နှစ်ပေါင်း ၉ဝ ကျော်ပြီ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်

နှစ်ပေါင်း ၉ဝ ကျော်ပြီ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်
January 26, 2017 Asian Fame

11:16 am
နှစ်ပေါင်း ၉ဝ ကျော်ပြီ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်

အိမ်စည်
ရန်ကုန်၊ ဇန်နဝါရီ ၂ဝ

နှစ်ပေါင်း ၉ဝ ကျော်ပြီဖြစ် သည့် ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးကို ရန်ကုန်မြို့၏ အရေးပါသောအမွေအနှစ် အဆောက်အအုံအဖြစ် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ အပြာရောင် ကမ္ပည်း ပြား တပ်ဆင် လိုက်ပြီဖြစ်သည်။

အဆိုပါ အပြာရောင်ကမ္ပည်းပြားတပ်ဆင်ခြင်းသည် (YHT) အနေဖြင့် ၁၆ ခုမြောက် ကမ္ပည်းပြား တပ်ဆင်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် တပ်ဆင်လိုက်ခြင်းဖြစ်ပြီး အပြာ ရောင်ကမ္ပည်းပြားတပ်ဆင်မှုသည် ၎င်းတို့အဖွဲ့၏ လုပ်ဆောင်နေသော စီမံချက်များ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ယင်းကဲ့သို့ အပြာရောင်ကမ္ပည်းပြားတပ်ဆင်ခြင်းသည် ရန်ကုန်မြို့၏သမိုင်းကြောင်းကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ ပြည်သူများ လေ့လာနိုင်ရန်အတွက် တပ်ဆင် ခြင်း ဖြစ်ကြောင်းသိရသည်။

”ဗိုလ်ချုပ်ဈေးကြီးဟာ လာ ရောက်လည်ပတ်သူတွေအတွက် ရွှေတိဂုံပြီးရင် ဒုတိယမြောက်အရေးကြီးဆုံး ဆွဲဆောင်မှုတစ်ခု ဖြစ်လည်းဖြစ်တယ်” ဟု (YHT) ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။ အဆိုပါဈေးကို ၁၉၂၆ ခုနှစ် တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ချိန်မှ စတင်၍ နောက်ဆုံး ပေါ် ဖက်ရှင်အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ တိုင်းရင်း သားရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီ ပန်းပုစသည်ဖြင့် ယနေ့တိုင် ရောင်းချနေသည့် ဈေးကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဈေး ကြီးသည် စတင်ဖွင့်လှစ်ချိန်တွင် ထိုအခါက မြူနီစပါယ်မင်းကြီး Gavin Scott ၏ အမည်ကိုအစွဲပြု၍ စကော့ဈေးအမည်ဖြင့် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ဂျပန်ခေတ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ကိုဂုဏ်ပြုသည့်အနေဖြင့် ရန်နိုင်ဈေးဟု အမည်ပေးခဲ့သည်။ ထို့နောက် လွတ်လပ်ရေးရပြီးချိန်တွင် အာဇာ နည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို အမှတ်တရဂုဏ်ပြု သည့်အနေဖြင့် ဗိုလ်ချုပ်အောင် ဆန်းဈေးဟု အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*