အမှိုက် ကင်းစင်ရေး နည်းလမ်းလေး

အမှိုက် ကင်းစင်ရေး နည်းလမ်းလေး
January 26, 2017 Asian Fame

11:54 am
အမှိုက် ကင်းစင်ရေး နည်းလမ်းလေး

Trash-(Mg-Don-article)စည်းကမ်းမဲ့ အမှိုက် မပစ်ရေး လှုံ့ဆော်မှုများကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး၊ စည်းကမ်းမဲ့ အမှိုက် ပစ်လျှင် ဒဏ်ငွေအမျိုးမျိုးတပ် ခဲ့သည်မှာ ခြောက်နှစ်မျှ ရှိခဲ့ပြီဖြစ်သော်လည်း စင်ကာပူဝယ် စည်း ကမ်းမဲ့ပစ်ထားသည့် အမှိုက်များ ရှိနေဆဲပင် ဖြစ်သဖြင့် ယင်းနည်း လမ်းများသည် စင်ကာပူကို သန့် ရှင်းစေမည့် နည်းလမ်းများ အမှန် စင်စစ် ဟုတ်ပါ၏ လောဟု မေးခွန်း တွေ ထုတ်လာကြချေပြီ။

စင်ကာပူတွင် စည်းကမ်းမဲ့ အမှိုက်ပစ်ပါက ပထမ အကြိမ်ဆို လျှင် စင်ကာပူဒေါ်လာ တစ်ထောင် ဒဏ်ကြေးရိုက်ပြီး၊ နောက်ထပ် တစ်ကြိမ်တွင်မူ စင်ကာပူဒေါ်လာ ငါးထောင် အထိပင် ဒဏ်ကြေးရိုက် သော်လည်း စည်းကမ်းမဲ့ အမှိုက် များကို တွေ့နေရဆဲ ပင်ဖြစ်သဖြင့် ဒဏ်ကြေးရိုက်သည့် စနစ်သည် နှစ် ရှည်လများ စွဲကပ်လာခဲ့သော အ ကျင့်စရိုက်ဆိုးကို လုံးဝပပျောက် စေရန် အကျိုးသက်ရောက်မှုများ စွာမရှိဟု လူ့အကျင့်စရိုက် ဆိုင်ရာ စိတ်ပညာရှင် ဂျယ်ရယ်ဒင်းတန် က ပြောပါသည်။

”စည်းကမ်းမဲ့ အမှိုက်မပစ်ဖို့ ကို စိတ်ထဲက လိုလိုချင်ချင်ခံယူ လာအောင် ဒဏ်ကြေး ရိုက်တဲ့စနစ် က မစွမ်းဆောင်နိုင်ဘူးဗျ။ ဘာ လို့လဲဆိုတော့ ပူးပေါင်း ဆောင် ရွက်မှုန ည်းကြတာကြောင့်ပဲ။ အဲဒီ အကျင့်ဆိုးကို ဘယ်လို ဖျောက်ရ မယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ရပ်ပစ်ဖို့ လိုအပ်နေပြီဆို တာလောက်ပဲ ကျွန်တော်သိတယ်။ ဒဏ်ကြေး ရိုက်ခံရတာကြောင့် စိတ်ထဲမှာ ဒေါသဖြစ်မယ်၊ ရှက် မယ်၊ မကျေမနပ်ဖြစ်မယ်။ ဒီတော့ ကာ နောက်တစ်ခါကျရင် အဲဒါကို လက်စား ပြန်ချေရမယ်ဆိုတဲ့ စိတ် က လူတချို့မှာ ဖြစ်လာတတ်တယ်။ ဒီတော့ကာ အလစ်မှာ ဘယ်သူမှ မမြင်အောင် တမင်တကာ အမှိုက် ကိုပစ်တယ်။ အဲဒါမှာ ခက်နေတော့ တာပဲ” ဟု ဒေါက်တာတန်ကပြော ပါသည်။

အမှိုက်ပုံးတွေ လျှော့ပေးပါ

စင်ကာပူသည် အမှိုက်ကင်း စင်နေပြီဖြစ်သည့် ဂျပန်နှင့် ထိုင် ဝမ်တို့ဝယ် လူတို့၏ အမူအကျင့် ကို မည်သို့ ပုံသွင်း ပြောင်းလဲစေ သည်ကို လေ့လာသင့်၏။ ဂျပန်နှင့် တိုင်ဝမ်ဝယ် အမှိုက်ပုံးများကို လျှော့ချလိုက်ကာ လူတို့၏ မ ကောင်းသော ဗီဇစိတ်ကို တန်ပြန် ခြင်းဖြင့် စတင်ခဲ့ကြသည်။

ထိုင်ဝမ်၏ မြို့တော် တိုင်ပေ ၏ အများသူငါ စည်ကားရာနေ ရာများတွင် အမှိုက်ပုံး ၂ဝဝဝ ခန့် သာ ထားရှိပြီး၊ ယင်းသည် လူ ၁၃ဝဝ လျှင် အမှိုက်ပုံးတစ်လုံး အ ချိုးကျ၏။ စင်ကာပူတွင်မူ အများ သူငါ စည်ကားရာနေရာများဝယ် အမှိုက်ပုံး ၁ဝဝဝဝ မျှရှိပြီး လူ ၅၄ဝ လျှင် တစ်လုံးအချိုး ဖြစ်နေ သည်။

”တိုင်ပေမှာ အများသူငါ အ မှိုက်ပစ်ဖို့ အမှိုက်ပုံးကို ခင်ဗျား တွေ့ရခဲပါလိမ့်မယ်။ ဘာကြောင့် လဲဆိုတော့ လူတွေဟာ သူတို့ရဲ့ အမှိုက်တွေ ကို အမှိုက်ပုံး အနား မှာပဲ ပစ်လေ့ ရှိကြတာကြောင့်ပါပဲ။ လေကလေး တိုက်လိုက်ရင် အဲဒီ အမှိုက်တွေ ပြန့်ကျဲကုန်ရော” ဟု ထိုင်ဝမ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ၏ အ မှိုက်စီမံခန့်ခွဲရေးဌာနမှူး မစ္စတာ ဂျုဆီယန်းက ပြောပါသည်။

ဂျပန်တွင်မတော့ အမှိုက်ပစ် ရန်အတွက် ပလတ်စတစ်အိတ် ကလေးတွေ ဆောင်ကြပါသည်။ ”သူတို့ရဲ့ တစ်ကိုယ်ရည် အမှိုက် တွေကို အဲဒီ ပလတ်စတစ်အိတ်က လေးတွေထဲကို ထည့်ကြတယ်လေ။ အိမ်မပြန်ခင်မှာတော့ အမှိုက်ပုံး တစ်ခုခုထဲကို အဲဒီပလတ်စတစ် အိတ်လေးတွေ ပစ်သွားကြတာ ပေါ့”ဟု ဒေါက်တာတန်က ပြောပါ သည်။

စင်ကာပူတွင်မတော့ ထိုသို့ မဟုတ်ချေ။ ၂ဝ၁၁ ခုနှစ်က လေ့ လာမှုအရ စင်ကာပူ နိုင်ငံသား ၅ ဦးလျှင် တစ်ဦးသည် သန့်ရှင်းရေး များ မကောင်း သဖြင့်သာ လမ်း ပေါ်ဝယ် အမှိုက်များ ရှိနေရသည် ဟု ထင်မြင်ကြသည်။ စင်ကာပူနိုင် ငံဝယ် အမှိုက်များရှိနေကြခြင်းမှာ သန့်ရှင်းရေးမကောင်း၍ဟု နိုင်ငံ သား တစ်ဝက် ကျော်ကျော်က ယနေ့တိုင် မှတ်ယူနေကြဆဲပင် ဖြစ်၏။

”စင်ကာပူ နိုင်ငံသားတွေဟာ အရမ်း အသက်သာ ခိုချင်ကြတယ် ဗျ” ဟု စင်ကာပူနိုင်ငံ ပတ်ဝန်း ကျင်သန့်ရှင်းရေး ကောင်စီ ဥက္ကဋ္ဌ အက်ဒဝပ် ဒီဆီလ်ဗာက ပြောပါ သည်။ သူတို့တစ်ခုခုလုပ်ပြီးလျှင် လိုက်လံ သန့်ရှင်းပေးမည့်သူကို အမြဲ လိုချင်ကြကြောင်း သူက ဆို သည်။

”အဲဒီလို သန့်ရှင်းရေးလုပ်ဖို့ သန့်ရှင်းရေး လုပ်သားတွေ အတွက် အစိုးရက ငွေအကုန် မခံနိုင်ဘူး လေ။ အဲဒီ သန့်ရှင်းရေး လုပ်သား တွေအတွက် အကုန်အကျခံမယ့် အစား နိုင်ငံသားတွေရဲ့ လူမှုဘဝ တိုးတက်ရေး အတွက်ပဲ ပိုက်ဆံကို သုံးရမှာပေါ့” ဟုလည်း သူကပြော ပါသေးသည်။

Trash-(Mg-Don-article)2ကလေးတွေကို ကျောင်းမှာကတည်းက လေ့ကျင့်ပေးပါ

ထိုင်ဝမ်တွင် အမှိုက်ပုံ နည်း နည်းလေးသာ ရှိသော်လည်း သန့် ရှင်းနေခြင်း၏ လျှို့ဝှက်ချက် ကရှိ သည်။

၁၉၉ဝ တွင် ထိုင်ဝမ်အစိုးရ သည် အမှိုက် လုံးဝ ကင်းစင်ရေးမူ ဝါဒကို ချမှတ်ခဲ့ပြီး စည်းကမ်းမဲ့ အ မှိုက်ပစ် သူများကို စတင်၍ ဒဏ် ငွေတပ်သည်။ အစိုးရရုံးများနှင့် စာသင်ကျောင်းများ ဝယ် တစ်ခါ သုံးပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်ခဲ့ သည်။

စည်းကမ်းမဲ့ အမှိုက်ပစ်သူကို သတင်းပေးသူ အားလည်း ဆုငွေ ချီးမြှင့်သည်။ ကလေးငယ်များကို ကျောင်းများတွင် ကတည်းက ပုံစံသွင်း သင်ကြား လေ့ကျင့်ပေး သည်။ အသက် ၃ နှစ်မှ ၁၂ နှစ် အရွယ်ရှိ ကျောင်းသားငယ် တို့ သည် နေ့စဉ် သူတို့၏ စာသင်ခန်း သန့်ရှင်းရေး အတွက် မိနစ် ၂ဝ မျှ အချိန်ပေးရသည်။ ထို့ထက် အ သက်ကြီးသော ကျောင်းသား တို့ သည် အခြားသန့်ရှင်းရေး စီမံကိန်း များဝယ် စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ကြရသည်။

စင်ကာပူတွင်လည်း ယခုအခါ တွင် စာသင်ကျောင်း အတော် များများသည် ကျောင်းသားငယ် များ အတွက် သန့်ရှင်းရေးချိန် ၁ဝ မိနစ် ပေးလာကြပါပြီ။ ယခုနှစ် ကုန်လျှင်မူ ထိုစနစ်သည် စာသင် ကျောင်းအားလုံးဝယ် ပြဋ္ဌာန်းပြီး ဖြစ်မည်ဟု ပညာရေး ဝန်ကြီးဌာန က ဆိုပါသည်။

ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့် စကားအတိုင်း လူငယ်တို့ကို လေ့ကျင့်ပျိုးထောင် ပေးခြင်းသည် တိုင်းပြည်၏ အနာ ဂတ်ကို သာယာလှပစေပါလိမ့် မည်။

မောင်ဒွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*