အကယ်ဒမီ ရွှေကြို အတွက် တစ်ပတ် အတွင်း လူဦးရေ ၄ဝဝ ကျော် လျှောက်ထား

အကယ်ဒမီ ရွှေကြို အတွက် တစ်ပတ် အတွင်း လူဦးရေ ၄ဝဝ ကျော် လျှောက်ထား
January 26, 2017 Asian Fame

11:28 am
အကယ်ဒမီ ရွှေကြို အတွက် တစ်ပတ် အတွင်း လူဦးရေ ၄ဝဝ ကျော် လျှောက်ထား

Academy-pre2(ရန်ကုန်၊ ဇန်နဝါရီ ၂၃)

၂ဝ၁၆ ခုနှစ်အတွက် အ ကယ်ဒမီရွှေကြို လျှောက်ထား သူဦးရေ ယမန်နှစ် ထက် ပိုမိုများ ပြားနေကြောင်း မြန်မာနိုင်ငံ ရုပ် ရှင်အစည်းအရုံးမှ သိရသည်။

”မနှစ်က ၂ဝ၁၄၊ ၂ဝ၁၅ နှစ် နှစ်ဆိုတော့ လာလျှောက်တာ လေးရာကျော် ငါးရာနီးပါးပါပဲ။ အဲဒီထဲမှာ အယောက် ၂ဝ ရွေး ချယ်ခဲ့တယ်။ ဒီနှစ်က တစ်နှစ် တည်းကိုပဲ လာလျှောက်တာ တော်တော်များတယ်” ဟု ရုပ်ရှင် အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးအေး ကြူလေးက ပြောသည်။.

အကယ်ဒမီ ရွှေကြိုလျှောက် လွှာများကို ဇန်နဝါရီလ ၁၆ ရက် နေ့တွင် စတင် ခေါ်ယူခဲ့ရာ ဇန်န ဝါရီလ ၂၃ ရက်နေ့အထိ (တစ် ပတ်အတွင်း) လျှောက်ထားသူ ၄ဝဝ ကျော်ရှိပြီဖြစ်သည်။ လျှောက်ထားလို သူများသည် ဇန်န ဝါရီလ ၃၁ ရက်နေ့ နောက်ဆုံး လျှောက်ထား နိုင်မည်ဖြစ်ပြီး ၄င်း တို့အနက် အမျိုးသား ရှစ်ဦး၊ အ မျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၆ ဦး သာ ရွေးချယ်သွားမည်ဖြစ်သည်။

”အဲဒီအထဲမှာ နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ ဆုရတဲ့လူဆို လျှောက်လို့ မရဘူး။ ဒီကကလေး တွေ မတက်လာမှာ စိုးလို့ပါ။ မော်ဒယ်နဲ့ ပြည်တွင်းဆု ရထား တဲ့သူတော့ ရမယ်”ဟု ရုပ်ရှင်အ စည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးအေးကြူ လေးက ပြောသည်။

လျှောက်ထားသူသည် ၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်သူနှင့် အ သက် ၂၅ နှစ်ထက် မကျော်လွန် သူ၊ အိမ်ထောင် မရှိသူ ဖြစ်ရမည် ဖြစ်သည်။ အမျိုးသမီး အရပ်အ မြင့်မှာ ငါးပေ သုံးလက်မမှ ငါးပေ ရှစ်လက်မအထိ၊ အမျိုးသားမှာ ငါးပေ ခြောက်လက်မမှ ခြောက် ပေ အထိဖြစ်ရမည်ဟု သိရသည်။

”အခုလာလျှောက်တဲ့ အထဲ မှာ ဆယ်ကျော်သက် လေးတွေ များတယ်။ ဒီရွှေကြိုကို စိတ်ဝင် စားတဲ့သူ တော်တော်များလာတာ ကို တွေ့ရပါတယ်။ အဓိကတော့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ မြင်တွေ့ခွင့်ရမယ်။ အဲဒီကတစ် ဆင့် သရုပ်ဆောင် တစ်ယောက် ဖြစ်နိုင်တဲ့ အခွင့်အလမ်း ရှိလာနိုင် သလို ရှေ့မှာလည်း ဗန်းကိုင်က တစ်ဆင့် မင်းသမီး ဖြစ်သွားတဲ့သူ တွေ အများကြီး ရှိနေတာကြောင့် အခုလို စိတ်ပါဝင် စားမှုတွေ များ လာတယ်လို့ ယူဆပါတယ်”ဟု ၄င်းက ပြောသည်။

ရွှေကြိုရွေးချယ်မှုတွင် အကဲ ဖြတ်ဥက္ကဋ္ဌအဖြစ် ဒေါ်မေသန်းနု၊ အဖွဲ့ဝင်များ အဖြစ် အနုပညာရှင် များထဲမှ ဒေါ်မို့မို့မြင့်အောင်၊ ဦး ရန်အောင်၊ ဦးရဲအောင်၊ ဒေါ်ခင် သန်းနွယ်၊ အမှုဆောင်များထဲမှ တက္ကသိုလ် ယဉ်ယဉ်လဲ့၊ ဓာတ်ပုံ မိုးမင်း၊ စာနယ်ဇင်း ဆရာများထဲ မှ ဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်၊ ကိုမျိုး (မြန်မာစာ) တို့က ဆောင်ရွက် ပေးသွားမည်ဟု သိရသည်။

၂ဝ၁၆ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ၂ဝ၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားကြောင်း သိရသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*