ဒီနိုင်ငံမှာဆိုရင် အမျိုးသမီးမှာ အဖြစ်များဆုံးက နံပါတ် (၁) ရင်သားကင်ဆာ အမျိုးသားတွေထဲမှာကတော့ နံပါတ် (၁)က အဆုတ်ကင်ဆာ

ဒီနိုင်ငံမှာဆိုရင် အမျိုးသမီးမှာ အဖြစ်များဆုံးက နံပါတ် (၁) ရင်သားကင်ဆာ အမျိုးသားတွေထဲမှာကတော့ နံပါတ် (၁)က အဆုတ်ကင်ဆာ
January 26, 2017 Asian Fame

12:36 pm
ဒီနိုင်ငံမှာဆိုရင် အမျိုးသမီးမှာ အဖြစ်များဆုံးက နံပါတ် (၁) ရင်သားကင်ဆာ အမျိုးသားတွေထဲမှာကတော့ နံပါတ် (၁)က အဆုတ်ကင်ဆာ

Health Interview

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဒေါက်တာ မိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဖေဖော်ဝါရီလ ၄ ရက်သည် ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်သည်။ ထို့ကြောင့်ပင် အဖြစ်များသည့် ကင်ဆာရောဂါများအကြောင်း၊ ကြိုတင် ကာကွယ်ခြင်းဖြင့် မဖြစ်ပွားအောင် လုပ်ဆောင်နိုင်သည့် ကင်ဆာရောဂါများ၊ ကင်ဆာရောဂါ ဖြစ်ပွားသည့်အခါ အခမဲ့ကုသပေးနေသည့် ရွှေရောင် နှင်းဆီကင်ဆာဖောင်ဒေးရှင်းနှင့် ပတ်သက်သည့်အကြောင်းအရာများ စသည်ဖြင့် ကင်ဆာရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ အတွင်းရေးမှူးဒေါက်တာ မိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

ဆရာတို့ရဲ့ ရွှေရောင်နှင်းဆီကင် ဆာ ဖောင်ဒေးရှင်းကနေပြီး ဘယ် လို အခြေအနေမျိုးရှိတဲ့ ကင်ဆာ ရောဂါဝေဒနာရှင်တွေကို အခမဲ့ ကုသပေးနေတယ်ဆိုတာကို သိ ချင်ပါတယ်ရှင်။

ဘယ်လို ကင်ဆာမျိုးတွေကိုကုသပေးနေသလဲဆိုရင် စောစော စီးစီး သိပြီးတော့ ပျောက်ကင်းနိုင် ခြေရှိတဲ့ ကင်ဆာရောဂါသည်တွေ ကိုပဲလောလောဆယ်မှာ ဦးစားပေး ကုသပေးနေပါတယ်။ ကင်ဆာအ ဆင့်နဲ့ပြောမယ်ဆိုရင် ကင်ဆာ ရောဂါအဆင့်(၁)ဖြစ်တဲ့ အခြေအ နေတွေကိုပဲ အဓိကကုသပေးနေ တာပါ။ ကင်ဆာဆိုတာ တစ်ကိုယ်လုံးမှာဖြစ်နိုင်ပါတယ်။ ပျောက်ကင်းနိုင်ခြေရှိတယ်ဆိုတဲ့နေရာမှာ ကင် ဆာကုသတဲ့နည်းတွေကတော့ သိ ကြတဲ့အတိုင်းပါပဲ။ ခွဲစိတ်ကုသတဲ့ နည်းရှိတယ်။ ဆေးသွင်းကုသတဲ့ နည်းရှိတယ်။ ဓာတ်ရောင်ခြည်ပေး ပြီး ကုသတဲ့နည်းရှိတယ်။ အဲဒီ နည်းတွေထဲမှာမှ ဆရာတို့ဆေးခန်းကနေ ကုသပေးတာက ဆေးသွင်းကုသပေးတဲ့နည်းကိုသုံးတာပါ။ အဲဒီတော့ဆေးသွင်းကုသတဲ့ နည်း လည်း ဖြစ်တယ်။ စောစီးစွာသိပြီး ပျောက်ကင်းနိုင်ခြေရှိတဲ့ ကင်ဆာလူနာတွေဆိုရင် အခမဲ့ဆေးသွင်းကုသပေး၊ မတတ်နိုင်တဲ့သူတွေကို ပေါ့။ တတ်နိုင်တဲ့သူတွေကတော့ သူတို့ဘာသာကုသတာပေါ့။ အဲဒီ တော့ မတတ်နိုင်တဲ့သူတွေကို ဦးစားပေးပြီး ကုသပေးတာပါ။

ဆေးသွင်းပြီး ကုသနိုင်တယ်ဆိုတဲ့ အခြေအနေက ဘယ်လိုအခြေအ နေရှိတဲ့ ကင်ဆာရောဂါသည်တွေ ကိုပြောတာလဲ ဆိုတာကိုလည်း သိ ချင်ပါတယ်ရှင်။

ကင်ဆာရောဂါ အားလုံးက စောစီးစွာသိလို့ ခွဲစိတ်ဖြတ်တောက် ကုသနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဆင့်(၁)ရှိတဲ့ အခြေအနေမှာ ရောဂါကိုတွေ့ပြီး ခွဲစိတ်ဖြတ်တောက် ကုသလိုက်နိုင်ရင်တော့ အကောင်း ဆုံးပါပဲ။ အဲဒီလိုလုပ်နိုင်ရင် ဓာတ် ရောင်ခြည်ပေးတာတို့၊ ဆေးသွင်း တာတို့ မလိုတဲ့အမျိုးအစားတောင် ရှိတယ်။ ဥပမာပြောပါဆိုရင် အ သည်းကင်ဆာဖြစ်တယ်ဆိုရင် အ လုံးအရွယ်သေးတယ်ဆိုရင် ခွဲစိတ်ဖြတ်တောက်လိုက်ရင် ပြီးပြီ။ ကျန်တာဘာမှ ဆက်ကုသစရာမလို ဘူး။ ရင်သားကင်ဆာမှာလည်း အ လုံးသေးသေးပဲ စတွေ့တယ်။ ဘယ်မှ ပျံ့နှံ့မှုလည်းမရှိတာ သေ ချာပြီဆိုရင် တစ်ခါတလေမှာ ခွဲ စိတ်ကုသတာနဲ့ပဲပြီးတယ်။ အဲဒီ အဆင့်ပြီးတော့မှ ကျန်တဲ့ နေရာ ရောက်နိုင်တယ်ဆိုတဲ့ အဆင့် (၁)တွေကိုမှ ဆရာတို့က ဆေးသွင်း ကုသပေးတာပါ။ ဥပမာဆိုပါစို့။ ရင်သားကင်ဆာဆိုရင် ခွဲစိတ်ကုသ ပြီးရင် အဆင့်(၁)အနေနဲ့ ဘယ်ကို မှ မပြန့်သေးဘူးဆိုရင် ဆရာတို့ က ဆေးသွင်း ကုသပေးတယ်။ အသည်းကင်ဆာမျိုးကျတော့ ခွဲပြီး သွားရင်ပြီးပြီ။ ဆေးသွင်းစရာ မလို တော့ဘူး။ အမျိုးအစားပေါ်မူတည် ပြီးတော့မှ ကုသနည်းတွေ ကွဲသွားတယ်။ အဲ့ဒီလိုကွဲတဲ့ နည်းတွေထဲ မှာမှ ဆရာတို့ ဆေးသွင်းကုသဖို့ လည်း လိုတယ်။ ပျောက်ကင်းနိုင် ခြေလည်းရှိတယ်ဆိုတဲ့အခြေအနေ တွေကို ဦးစားပေးပြီးတော့ ကုသ ပေးတာပါ။ အဲဒီတော့ဆရာတို့ဆီ မှာ အဓိကကုသပေးတာတွေက ရင်သားကင်ဆာ၊ စောစီးစွာတွေ့ ရှိသော အူမကြီးကင်ဆာတို့၊ သားဥ အိမ်ကင်ဆာတို့ အများဆုံး ကုသပေးရပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားပြီလို့သိပြီ ဆိုတာနဲ့ ဆရာတို့ဆီ အရင်ဆုံးလာ ပြဖို့သင့်ပြီလို့ ပြောလို့ရမလား ဆရာ။ ဆရာတို့ဆီ လာတဲ့အခါ ဘယ်လို အချက်အလက်တွေ ပါရ မယ်ဆိုတာကိုလည်း ညွှန်းပေးပါ ဦးရှင်။

အများစုကတော့ အလုံးအဖု အကျိတ်ဆိုရင် ဆေးစစ်ဖို့အရင်လို ပါတယ်။ တချို့တွေကလည်း ဘယ်ကိုမှ မသွားခင် အရင်လာပြ တဲ့သူတွေလည်းရှိတယ်။ တချို့ကျ တော့ အလုံးတွေ့လို့ ခွဲစိတ်ဆရာ ဝန်နဲ့တွေ့ပြီးအသားစယူပြီးမှ လာ ပြတဲ့သူကတော့ ပိုများတာပေါ့။ တချို့ကျတော့လည်း အကျိတ်လေး တွေ့တာနဲ့ ဆရာတို့ဆီ အရင်လာ တဲ့သူလည်းရှိတယ်။ အဲဒီသူတွေဆို ရင် ဥပမာရင်သားဆိုရင် ရင်သား ဓာတ်မှန်ရိုက်ရမယ်။ ရင်သားအာ ထရာဆောင်းရိုက်ရမယ်။ အဲဒီလို လုပ်ပြီးမှ တကယ်လို့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ အနေအထားမျိုးဆိုလို့ ရှိရင် ခွဲစိတ်ဆရာဝန်ဆီ ညွှန်ပြပေး တယ်။ ဒါမှမဟုတ် ကင်ဆာဖြစ်ဖို့ အခြေအနေ နည်းသေးတယ်ဆိုရင် တွေ့ရှိရတဲ့ရလဒ်အပေါ် မူတည် ပြီးတော့ ရှင်းပြရတာပေါ့။ အများ စုကတော့ ခွဲစိတ် ဆရာဝန်တွေနဲ့ တွေ့ပြီးတော့ အသားစယူပြီး အ သားစအဖြေထွက်ပြီးတော့မှ ဆရာ တို့ဆီကို လာပြတဲ့သူတွေက ပိုများ တယ်။ အဓိကကတော့ ကုသပေး တဲ့ ဆရာဝန်တွေက ကင်ဆာရောဂါ ကိုတွေ့တယ်။ အသားစ ယူတာပဲ ဖြစ်ဖြစ်။ ခွဲစိတ်ကုသဖယ်ရှားပြီး တာပဲဖြစ်ဖြစ် အဆင့်(၁)ပျောက် ကင်းနိုင်ခြေရှိတယ်၊ နောက်ပြီး တော့ ဆေးသွင်းကုသဖို့အတွက် ငွေကြေးမတတ်နိုင်တဲ့သူတွေဆို ရင် ဆရာတို့ဆေးခန်းကို လာဖို့ သင့်တော်တဲ့ လူနာဖြစ်ပါတယ်။ အဲဒါဆိုရင် တာဝန်ယူပြီးတော့ ပြီး တဲ့အထိ ဆေးသွင်းကုသပေးပါ တယ်။ ဒီကို လာပြီဆိုရင်တော့ အ ရင်ကပြသခဲ့တဲ့ ဆေးကုသမှုမှတ် တမ်းတွေ အားလုံးလိုပါတယ်။ အဲ ဒါတွေကြည့်ပြီးတော့ ဆရာတို့က ပျောက်ကင်းနိုင်တဲ့ အဆင့်လား၊ သင့်တော်တဲ့ကုထုံးက ဘာလဲဆိုပြီး လုပ်ဆောင်နိုင်မှာပါ။ ဒါမျိုးတွေကို အကြံပေးလို့ရတာပေါ့။

သင့်တော် တဲ့ အခြေအနေတွေဆိုတာ ခုနက ပြောသလို ရောဂါကိုတွေ့တယ်။ ခွဲစိတ်ကုသထားတယ်။ ပျောက် ကင်းနိုင်ခြေရှိတယ်။ ဆေးသွင်း ကုသဖို့ လိုအပ်တယ်ဆိုရင်တော့ ဆရာတို့ဆီကို လာဖို့ သင့်တော်တဲ့ အခြေအနေပါ။ မသင့်တော်တဲ့ လူနာရောရှိလား ဆိုရင် ရှိပါတယ်။ မသင့်တော်တဲ့ လူနာဆိုတာ ရောဂါ ကိုစစချင်းတွေ့ကတည်းက အဆင့် လေးလူနာ။ အသည်းရောက်ပြီ၊ ဦးနှောက်ရောက်ပြီ၊ အရိုးရောက် ပြီဆိုတဲ့လူနာ။ နောက်တစ်မျိုးက ပထမတစ်ခေါက်တွေ့တယ်။ ဆေး သွင်းကုသပြီးပြီ။ ဒုတိယအကြိမ် ပြန်ပေါ်လာတာပါ။ ပထမဖြစ်တဲ့ နေရာမှာ ပြန်ပေါ်ရင်ပေါ်မယ်။ ဒါ မှမဟုတ် သူနဲ့နှီးနွှယ်တဲ့ နေရာ တွေမှာ ပြန်ပေါ်လာတဲ့သူတွေဆို ရင် ဆရာတို့က ကုသလို့ မပျောက် ကင်းနိုင်တော့ပါဘူး။ ဒါပေမယ့် ကုသဖို့ကတော့လိုအပ်တယ်။ ရော ဂါပျံ့နှံ့မှု လျော့ကျအောင်၊ သက် တမ်းအနည်းငယ် ဆွဲဆန့်တဲ့နည်း တွေပဲဖြစ်ပါတယ်။ အဲ့ဒါမျိုးကျ တော့ ဆရာတို့နဲ့သိပ်ပြီး မသင့် တော်တော့ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဆရာတို့ကပျောက်ကင်းနိုင် ခြေရှိတဲ့ သူမျိုးတွေကိုပဲ ဦးစားပေး ပြီး ကုသပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကတော့ အ သင်းရဲ့ငွေကြေးနဲ့ သုံးစွဲနိုင်တဲ့အ ပေါ် မူတည်ပြီးတော့ ဆရာတို့က ပျောက်ကင်းနိုင်ခြေရှိတဲ့ သူတွေကို ဦးစားပေးတာပေါ့။ ဒါကြောင့် ရောဂါဖြစ်ပြီး ပြန်ဖြစ်လာတဲ့သူ များ၊ ရောဂါဖြစ်ကြောင်း စသိက တည်းက နေရာအနှံ့ဖြစ်နေသော လူနာများ၊ ဒါမျိုးတွေက ဆရာတို့ ဆေးခန်းနဲ့ မသင့်တော်ပါဘူး။ ဦး စားပေးဖို့ အခက်အခဲရှိပါတယ်။ ဆရာတို့ ကုသပေးနိုင်တဲ့ လူနာ တွေကိုတော့ ကုသပေးတဲ့ ဆေးဖိုး ရယ်၊ ပိုက်ဖိုး၊ အားလုံးအခမဲ့ပါ။ ဟုတ်ကဲ့။ ဆရာတို့ဆီ လာရောက် ပြသနိုင်တဲ့နေ့ရက်နဲ့၊ အချိန်ရယ်၊ လိပ်စာလေးကိုလည်း လမ်းညွှန် ပေးပါဦးဆရာ။

ဆရာတို့ဆီကို လာရောက် ကုသတဲ့ ပြင်ပလူနာတွေကိုတော့ ဆရာတို့က အင်္ဂါနဲ့ စနေ ၂ နာရီ ကနေ ၄ နာရီမှာ ရှိပါတယ်။ လိပ်စာကတော့ အမှတ် (၈၅) ပထမ ထပ်၊ ဗိုလ်မြတ်ထွန်းလမ်း (အလယ်)၊ ဗိုလ်တစ်ထောင်မြို့နယ်ပါ။ ဆရာ တို့ဆီမှာ အခက်အခဲလေးတစ်ခုရှိတာက ဆရာတို့လုပ်ငန်းဆောင် ရွက်နေတဲ့ အသင်းဝင်တွေအားလုံး သည် လုပ်အားပေးတွေပဲဖြစ်တယ်။ စေတနာ့ဝန်ထမ်း ဖြစ်တဲ့အတွက် သူတို့အားတဲ့အချိန်မှာ လာရောက် ကူညီပေးတာဖြစ်တာမို့ အခကြေး ငွေနဲ့ခန့်ထားတဲ့ ဝန်ထမ်း၊ သူနာပြု ဒါတွေ မရှိပါဘူး။ ဒီလိုမရှိတဲ့အခါ ကျတော့ ဆရာတို့ဆီမှာ လာရောက် ကုသတဲ့သူများလာတဲ့ အခါမှာ နည်းနည်းစောင့်ရတာမျိုး အခက်အခဲလေးတွေတော့ ရှိပါ တယ်။ အဲဒါကိုလည်း နားလည်ပေး ပါလို့ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ဆရာတို့ဆီမှာ လာရောက်ကုသတဲ့ ကင်ဆာရော ဂါတွေက ဘယ်လို ကင်ဆာရော ဂါမျိုးဖြစ်တယ် ဆိုတာရယ်၊ ဒီနိုင်ငံ မှာ ဘယ်လိုကင်ဆာမျိုးတွေက အ ဖြစ်များတယ်ဆိုတာကိုလည်း သိ ချင်ပါတယ်ရှင်။

ဆရာတို့ဆီမှာ လာပြကြတာ အများဆုံးကတော့ ရင်သားကင် ဆာက အများဆုံးပါပဲ။ ဒုတိယက အူမကြီးကင်ဆာ၊ တတိယက သား ဥအိမ်ကင်ဆာ၊ ကျန်တာကတော့ အဆုတ်ကင်ဆာလည်း ပါပါတယ်။ အခြား ကင်ဆာတွေကတော့ ကြို ကြားကြိုကြား လာပြကြပါတယ်။ ဒီနိုင်ငံမှာဆိုရင် အမျိုးသမီးမှာ အဖြစ်များဆုံးက နံပါတ် (၁) ရင် သားကင်ဆာ၊ နံပါတ်(၂) သားအိမ် ကင်ဆာ၊ နံပါတ် (၃)ကတော့ အူမ ကြီးကင်ဆာဖြစ်ပါတယ်။ အမျိုး သားတွေထဲမှာက တော့ နံပါတ် (၁)က အဆုတ်ကင်ဆာ၊ နံပါတ် (၂) က အူမကြီးကင်ဆာပေါ့။ ဒါ ကတော့ ကိုယ့်အနီးအနားတစ်ဝိုက် နဲ့ နီးစပ်ရာမှာ တွေ့ရတဲ့အပေါ်မှာ မူတည်ပြီးတော့ပြောတာပါ။ တစ် ကမ္ဘာလုံးအနေနဲ့ ပြောမယ်ဆိုရင် လည်း ဒီအတိုင်းလေးပဲ သွားနေ တယ်။ အဖြစ်အများဆုံး ဖြစ်တာ တွေကို စုပြီးပြောမယ်ဆိုရင်တော့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမ ကြီးကင်ဆာ၊ အသည်းကင်ဆာ အဲဒါတွေကတော့ အတွေ့ရအများ ဆုံးပါပဲ။

ဒီလို ကင်ဆာရောဂါတွေထဲမှာ ကြိုတင်ကာကွယ်နိုင်တဲ့ ကင်ဆာ ရောဂါတွေကိုလည်း သိချင်ပါတယ် ဆရာ။

ကြိုတင် ကာကွယ်လို့ရတဲ့ ကင်ဆာတွေကို ပြောပါဆိုရင် ဥပ မာ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးထိုးရင် ဘီပိုးကြောင့် ဖြစ်သော အသည်းကင်ဆာကို ကာကွယ်လို့ရမယ်။ သားအိမ် ခေါင်းကင်ဆာကို ကာကွယ်ဖို့ဆို ရင် သားအိမ်ခေါင်းကင်ဆာ ကာ ကွယ်ဆေးကို အပျိုဖော်ဝင်စ လိင် ဆက်ဆံမှု မပြုမီကတည်းက ထိုး မယ်ဆိုလို့ရှိရင် အသက်ကြီးလာ လို့ရှိရင် သားအိမ်ခေါင်းကင်ဆာ ကို ကာကွယ်လို့ရမယ်။ ဒါတွေက ကာကွယ်လို့ရတဲ့ အဓိကကင်ဆာ ကြီး နှစ်ခုပေါ့နော်။ နောက်ပြီး အဆုတ်ကင်ဆာရဲ့ ၉ဝ ရာခိုင်နှုန်း က ဆေးလိပ်သောက်လို့ဖြစ်တာ ဆိုတဲ့ အခါကျတော့ ဆေးလိပ် မသောက်ဘူးဆိုရင် အဆုတ်ကင် ဆာကို ၉ဝ ရာခိုင်နှုန်းကာကွယ် လို့ရမယ်။ ၁ဝဝ ရာခိုင်နှုန်းတော့ ကာကွယ်လို့မရဘူး။ အဓိက ကာ ကွယ်လို့ ရတာတွေကတော့ အဲဒါ တွေပေါ့နော်။ အဝ မလွန်အောင် ထိန်းမယ်။ အဆီများတာတွေကို ရှောင်ကြဉ်မယ်ဆိုလို့ရှိရင်တော့ အဝလွန်တာနဲ့တွဲသော အူမကြီး ကင်ဆာတို၊့ ရင်သားကင်ဆာတို့ ရဲ့ ဖြစ်ပွားမှုနှုန်းကို လျှော့ချလို့ရ တယ်။ သူက ကာကွယ်လို့တော့ မရဘူး။ အဲဒီတော့ ကာကွယ်လို့ရ ခြင်း အကောင်းဆုံးကတော့ ကာ ကွယ်ဆေးရှိတဲ့ ကင်ဆာတွေက တာ့ ကာကွယ်လို့ အကောင်းဆုံး၊ ဒုတိယအဆင့်ကတော့ ဆေးလိပ်၊ တတိယအဆင့်ကတော့ ကိုယ် လက်လှုပ်ရှားမှုနဲ့ အစားအသောက် တွေ ထိန်းညှိဆင်ခြင်မယ်ဆိုလို့ရှိ ရင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်မယ်။

ဆရာ့အနေနဲ့ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ထပ်ဆောင်း အကြံ ပေးချင်တာရှိဦးမလားရှင်။

ဟုတ်ကဲ့။ ၂ဝ၁၆ ခုနှစ် နိုဝင် ဘာလဆန်းမှာ ကျင်းပတဲ့ ပြင်သစ်က World Cancer Congress ကိုဆရာတို့အဖွဲ့က အဖွဲ့ဝင် ၁၆ ယောက် တက်ရောက်ခဲ့တယ်။ ကိုယ့်စရိတ်နဲ့ကိုယ် သွားပြီး လေ့ လာခဲ့တာပါ။ အဲဒီမှာနောက်ဆုံးရခဲ့ တာကတော့ အချက်အလက်တွေ ကတော့ ကာကွယ်ရေးပိုင်းပါ။ တကယ်တမ်း ချမ်းသာတဲ့တိုင်းပြည် ကြီးမှာတောင် ကင်ဆာကုသစရိတ် က အလွန်ကြီးမားတဲ့အခါကျတော့ သူတို့ရဲ့ Target က ဘယ်လိုဖြစ်လာသလဲဆိုရင် သူတို့ရဲ့ ဦးစားပေးအ ဆင့်သည် ကင်ဆာကာကွယ်ရေးဘက်ကို ပြန်ပြီးလှည့်လာရတယ်။ ကင်ဆာသည် မကူးစက်တတ်သော ရောဂါများနှင့် ကာကွယ်ပုံချင်း အတူတူပဲ။ သူတို့တွေ စနစ်တကျ လေ့လာတွေ့ရှိချက်အရ စနစ်တကျစားသောက်မယ်၊ ကိုယ်လက် လှုပ်ရှားမှု မှန်မှန်ပြုလုပ်မယ်၊ စိတ် ဖိစီးမှုလျှော့ချမယ်ဆိုတဲ့ အချက် ၃ ခုကိုသာ စနစ်တကျ သေသေချာ ချာ လိုက်နာမယ်ဆိုရင် ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း ၅ဝ ရာခိုင် နှုန်းကျော် လျှော့ချနိုင်မယ် ဆိုပြီး တော့ သူတို့တွေ့ရှိထားတာတွေကို ဆရာတို့တွေ မှတ်သားခဲ့ရတယ်။ အဲဒီအခါကျတော့ ဆရာတို့က အ စားအသောက်အနေ အထိုင်ပိုင်း ကို ဦးစားပေးပြီးတော့ ဟောပြော တာတွေ ဆောင်ရွက်ဖြစ်ပါတယ်။ ဒါလေးကိုသိစေချင်လို့ပါ။ ကင်ဆာ က ၅ဝ ရာခိုင်နှုန်းကာကွယ်လို့ရ တယ်။ ကုသဖို့ကလည်း စောစီးစွာ တွေ့ရှိရင် ၉ဝရာခိုင်နှုန်းက ပျောက် နေပြီ။ ဒါကြောင့် ကင်ဆာ ဖြစ်ရင် သေမှာပဲဆိုပြီး ပေါ့ပေါ့ဆဆမထား ဘဲနဲ့ ကာကွယ်တဲ့နည်းလမ်းလေး တွေကိုလည်း ဆောင်ရွက်မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်ဆို ရင် ကင်ဆာကြောင့်ဖြစ်တဲ့ သေဆုံး မှု နှုန်းကိုလျှော့ချနိုင်မယ်။ ဆရာ တို့ရဲ့ အဓိကရည်မှန်းချက်ကလည်း ဒါပါပဲ။ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ရေးနဲ့ ကင်ဆာမဖြစ်အောင် နေထိုင် စား သောက်ခြင်းတို့က အဓိကပါပဲ။ ဒါကြောင့်မို့လည်း အသိပညာပေး တာတွေကို ဆောင်ရွက်နေတာပါ။

အိမ် စည် စိုး စံ တွေ့ ဆုံ မေး မြန်း သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*