ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နှင့် တွေ့ဆုံမေးမြန်းခြင်း
January 26, 2017 Asian Fame

11:33 am
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

Cele-3မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး အတွက် ယခင် အစိုးရက ပေးအပ် ထားသော မြေဧက ၂ဝဝ နှင့် ပတ်သက်၍ လက်ရှိအစိုးရ ထံပြန်အပ်ရ မည် ဟူသော ကောလာဟလများ လက်ရှိတွင် ပျံ့နှံ့လျက် ရှိသည်။ လှည်းကူးမြို့နယ်မှ ဧက ၂ဝဝ ရှိ အဆိုပါမြေတွင် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံး၏ ရုပ် ရှင် စတူဒီယိုကြီးတစ်ခု တည် ဆောက်သွားရန် လျာထားသည်ဟု သိရ သည်။ ထို့ကြောင့် အဆိုပါမြေ ကိစ္စနှင့် ပတ်သက်၍ ရုပ်ရှင်အ စည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းကို တွေ့ဆုံ မေးမြန်း ဖော်ပြလိုက်ပါ သည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်က မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးပိုင် မြေနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ခုဖြစ်နေတယ်၊ ပြန်အပ် ရမယ်ဆိုတာ ဟုတ်ပါသ လား။

အဲဒီကိစ္စ က မဟုတ်ပါဘူး။ ကျွန်တော်တို့ ယူထားပြီး လုပ်ငန်း မစတင်နိုင်သေးလို့ အဲဒီလိုထင်မြင် ကုန်တာပါ။ အခု လက်ရှိမှာ ရန် ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးအတွက် အရင်အစိုးရပေး ထားတဲ့ မြေနဲ့ပတ်သက်ပြီး မြေပုံစံ ကိုပြောင်းရမယ် လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ပါတယ်။ အစ်ကိုတို့က အဲဒီအတွက် သေချာ စိစစ်ရေးဆွဲထားတယ်။ Master Plan ထွက်ဖို့ အင်ဂျင်နီ ယာ အသင်းချုပ်နဲ့၊ ဝန်ကြီးချုပ်က ဆက်သွယ် ပေးမယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကို စောင့်ဆိုင်းနေပါတယ်။

လုပ်ငန်း စတင်ဖို့ ကြန့်ကြာတာနဲ့ ပတ်သက်ပြီး ရှင်းပြစေလိုပါတယ်။

ဒီမြေဧက၂ဝဝ ပေါ်မှာစတင် ပြီး လုပ်ငန်း လည်ပတ်ဖို့ ဆိုတာ အ စကောင်း မှ အနှောင်းသေချာမယ် ဆို တော့သေချာ စိစစ်နေရတဲ့ အ တွက် အချိန်တွေ ကုန်တယ်။ ဧက ၂ဝဝ ဆိုတဲ့ ဒီမြေအကျယ် အဝန်း မျိုး နောက်တစ်ကြိမ် ရဖို့၊ ဒီလိုမြေ အကျယ်ပေါ်မှာ စတူဒီယိုတစ်ခု ဆောက်လုပ်နိုင်ဖို့ ဆောက်လုပ်ခွင့် ရဖို့ဆိုတဲ့ လုပ်ပိုင်ခွင့်တွေ ရရှိဖို့ မ လွယ်တော့ဘူး။ ဒါကို စလုပ်က တည်းက Master Plan နဲ့သေသေ ချာချာ ကျကျနန လုပ်မှသာ အနာ ဂတ်မှာကောင်းမှာ။ တစ်ပိုင်တစ် နိုင်ဆိုပြီး တစ်ကွက် တတ်နိုင် လို့ တစ်ကွက်ထ လုပ်ရင် မြေပျက်စီး သွားမယ်။ အဲဒီ Plan ထွက်ပြီ ဆို တာနဲ့ရင်း နှီးမြှုပ်နှံမှုတွေ ရှာရမယ်။ အခု လတ်တလော တော့ ပြင်ဦး လွင်ကမြေကိုတော့ စတင်ဆောင် ရွက်နေပါပြီ။ လတ်တလောတော့ အသေးစားပဲ လုပ်နိုင်ပါသေးတယ်။

ပြင်ဦးလွင်က မြေနေရာကို အသေး စား လုပ်ဆောင်ရခြင်းနဲ့ ပတ်သက် ပြီးတော့လည်း ရှင်းပြပေးပါ။

ပြင်ဦးလွင်မြေက မြေအရိုင်းပဲ ရှိသေးတယ်။ ပတ်ဝန်းကျင် ကလည်း တောင်ကတုံးတွေ ပဲရှိသေးတယ်။ တချို့က ခြံစိုက်ထားတယ် ဆိုပေ မယ့် အပင်တွေပဲ စိုက်ထားပြီး ဒီအ တိုင်း ထားကြတယ်။ လူသူမနေကြ သေးဘူး။ ဒီမြေတွေက အစ်ကိုတို့ အရင်အစိုးရ လက်ထက်မှာ ရထား တယ်။ မြေအမျိုးအစားက လက် ဝယ်ရယူထားပြီးပြီ။ မူလကတိအ တိုင်း သတ်မှတ်ချိန် အတွင်းမှာ လုပ်ငန်းများ စတင် ဆောင်ရွက်ဖို့ အချိန် ကျလာပြီ။ အဲဒါကို သတ် မှတ်ကာလ အတွင်းမှာ ဆောင်ရွက် မှုမရှိဘူး ဆိုရင် ပြန်အပ်ရမယ်။ ပြင်ဦးလွင်က ဧက၂ဝ ဆိုတော့ ရုပ်ရှင် အစည်းအရုံးက တတ်နိုင်တဲ့ အပိုင်းတွေမှာ လုပ်ငန်းတွေ တတ် နိုင်သလောက်လေး စတင်လိုက် တာပါ။

ပြင်ဦးလွင်မြေကို စတင်ဆောင် ရွက်တဲ့အခါမှာ ဘယ်လို အခက်အခဲ တွေ အများဆုံး ကြုံတွေ့ရပါသလဲ ရှင့်။

ပြင်ဦးလွင် မြေဧက ၂ဝ အ တွက် ဆောက်လုပ်မှုတွေ စတင် မယ်ဆိုတော့ အရင်ဆုံးသွား ရောက် လေ့လာတဲ့ အခါမှာ ပတ်ဝန်းကျင် ကဖွံ့ဖြိုးမှု မရှိသေးဘူး။ လမ်းပန်း ဆက်သွယ်ရေး မကောင်းသေးဘူး။ ရှုခင်းကတော့ ဒီရှုခင်းတွေနဲ့ သက် ဆိုင်တဲ့ ဇာတ်ဝင်ခန်းတွေ အတွက် ဆို ရိုက်ကူးရေးကတော့ မဆိုးဘူး။ ရိုက်လို့ရမယ်။ ပြင်ဦးလွင်နဲ့ လည်း မဝေးဘူး။ အဲဒီ အတွက်ကြောင့် သက်ဆိုင်ရာ ဇာတ်ကားတွေ ရိုက် ကူးလို့ရအောင် တစ်ဖက်ကလည်း အစိုးရကို လုပ်ဆောင် ကြောင်းပြ လို့ရအောင် အဆောက်အအုံ တစ် လုံး စဆောက်ဖို့ နဲ့ သက်ဆိုင်တဲ့ အ ပင်တွေ စိုက်ဖို့တော့ စီစဉ်ခဲ့တယ်။ လတ်တလောတော့ အစ်ကိုတို့ ဘက်က တတ်နိုင်တာ ဒါပဲရှိသေး တယ်။ အဓိက အခက်အခဲ က အဲဒီ လမ်း မကောင်းတာက ဖြစ်နေတယ်။

အခုလုပ်ငန်း စတင် ဆောင်ရွက်နေ ပြီဆိုတော့ ရိုက်ကူးရေးတွေ ဝင် လာတော့မယ်။ အဲဒီ အတွက် ပြင် ဆင် ထားတာလေး တွေကိုလည်း သိပါရစေ။

အခု ၂ လပိုင်းမှာ အဆောက် အအုံတစ်လုံး စတင်ဆောက်မယ်။ မေမြို့မှာဆို ထင်းရှူးတော၊ ယူက လစ်တောမှာ ရိုက်ကြတာများ တယ်။ အဲဒီ သစ်တောတွေထဲမှာ သစ်လုံးအိမ် တောပုံစံ ဆန်ဆန်လေး တွေ ကသဘာဝ ကျတယ်။ အဲဒီအ တွက်ကြောင့် အဲဒါ သုံးဘက်လှဖြစ် ဖြစ် လေးဘက်လှ ဖြစ်ဖြစ် အ ဆောက်အအုံ တစ်လုံး ဆောက် မယ်။ အဲဒါ စောင့်ဖို့ အစောင့်လည်း ထားရမယ်။ အပင်တွေ စိုက်မယ်။ လမ်းက မကောင်းဘူး။ အဲဒီပတ်ဝန်း ကျင်မှာ လူမရှိတော့ လမ်းကောင်း ကောင်း လုပ်ဖို့ ဆိုတာကလည်း မလွယ်ဘူး။ အခု လက်ရှိတော့ မြေလမ်း ရှိတယ်။ မြေက အမာ စားဆိုတော့ ဘူဒိုဇာ နဲ့တစ်ကြောင်း ဖော်လိုက်ရင် အဆင်ပြေမယ်။ အဲ ဒီအတွက် မန္တလေးတိုင်း အစိုးရအဖွဲ့ကိုတင်ပြရမယ်။ လမ်းဆက်သွယ် ရေးနဲ့ ပတ်သက်ပြီးတော့ တင်ပြ စရာရှိတာ တင်ပြရမှာပဲ။ နိုင်ငံ တော်နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် အပိုင်းတွေကို အစ်ကို တို့ဘက်က တော့ ပူးပေါင်းသွားမှာပါ။ ပတ် ဝန်းကျင်က မသာယာ သေးပေမယ့် အဲဒီမြေတွေက မေမြို့ နဲ့လည်း နီး တယ်။ လမ်းချောရင်တော့ သာ ယာလာမယ်၊ အဆင်ပြေမယ် ယုံ ကြည်တယ်။

ဧက၂ဝလုံး ထင်းရှူးတောပဲ စိုက် မယ်ဆိုတာရော ဟုတ်ပါသလား။

ဧက ၂ဝ မှာ အဓိက အပင် သဘာဝ ထင်းရှူးကို ပတ်ပတ်လည် စိုက်မယ်။ နောက်ပေါ်တဲ့ အပင် တွေထက် ထင်းရှူးကို အများဆုံး စိုက်မယ်။ မြေလည်း အများကြီး ပြင်ရမယ်။ အပင်ကြီးကြီးတွေ မရှိ တဲ့အတွက် ရေရှည် စဉ်းစားပြီး တော့ အပင်ကြီးတွေ စိုက်မယ်။ အခုရေ ကန်လည်းရှိတယ်။ တချို့ ဇာတ်ကားတွေ တောင် အခုရိုက် လို့ရတာတွေ ရှိတယ်။ ဒီဆောက် လုပ်မှု ကုန်ကျစရိတ် ကိုတော့ မြန် မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကနေ ပဲလုပ်မယ်။

ကိုလူမင်း လက်ထက်မှာ မြေဧက ၂ဝဝ နဲ့ ပတ်သက်ပြီး စတင် အ ကောင်အထည် ဖော်ဆောင်နိုင် မယ်လို့ ယုံကြည်ပါသလား။

ကျွန်တော် ဥက္ကဋ္ဌ အနေနဲ့ ရှိ နေတဲ့ အချိန်မှာတော့ ပြင်ဦးလွင်ကို အစ သဘောမျိုးနဲ့ စနိုင်ခဲ့လိမ့်မယ်။ ဒီဧက ၂ဝဝ ကိုတော့ အစ်ကို စနိုင် ဖို့ဆိုတာ ကတော့ မလွယ်ဘူး။ ဒါ ကို စနိုင်ဖို့ အရင်းအနှီး ပေါင်းများ စွာလိုအပ်မယ်။ အဲဒါတွေကို ချိတ် ဆက်ရမယ် ဆိုတော့ ကျွန်တော့် လက်ထက်မှာ မစနိုင်ဘူး။ ဒါပေ မယ့် ဒီလောကသား တစ်ယောက် ဖြစ်တာမို့ ဘယ်အချိန် မှာပဲစစ လို အပ်တဲ့နေရာမှာ ပါဝင်ဖို့၊ ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့ အဆင်သင့်ပါပဲ။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*