လူအများ မြင်သာတဲ့ နေရာမှာ ရွေးပြီး လုပ်တာဖြစ်တဲ့ အတွက် အားလုံးကို ခြိမ်းခြောက်တယ် လို့ သုံးသပ်မိတယ်

လူအများ မြင်သာတဲ့ နေရာမှာ ရွေးပြီး လုပ်တာဖြစ်တဲ့ အတွက် အားလုံးကို ခြိမ်းခြောက်တယ် လို့ သုံးသပ်မိတယ်
February 1, 2017 Asian Fame

2:25 pm
လူအများ မြင်သာတဲ့ နေရာမှာ ရွေးပြီး လုပ်တာဖြစ်တဲ့ အတွက် အားလုံးကို ခြိမ်းခြောက်တယ် လို့ သုံးသပ်မိတယ်

Zarganarအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သည် ဇန်နဝါရီ ၂၉ ရက် ညနေ ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်သမား တစ်ဦး၏ လုပ်ကြံမှုကြောင့် နေရာ ၌ပင် ကွယ်လွန်ခဲ့ ရသည်။ ဖွဲ့စည်း ပုံအခြေခံ ဥပဒေရေးရာ ကို အထူး ကျွမ်းကျင်သူ၊ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှစ၍ ပါတီ၏ အခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များ ကို ကွယ်လွန်ချိန် အထိ တက်တက် ကြွကြွ ပါဝင်ခဲ့သူ ဦးကိုနီ လုပ်ကြံခ ရခြင်းနှင့် ပတ်သက်၍ အနုပညာရှင် အချို့၏ အသံများကို မေးမြန်း ဖော်ပြလိုက်ပါသည်။

ဇာဂနာ

တိကျသေချာတာ တစ်ခုက တော့ ဒီအမှုက ပေါ့ပျက်ပျက် နဲ့ လုပ်ကြံထားတဲ့ အမှု မဟုတ်ဘူး။ တကယ်ကို ချက်နဲ့ လက်နဲ့လုပ်တယ် လို့မြင်တယ်။ ဘာဖြစ်လဲ ဆိုတော့ တမင်သက်သက်ကို လူများသူများ တဲ့နေရာကို မှ ရွေးပြီးလုပ်တယ်။ ဒါဟာကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင် တယ်။ တကယ့်နိုင်ငံ ထိပ်တန်း   ခေါင်းဆောင်တွေဆီ မှာတော့ လုံခြုံရေးတွေ အသီးသီး ရှိတယ်။ မရှိတဲ့ လူတွေအတွက် ထပ်ငှားနေ ရမှာလား။ မေးစရာဖြစ်လာပြီ။ ဘယ်မှာလဲ ဘတ်ဂျက်။  ကျွန်တော် ကတော့ မြင်တယ်။ ဒီလူတွေ အလုပ်လုပ် ကြတော့မယ်။ အလုပ် လုပ်တော့မယ့် ဒီလူတွေ အားလုံး အတွက် လုံခြုံရေးတွေ ပေးနေရ မယ်ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူများများ လူရှိတဲ့နေရာ အချက် အခြာဖြစ်တဲ့ နေရာတွေမှာ ထိပ် တန်း ခေါင်းဆောင်တွေ၊ ပါဝင်လုပ် ကိုင်သူတွေ မထွက် လာနိုင်အောင် ခြိမ်းခြောက်တယ် လို့ သုံးသပ်မိတယ်။ အဲဒီလို ခြိမ်းခြောက်တဲ့ အတွက်နဲ့ ကျွန်တော်တို့ ငြိမ်နေစရာ မလိုဘူး။ များများ ထွက်ပေးရမယ်။ သတ် ချင်လည်းသတ် တိုင်းပြည်အတွက် အလုပ်လုပ်တာ ဖြစ်တယ်။ ဒီလူကြီး ကစိတ်ကောင်းရှိတယ်။ သူ့မိသား စုနဲ့ထပ်တူ ကျွန်တော် စိတ်မ ကောင်းဖြစ်ရတယ်၊ ကြေကွဲရတယ်။ သူသည် NLD အတွက် တကယ် အလုပ် လုပ်ခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်။ လူတွေ တွေးနေသလို တော့ မတွေးဘူး။ လုံခြုံရေးအရ အရေးကြီး လာပြီ မှန်တယ်။ ကျွန် တော် အသက်ရှင် နေသမျှ ကာလ ပတ်လုံး မြန်မာ့ သမိုင်းမှာ ဒါပထမ ဆုံး တွေ့ဖူးကြုံဖူး တာပါပဲ။ ဒီအမှု ကိစ္စနဲ့ ပတ်သက်ပြီးတော့ လတ် တလော ကျွန်တော့် အနေနဲ့သုံး သပ်မိတယ်။ လူအများ မြင်သာတဲ့ နေရာမှာ ရွေးပြီး လုပ်တာဖြစ်တဲ့ အတွက် အားလုံးကို ခြိမ်းခြောက် တယ်လို့ သုံးသပ်မိတယ်။ ဒါကို ဗီဒီယို ရိုက်ပြီး တင်နေတဲ့သူတွေကို မတင်စေချင်ဘူး။
ကျန်ရစ်သူ မိသားစုတွေ အတွက် စိတ်မကောင်း စရာ ဖြစ်တယ်။ ဗီဒီယို ရိုက်ပြီး တင်နေတဲ့လူတွေ မတင်ကြပါနဲ့ တော့လို့ မေတ္တာ ရပ်ခံချင်တယ်။
ဒီလို ကိစ္စက လွယ်လွယ် နဲ့ ဖြေရှင်း လို့ရမယ့် ကိစ္စတစ်ခု မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အလုပ် လုပ် နေတဲ့ လူတွေကို ခြိမ်းခြောက်နေ သလိုဖြစ်တယ်။ ဒီလို ရိုက်တင်တော့ လူသတ်သမားတွေ ရည်မှန်းချက် အောင်မြင်တယ်လို့ မြင်တယ်။ အခု ရုပ်သံလိုင်းတွေ ပါ ပြတော့ တော်တော် ဆိုး တယ်။ အခု ဒီကိစ္စ ဖြစ်တော့ လိုက်ဖမ်းနေတာ တာဝန် သိပြည်သူတွေပါ။ အဲဒါမှ တကယ် တိုင်းပြည်ကို ချစ်တဲ့လူ။ သူ့ရှေ့မှာ မတရားတာ တွေ့တော့ အသက်ကို ပဓာနမထားဘဲ လိုက်ဖမ်းတယ်၊ သူပါ အသက်စွန့်ရတယ်။ အဲဒါမှ တကယ် တိုင်းပြည် နဲ့လူမျိုးကိုချစ် တဲ့လူ။ လူစိတ်ရှိတဲ့လူ။ သတင်း ဌာနတစ်ခုက ပြလိုက်တော့ ကမ္ဘာ တစ်ခုလုံးက မြင်သွားပြီ။ ညတွင်း ချင်း စာတွေရေးနေကြပြီ။ တရား ခံကို လက်လွတ်စပယ် မလုပ်ပါနဲ့၊ သေချာကိုင်တွယ်ပါ၊ တကယ် အရေးကြီးတဲ့လူ ဖြစ်သွားပြီ။ အဲဒီ ကနေ တစ်ဆင့် အမှန်တရားကို ဖော်ထုတ် ပေးစေချင်တယ်။ ဒီ ကိစ္စက နိုင်ငံရေး၊ ပါတီအရေး မဟုတ်ဘူး လို့ဘဲ ယာယီ အားဖြင့် သုံးသပ်ရမယ်။ အဲဒီတော့ သွေးဆူ ပြီးတော့ တုံ့ပြန်မှုတွေ မလုပ်ကြပါနဲ့၊ သွေးထိုးပေးတိုင်း လိုက်မတိုးပါနဲ့ လို့ပြောချင်တယ်။ လက်သည် တရားခံကို မမိသေးဘူး။ သတ်တဲ့ လူကိုပဲ မိထားသေးတယ်။ ဒီလူက လူသတ် တရားခံပဲ ဖြစ်နေမယ်။ လက်သည် မမိသေးဘူးလေ။ သူ့ နောက်မှာ ရှိကိုရှိရမယ်။ သူယူ ဆောင်လာတဲ့ သေနတ်က ၂ လက် တောင်။ ပြီးတော့ အရပ်သား တစ်ယောက် သေနတ်ကိုင်တာ သူ့ နောက် မှာရှိတဲ့ ပင်ရင်းကို ရှာဖွေရ မယ်။ ပင်ရင်းကိုတွေ့ပြီ ဆိုလည်း ဒေါသနဲ့ မတုံ့ပြန်ပါနဲ့။ လုံခြုံရေး တွေပေးနေ ရလောက်အောင် လည်း ဦးကိုနီ အနေနဲ့ကတော့ တကယ့်တကယ် NLD ရဲ့ထိပ်တန်း ဝင်ခေါင်းဆောင် တစ်ဦး မဟုတ် သေးဘူးလေ။ ဥပဒေ အကြံပေး တစ်ယောက်သာ ဖြစ်တယ်။ ဒီလိုလူတိုင်းကို လိုက်ပြီးတော့ လုံခြုံရေး ယူနေရလောက်အောင် လည်း မဖြစ်နိုင်ဘူးလေ။ အဲဒီလို လုပ်ပေး ရအောင်လည်း အခက် အခဲတွေ အများကြီး ရှိတယ်လေ။ ဦးတင်ဦး၊ ဦးဝင်းထိန်၊ ဒေါ်အောင် ဆန်းစုကြည် လိုမျိုးဆိုရင်တော့ ယူကို ယူရတော့မယ့် အခြေအနေ ဖြစ်နေပြီ။ သူကိုယ်တိုင် ငှားမှသာ လျှင်ဖြစ်နိုင်မှာ။  သူကိုယ်တိုင်လည်း ဒီလိုဖြစ်မယ် လို့လည်း ဘယ်တုန်း ကမှ တွေးနေမိမှာ မဟုတ်ဘူး။ အခုဒီကိစ္စကို လူပြော အများဆုံး ဖြစ်နေလိမ့်မယ်။

စောဖိုးခွား

နိုင်ငံရေး လှည့်ကွက်လား။ နိုင်ငံရေး နဲ့ပတ်သက်လာရင် ခေတ် အဆက်ဆက်က ညစ်ပတ်မှုများ တယ်။ အခု ဦးကိုနီကို ပစ်သတ် သွားတာ ဘာကြောင့်လဲ မသိသေးရ ပေမယ့် သူသည် နိုင်ငံရေးမှာ NLD ပါတီရဲ့ ဥပဒေအကြံပေး တစ်ယောက်ဖြစ်တယ်။ အခုဖြစ် ပျက်နေတဲ့  နိုင်ငံရေးကို ဝိုင်းပြီး အစိုးရ အသစ်နဲ့ လုပ်ဆောင်နေ ရတဲ့အချိန်မှာ အင်အားကြီးခဲ့တဲ့ စနစ်ဆိုးက ပြည်သူတွေကို အမျိုး မျိုး လှည့်စားနေတယ်။ သတိထားဖို့ လိုတယ်။ လုံခြုံရေး ယူရမယ် ပေးရမယ် ပြောတဲ့ အပေါ်ကတော့ ကျွန်တော်မြင်တယ်။ သူများနိုင်ငံ မှာလည်း လုံခြုံရေးတွေ ယူပြီး အသတ်ခံနေ ရတာ အများကြီးပါပဲ။ ပြည်သူတွေ ကြားမှာပဲ ကိုယ့် လုံခြုံရေးကိုယ် ယူဖို့ လိုတယ်။ လူတွေက မှိုင်းတိုက်ခံ ရတဲ့နှစ်တွေ နည်းတာမှ မဟုတ်တာ။ လုံခြုံရေး ကတော့ ဘယ်လို ပေးပေးပါလုပ် ကြံချင်တဲ့သူက ချောင်းနေမှာပဲ။ အဲဒီစနစ်ဆိုးရဲ့ အသိတရားတွေကို ဆေးကြောပေးဖို့ အခုအစိုးရက လုပ်ဆောင်နေတာပဲ။ ချက်ချင်း လုပ် ချက်ချင်းကောင်း အဲဒီလို တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခု ဦးကိုနီ ကိုလုပ်ကြံလို့ ကျန်တဲ့ သူတွေအားလုံး လုံခြုံရေးပေးနေ ရမယ် ဆိုတာကတော့ မဟုတ်ဘူး လေ။ ဒီကိစ္စမှာ အထူးသဖြင့် အဆိုး ထဲက အကောင်းလို့ ပြောရမယ့် ကိစ္စက ကိုနေဝင်း။ သူသည်သာမန် ပြည်သူ တစ်ယောက် ဖြစ်တယ်။ သူ့ရှေ့မှာ မတရားမှုကို တွေ့ပြီး ချက်ချင်း ကူညီဆောင်ရွက်တတ် တဲ့ စိတ်ဓာတ် ရှိတယ်။ အဲဒီလို စိတ်ဓာတ်တွေ အများကြီး လိုအပ် သေးတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*