သတ်မှတ်ကာလပြီးဆုံးသော်လည်း ရခိုင်ပြည်နယ်အတွင်း ထပ်မံပေါ်ပေါက်လာသော အခြေအနေများကြောင့် အစီရင်ခံစာတင်ပြရမည့်ရက်ကို အချိန်အကန့်အသတ်မရှိ တိုးမြှင့်

သတ်မှတ်ကာလပြီးဆုံးသော်လည်း ရခိုင်ပြည်နယ်အတွင်း ထပ်မံပေါ်ပေါက်လာသော အခြေအနေများကြောင့် အစီရင်ခံစာတင်ပြရမည့်ရက်ကို အချိန်အကန့်အသတ်မရှိ တိုးမြှင့်
February 1, 2017 Asian Fame

2:09 pm
သတ်မှတ်ကာလပြီးဆုံးသော်လည်း ရခိုင်ပြည်နယ်အတွင်း ထပ်မံပေါ်ပေါက်လာသော အခြေအနေများကြောင့် အစီရင်ခံစာတင်ပြရမည့်ရက်ကို အချိန်အကန့်အသတ်မရှိ တိုးမြှင့်
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကော်မရှင်အဖွဲ့ဝင်များ မောင်တောဒေသသို့ ကွင်းဆင်းစစ်ဆေးခဲ့စဉ်။ (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကော်မရှင်အဖွဲ့ဝင်များ မောင်တောဒေသသို့ ကွင်းဆင်းစစ်ဆေးခဲ့စဉ်။ (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၃၁

သတ်မှတ်ကာလပြီးဆုံး သော် လည်း ရခိုင်ပြည်နယ်တွင်း ထပ်မံ ပေါ်ပေါက်လာသော အခြေအနေ များကြောင့် ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်သော ရခိုင်ပြည်နယ် စုံ စမ်းစစ်ဆေးရေးကော်မရှင်၏ အစီ ရင်ခံစာတင်ပြရမည့်ရက်ကို  အချိန် အကန့်အသတ်မရှိ တိုးမြှင့် လိုက် ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာ လ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြား စောင့် ရဲတပ်ဖွဲ့စခန်းများ အကြမ်း ဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီး ယင်း အကြမ်းဖက် တိုက်ခိုက်ခံရမှု အပေါ် နောက်ခံအခြေအနေများ နှင့် အဖြစ်မှန်ပေါ်ပေါက်စေေ ရး၊  နောင်အလားတူ အဖြစ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင် ရွက်ချက်များတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ လုပ်ထုံးလုပ် နည်း များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိ အပြီးသတ်အစီရင်ခံစာကို ဒုတိ ယသမ္မတ ဦးမြင့်ဆွေဦးဆောင်သော စုံစမ်းစစ်ဆေးရေးေ က်ာမရှင်သည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တင် ပြရမည်ဖြစ်ကြောင်း သတ်မှတ်ထား ပြီးဖြစ်သည်။

သို့သော် နောက်ပိုင်းဖြစ်ပွား ခဲ့သော ကိစ္စရပ်များအပေါ်တွင် အစီရင်ခံစာသည် ပိုမိုပြည့်ပြည့်စုံစုံ ဖြစ်ရန်အတွက် အချိန်တိုးတောင်း ရခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ဒေါက်တာအောင် ထွန်းသက်က ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

”နောက်ပိုင်းဖြစ်လာတဲ့ ကိစ္စ တွေရှိတယ်လေ။ ဒါတွေကိုပြန်ပြီး စစ်ဆေးဖို့၊ စုံစမ်းဖို့ အချိန်လိုတဲ့အ တွက် အချိန်တိုးပေးတဲ့သဘောဖြစ် ပါတယ်။ အစီရင်ခံစာလည်း ပိုပြီး ပြည့်ပြည့်စုံစုံဖြစ်သွားဖို့ အတွက် ပါ” ဟု  ၄င်းက ဆိုသည်။

ကော်မရှင်အဖွဲ့သည် ရခိုင် ပြည်နယ်အတွင်း ပဋိပက္ခဖြစ်သည့် ဧရိယာများသို့ သွားရောက်ကွင်း ဆင်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ မောင်တော ဒေသသို့ နယ်မြေကွင်းဆင်းစစ်ဆေး မှုများ ပြုလုပ်ခဲ့သည့် ရလဒ်များကို  ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် တွင် သတင်းထုတ်ပြန်ခဲ့သေးသည်။

ယင်းသတင်း ထုတ်ပြန်မှုများ အပြီးတွင် ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု လူမှု ကွန်ရက် ပေါ်သို့ပျံ့နှံ့ခဲ့ကာ ယင်းအပေါ်တွင် ဝေဖန်မှုများမြှင့်တက်ခဲ့သည်။

ယခု ကော်မရှင်၏ အချိန်တိုး တောင်းသည့် ကိစ္စတွင် ထပ်မံဖြစ် ပေါ်လာသော အခြေအနေများကို စုံစမ်းစစ်ဆေးရန်ဟု ဆိုထားေ သာ် လည်း တိကျသည့်အချိန်ကာလ တစ်ခု သတ်မှတ်ထားခြင်းမရှိပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍မူ ဒေါက်တာအောင်ထွန်းသက်က    ”ပြန်ပြီး စုံစမ်းစစ်ဆေးရဦးမှာဆို တော့ ရက်သတ်မှတ်ထားခြင်း မရှိ တာပါ” ဟု ဆိုသည်။

ယင်းကဲ့သို့ အချိန်ကာလတိုး မြှင့် သတ်မှတ်ခြင်းကိစ္စကို နိုင်ငံ တော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၂ဝ/၂ဝ၁၇ ဖြင့် ဇန်နဝါရီ လ ၃ဝ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*