုင်မှ တော်ရုံကျ မှာဖြစ်ပြီး၊ အကဲအဆတ်ဆုံး အချိန် ရဲ့ နိဒါန်း ဖြစ်ပါလိမ့်မယ်။ Preconception ဆိုတဲ့ စိတ်အခံယူဆ ချက်တွေကို ဘေးဖယ်ထားပြီး စဉ်း စားကာမှ   တော်ရုံကျမယ့် အခြေအ နေတစ်ရပ်လို့ မျှဝေလိုပါတယ်။

အသက်ထက်ပိုတဲ့ ရည်ရွယ်ချက်

ပြောရရင် အဲသလို တွေးနိုင် အောင်၊ အဲသလိုမြင်နိုင်အောင် ဖန် တီးထားတာလို့မြင်တယ်။ နောက် ကွယ်က ကိစ္စရပ်တွေ ရှိနေရလိမ့် မယ်။  သေစေရုံသက်သက် ဆိုရင် ဒီလို ဘယ်လို လုပ်လိမ့်မလဲ။ အခုမြင်ကွင်းနဲ့ နေရာကသေစေရုံ သက်သက်ထက် အများကြီးပိုနေ တယ်လို့ ထင်တယ်။ တစ်ချက်ခုတ် လေး၊ ငါးချက်ပြတ်သဘော ဖြစ် နေသလားလို့။ သေနတ်သမားရော၊ ဦးကိုနီရောက အသုံးချခံသေ ဘာ ဖြစ်နေနိုင်တယ်၊ ပြောရရင် … သေ စေရုံ သက်သက်ထက်ပိုတဲ့ ရည် ရွယ်ချက်တွေ ရှိနေပါလိမ့်မယ်။ ဦးကိုနီ အသက်တစ်ချောင်း ထက် အများကြီး ပိုတဲ့ရလဒ်ကို မျှော်မှန်း ထားဟန်ရှိတယ်။  ဒါကြောင့် … သာမန် တွေးနိုင်၊ မြင်နိုင်တာ နောက်ကို လိုက်ပြီး ခပ်လွယ် လွယ် လက်ညှိုး မထိုးကြဖို့ လိုပါတယ်။ သမ္မတရုံး ကလည်း စနစ်တကျ ဖိဖိစီးစီး ကိုင်တွယ်ဖော်ထုတ်မယ် လို့ ကြေညာထားနေပါပြီ။ ဘာပဲ ပြောပြော ဧည့်စာရင်း ပယ်ဖျက်မှု လုံခြုံရေးစည်း ကျိုးပျက်မှုကြောင့် လုံခြုံရေး အားနည်းသွားခဲ့တာ တော့ ငြင်းမရတော့ဘူး …။

တစ်လှမ်းတိုးတွေးကြည့်နိုင်

ဦးကိုနီဟာ NLD မှာ အရေး ပါတဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ ဥပဒေပိုင်း ဆိုင်ရာမှာလည်း ဒေါ်အောင်ဆန်း စုကြည် အားကိုးရတဲ့သူတစ်ဦး   ဖြစ်နေတယ်။ အခုလည်း ပြန်ကြား ရေးဝန်ကြီး ဦးဖေမြင့် ဦးဆောင် သွားတဲ့ အင်ဒိုနီးရှားခရီးစဉ်ရဲ့ အ ပြန်မှာ လုပ်ကြံခံရရှာတာပါ။
ထူး ခြားတာက …လေဆိပ်အပြင် ဘက် ပျားပန်းခပ်မျှ လူစည်ကား တဲ့နေရာမှာ အသာတကြည်နောက် ကနေ ဦးခေါင်းကိုတေ့ပြီး ပစ်သွား တာ။ ပြောရရင် ဦးကိုနီ အသက် ထက် ဦးကိုနီအသက်ကို အရင်းပြု ပြီး နိုင်ငံတကာသက်ရောက်မှုကြီး ကြီးမားမားကို ပိုလိုချင်နေ ဟန်ရှိ ပုံရတယ်။ ဦးကိုနီ အသက်တစ် ချောင်းအတွက်ဆိုရင် တခြား နေရာမှာ လုပ်ကြံနိုင်ပါတယ်။ သုံး သွားတဲ့ သေနတ် က(၉)မမ ပစ္စတို၊ အတော်ဟောင်းနေပြီး တကူးတက ရှာဖွေထားရတဲ့ပုံပဲ။ ခေတ်ပေါ်ပုံစံ တွေ အများကြီးရှိနေပါတယ်။ သေ နတ်တစ် လက်တန်ဖိုး ဘာမှလည်း မရှိပါဘူး။ (၉)မမဆိုတာနဲ့ တပ်ကို မျက်စောင်းထိုးစေချင်တဲ့ သဘော တွေ့ရတယ်။ တချို့ကလည်း မရဲ တရဲနဲ့ စိတ်အခံရှိတဲ့အတိုင်း မဘသ လိုလို၊ မျိုးချစ်လိုလို စိတ်မှန်းနဲ့ ရေး ကြတာလည်း တွေ့ရတယ်။ အများ မြင်သာတဲ့ လူလယ်ကောင် လုပ်
ကြံမှုမျိုးကထွက်ပေါ်လာတဲ့ ရလဒ် မျိုးကို မျှော်မှန်းချင်တာ ဘယ်လို လူမျိုးရှိမလဲဆိုတာ စဉ်းစားသင့်တယ်။ ဖြစ်နိုင်ခြေများတာကို လောေ လာဆယ် စဉ်းစားကြည့်စေ ချင်တယ်။ အတိအကျကတော့ သေနတ်သမားကို အရှင်မိထားတဲ့ အတွက်ကြောင့် စစ်ဆေးပြီးတဲ့အ ခါ
အဖြေတစ်ခု ထွက်လာပါလိမ့် မယ်။

ICG  ကြေညာချက်

International Crisis Group ကနာရီပိုင်းအတွင်း ကြေညာချက် တစ်ခုထွက်လာတယ်။ (၂၉.၁. ၂ဝ၁၇) နေ့နဲ့ဆိုတော့ ဦးကိုနီသေ ဆုံးပြီး နာရီပိုင်းအတွင်းဆိုတာ သတိပြုမိကြပါလိမ့်မယ်။ ဘာကြောင့် အခြားအဖွဲ့အစည်းတွေ မထုတ် ပြန်နိုင်မီ (နာရီပိုင်းနဲ့) ထုတ်ပြန်   နိုင်ခဲ့ပါသလဲ။  ထုတ်ပြန်မှုရဲ့ ခေါင်းစီးကို လေ့လာပါဦး…           “Myanmar Assassina-tion shows Urgent Need for Unity against Hate Crimes” အ ကြီးအကျယ် သွေးထိုးပေးပြီး လှုံ့ ဆော်လိုက်တာပါပဲ။ အုပ်စုတွေ၊ လူ့အဖွဲ့အစည်းတွေ အင်အား ကောင်းေ ကာင်းနဲ့ ထိပ်တိုက်တွေ့ ဆုံစေပြီး နိုင်ငံကို ပရမ်းပတာနဲ့ ထိန်းသိမ်းလို့ မရအောင် မီးထိုးပေး လိုက်တဲ့သဘောဖြစ်နေတယ်။ ရေး ထားတာကလည်း မွတ်စလင်လူ့အ ဖွဲ့အစည်းနဲ့ ကျန်တဲ့မြန်မာတွေကို ထိပ်တိုက် လမ်းကြောင်း တင်ပေး လိုက်သလို ဖြစ်နေပြန်တယ်။ အတွင်းစာထဲမှာ ရခိုင်ဒေသ တပ် မတော်ရဲ့ ‘ရက်စက်မှု’ဆိုပြီး ဆွ ထားတာ တွေ့ရတယ်။ ရှေ့တန်း ရဲစခန်းတွေကို စနစ်တကျလေ့ကျင့် ထားတဲ့  အကြမ်းဖက်သမားတွေ ဝင်ရောက် စီးနင်းသတ်ဖြတ်ခဲ့တာ က စခဲ့တဲ့ဇာတ်လမ်းကိုတော့ ရေး ထားတာမတွေ့ရဘူး။

တစ်လှမ်းထပ်တိုး စဉ်းစားရင်

အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့ နောက်ပိုင်း ကမ္ဘာမှာ အတော်လေး အပြောင်းအလဲတွေ ဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြ တယ်။ ထရမ့် သမ္မတ တာဝန်လက် ခံပြီး ထုတ်လိုက်တဲ့ နထနခကအငလန ဥမိနမ တွေက ရက်ပိုင်းအတွင်း ခပ်ကြမ်းကြမ်းနဲ့ ပြတ်ပြတ် သား သားတွေချည်းပဲဖြစ်လို့  အထက် ပါသုံးသပ်ချက်တွေ ပိုခိုင်မာလာခဲ့ တယ်။  ထရမ့်တက်လာပြီး အိုဘား မားလက်ထက်က ခန့်ခဲ့တဲ့ သံအ မတ်ကြီးတွေ အားလုံးကို  အငြိမ်း စားပေးလိုက်တာဟာ… အို ဘားမားရဲ့ အစီအစဉ်တွေအားလုံး ကို အခြေခံကနေ ဗုန်းဗုန်းကျ ရိုက်ချိုးပစ်လိုက်ခြင်းပါပဲ။ ‘ထရမ့်-တရုတ်’ ထိပ်တိုက်တွေ့မယ့်ပုံစံက ‘အိုဘားမား-တရုတ်’  ထိပ်တိုက် တွေ့ခဲ့တဲ့မဟာဗျူဟာ နဲ့ခြားနား   နေတယ်။TPP – Trans Pacific  Partnership  က အမေရိကန် နုတ် ထွက်လိုက်တာ ဟာပစိဖိတ်ဒီဘက် အခြမ်းကို စိတ်မဝင်စားေ တာ့ဘူး ဆိုတဲ့သဘောပါ၊ သမ္မတတစ်ဦး စိတ်မဝင်စားတော့တဲ့ အကြောင်း အရာဆိုရင် ‘ထောက်ပံ့မှု’ တွေ မရ တော့ဘူးဆိုတဲ့သဘော   ဖြစ်လာပါ တယ်။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ ဒေါ်လာသန်း ၅ဝဝ ကျော် အသုံး ပြုခဲ့ပါတယ်လို့ အမေရိကန်အဖွဲ့ အစည်းတစ်ခုက တရားဝင် ထုတ် ဖော်ပြောဆိုထားတာကို သတိရ ကြပါလိမ့်မယ်။ အဲဒါနဲ့ ဆက်စပ် ကြည့်မယ်ဆိုရင် ‘မြန်မာ့နိုင်ငံရေး မှာ ထဲထဲဝင်ဝင်ဝ င်ရောက် အကွက် ရွှေ့သူတွေရဲ့ အကျပ်အတည်းကို တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုတော့ …ဦးကိုနီကိစ္စ ဟာ ငြိမ်းတော့မယ့်မီးရဲ့ နောက် ဆုံး တောက်လောင်ခြင်း ဖြစ်လာ လေမလားလို့ ဆက်စပ် တွေးကြည့် မိတယ်။ အိုဘားမား လက်ထက် ရေနံထွက်နိုင်ငံတွေနဲ့ အဆက်အ စပ်ကြီးကြီး ရှိနေတယ်ဆိုတဲ့ သတင်းက အတော်ပျံ့နှံ့နေပါပြီ။
ဒီနေရာမှာ ဆိုးရော့စ်လည်း ပါဝင် ခဲ့တယ်၊ မြန်မာနိုင်ငံအတွင်း OIC  က ငွေကြေး စီးဆင်းမှုတွေ အ ကြောင်း သတင်းတွေ ထွက်လာခဲ့ တယ်။

ဦးကိုနီအနေနဲ့ (၁၉၈၂) နိုင်ငံ သားဥပဒေနဲ့ (၂ဝဝ၈) ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုး စားတာ အတော်များများ သိပြီး ဖြစ် ပါတယ်။ အဲဒီအချက်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်း စားပုံနဲ့ ကွာခြားခဲ့လို့ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် အလုပ် အင်မတန် များပြားလို့ဖြစ်ဖြစ်၊ ဦးကိုနီနဲ့ အရင်ကလောက် ထိတွေ့ မှုမရှိခဲ့တော့ပါဘူး။ နောက်ပြီး အ ရှေ့မြောက်ခြမ်းမှာ တိုက်ပွဲတွေဖြစ် နေတယ်။ လက်နက်ကိုင် တချို့ ဟာ CIA  နဲ့ လိုအပ်တာထက် ပိုနီး စပ်လွန်းနေပြန်တယ်။ တရုတ်ကြီး စိတ်ဆိုးစေတဲ့အထိ နီးစပ်မှု ဖြစ်ခဲ့ တာကလည်း ထည့်သွင်းစဉ်းစားရ မယ့်အပိုင်း ဖြစ်နေပြန်တယ်။

အဲဒါတွေအားလုံးကို ဆက် စပ်ကြည့်လိုက်မယ်ဆိုရင် အဖြေ တစ်ခုတော့ရလောက် ကောင်းမယ် လို့ ယူဆတယ်။ ဖြစ်ရမယ်လို့ မဆို လိုပါဘူး။ ဖြစ်နိုင်ခြေများတယ်လို့ ဆက်စပ် တွေးယူနိုင်တာကိုပဲ ထောက်ပြတာပါ။

နောက်ကွယ်က တရားခံ ဘယ်သူဆိုတာကို ဖော်ထုတ်ဖို့ကို တော့ အစိုးရက တာဝန်ယူသွားပါ လိမ့်မယ်။ ဒါကြောင့် မြင်သ လောက် မရိုးစင်းဘူးလို့ရေးရတာ ပါ။ သေနတ်သမားရော၊ ဦးကိုနီ ရောဟာ ဓားစာခံတွေ သက်သက် မျှသာပါ၊

အသက်တစ်ချောင်းထက် ပိုတဲ့ ရလဒ်ကို မျှော်မှန်းပြီး အခု ဖြစ်စဉ်ကို ဖန်တီးခဲ့တယ်လို့ပဲ သုံး သပ်နိုင်ပါတယ်။ သေနတ်သမား တောင်မှ သူ့ကို နောက်ဆုံး ခိုင်းစေ သူကို သိဟန်ရှိမှာ မဟုတ်လောက် ပါဘူး။ နှစ်ဆင့် သုံးဆင့်ခံပြီးမှ အခုအလုပ်ကို လုပ်ရတဲ့သူ ဖြစ်ပါ လိမ့် မယ်။ သမ္မတရုံးက ကြေညာ ထားတဲ့အတိုင်း သေချာစစ်ဆေးပြီး ဖော်ထုတ်ပါ။ တရားခံကို အားမနာ တမ်း တိတိကျကျ ဖော်ထုတ်ေ ပးစေ  လိုပါတယ်။ ဒါမှ အဖြူအမည်း ကွဲ ပြီး ခံစားချက် အခြေခံလွန်းတဲ့ ပြည်သူတွေ  အသိအမြင်ရနိုင်ကြ မှာ ဖြစ်ပါတယ်။ သေချာတာ တစ်ခု ကတော့ မြင်သလောက် မရိုးစင်း ပါဘူး။ ဦးကိုနီဟာ နယ်ရုပ် တစ် ရုပ်သာဖြစ်ပြီး အဲဒီနယ်ရုပ်ကို အ ရင်းပြုပြီး ပိုကြီးတဲ့ရလဒ်ကို   မျှော် မှန်းကြသူတွေရဲ့ စီစဉ်မှုတစ်ခုလို့ပဲ သုံးသပ်ပါရစေ။

နေဇင်လတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*