ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ
January 26, 2017 Asian Fame

11:33 am
ပြည်သူတီးတဲ့ တရားစည် ပီပီသသမြည်ပါစေ

ဟစ်တိုင်၊ လူထုအော်သံ၊ ပြည်သူ့အသံ၊ အယ်ဒီတာ့ထံပေးစာ စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးပေးကာ ပြည်သူတို့၏ ပြဿနာ၊ အခက်အခဲနှင့် နစ်နာမှုများ အတွက် သတင်းစာ၊ ဂျာနယ်များ၌ နေရာပေးဖော်ပြကြသည်။ အဘယ့်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူတို့တွင် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ရှိခြင်းကြောင့်နှင့် ထိုအခွင့်အရေးကို စည်းကမ်းနည်းလမ်းတကျ အသုံးပြုရန်လိုအပ်၍ ဖြစ်သည်။ သို့သော် ပြည်သူ့အသံစစ်စစ်ကို မကြားမမြင်သော နားမျက်စိတို့ဖြင့် အလေးဂရုမထားပါက စေတနာသည် ကံ၊ အမှန်တရား ဒဏ်ခတ်ခြင်းကို ခံကြရပါလိမ့်မည်။ ထိုယုံကြည်တန်ဖိုးထားမှုနှင့်ပင် ပေါ်ပြူလာနယူးစ်ဂျာနယ်အနေဖြင့် မြန်မာပြည်သူတို့အတွက် တရားစင်မြင့် ဖွင့်ပေးလိုက်ရခြင်းဖြစ်ပြီး မိမိတို့၏ အမှန်တကယ် နစ်နာမှုများ၊ အဖိနှိပ်ခံရခြင်းများ၊ အဂတိတရားများနှင့် အပစ်ပယ်ခံ တရားမျှတခြင်းတို့အတွက် ကြိုဆိုလက်ကမ်းအပ်ပါသည်။

t1

ထိန်းသိမ်းကာကွယ် ပေးကြပါထီးချိုင့်တံတား

သူမရှိခင်က ဘယ်လိုသွားလာကြရတယ်၊ ဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာ ထီးချိုင့် မြို့သူ၊ မြို့သားတွေအသိဆုံးပါ။ ယခု သူရှိလာပြီ။ ထိန်းသိမ်းကာကွယ် ကြရမယ့်အစား ယခုလိုဖြစ်ပျက်နေကြတာက ဖြစ်သင့်ရဲ့လား Óဏ်ရှိသလောက် မြင်မိသလောက် တင်ပြမိခြင်းသာပါ။

ထီးချိုင့်သား

Tayar Si-3

အရင်လိုပဲ ဆက်ဖြစ်နေပါတယ်ဗျ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ခရိုင်စည်ပင်များနဲ့ မြို့နယ်ထွေအုပ် မြို့နယ်စည်ပင်အဖွဲ့ အားလုံးကို အားတော့ နာပါတယ်ဗျာ။ စည်းကမ်းမဲ့ကျူးကျော် လမ်းပေါ်ဈေးသည်တွေကို တာဝန်ရှိလူကြီးမင်းများက အရေးယူ ဆောင်ရွက်ပေးပြီးနောက် ဈေးတာဝန်ခံအဖွဲ့မှ ဆက်လက်ဆောင်ရွက်ခြင်းမပြုလုပ်ဘဲ ဆက်လက် ကာလျစ်လျူရှုထားတဲ့အတွက် ခုလိုအတိုင်း ပြန်ဖြစ်နေပါတယ်။

ဝီရဂျွန်ကို

Tayar Si-4

အမြန်ဆုံး လာရောက်ဖယ်ရှားပေးစေလိုပါတယ်

ရွှေပြည်သာမြို့နယ် (ထ/ ၁၆ရပ်ကွက်) သီရိရတနာ (၃)လမ်း၊ ရာအိမ်စု(၂၇)တွင် နေအိမ်သစ် ဆောက်လုပ်ရာ၌ မိလ္လာကျင်းကို (၄)လမ်းနှင့် (၃)လမ်းကြား စည်ပင်မြောင်းတွင်းသို့ မြှုပ်နှံထားပါတယ်။ ကျွန်မတို့ရပ်ကွက်တွင်းရှိ အိမ်တိုင်းလိုလို မိလ္လာကျင်းကို မိမိပိုင် အိမ်ခြံဝင်းထဲ၌သာ မြှုပ်ထားကြတာပါ။ မိမိပိုင်ဆိုင်ထားသော မြေအကျယ်အဝန်းထဲမှာ မပါသော စည်ပင်မြောင်းကို ယခုကဲ့သို့ ကျူးကျော် အသုံးပြုခွင့်ရှိပါသလားရှင့်။

အသုံးပြုခွင့်ရှိပါလျှင် ကျန်ရှိနေသော အိမ်ပိုင်ရှင်များကလည်း မိလ္လာကျင်းအား မိမိတို့ခြံထဲမှ ရွှေ့ ပြောင်း၍ စည်ပင်မြောင်းတွင် မြှုပ်ထားလိုပါသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဖြေရှင်းပေးစေလိုပါတယ်။အသုံးပြုခွင့် မရှိဘူးဆိုပါလျှင်လည်း တာဝန်ရှိသူများအနေဖြင့် ယခုဆောက်လုပ်နေသော မြေနေရာက မိလ္လာကျင်းအား အမြန်ဆုံး လာရောက်ဖယ်ရှားပေးစေလိုပါတယ်။

ရွှေပြည်သာသူ

Tayar Si-5

ပြုပြင်ပေးပါ

ရုံးဖွင့်၊ ကျောင်းဖွင့်ရက်တွေ မှာ (၁) ပင်ကိုအသိစိတ်၊ (၂) တာဝန်ရှိသူများ လိုအပ်သလိုပြင် ဆင်နိုင်ရန် သိစေအပ်ပါသည်။ ပဲခူးမြို့ ရန်ကုန်-မန္တလေး လမ်းမကြီး ဗိုလ်ချုပ်ကြေးရုပ် အ လွန် တရားရုံး ဂိတ်ပေါက်နှင့် အထက(၁)လွှတ်ချိန်တို့တွင် အ လွန်အန္တရာယ်များသည့် ဖြစ်စဉ် များကို ပုံပါအတိုင်း တွေ့မြင်နေရပါသည်။ တရားရုံးသို့ လာရောက် ကြသော ဆိုင်ကယ်များ၊ ကား များသည်လမ်း၏ ဘေးဘယ်ညာ တစ်လျှောက်တွင် ရပ်ထားသော် ငြားလည်း ကျောင်းလွှတ်ချိန် ညနေ ၃ နာရီအချိန်တွင် အရှိန် နှင့် မောင်းလာသော ကား၊ ဆိုင် ကယ်များမှာ၂ လမ်းသွားသာ ကျန်တော့သည့် လမ်းမပေါ်၌ အချိန်မရွေး အန္တရာယ်ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့မြင်နေရပါသည်။

(၁) ယာဉ်စီးနင်းသူ ကျောင်း သားမိဘများ၏ ပင်ကိုအ သိစိတ် အတ္တများစွာမှာ ပြု ပြင်ပြောင်းလဲရန် အထူးလို အပ်နေပါသည်။
(၂) တာဝန်ရှိသည့် ကျောင်းနှင့် ယာဉ်ထိန်းရဲများကလည်း တာဝန်သိစိတ်၊ တာဝန်ရှိ စိတ်များ များစွာမွေးမြူနိုင် ပါရန် လိုအပ်နေပါသည်။
သို့ဖြစ်ပါ၍ ပဲခူးသားတစ် ယောက်အနေနှင့် ပြုပြင်ပေးနိုင် ပါရန် သက်ဆိုင်သူများအား မှတ် တမ်းဓာတ်ပုံနှင့်တကွ အသိပေး အပ်ပါသည်။

ဇာနည်ဦး ပဲခူး

(မှတ်ချက်။ ။ ဖော်ပြပါ တင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*