ကမ္ဘာကြီးရဲ့ လက်ဆောင်မွန် အိပ်စက်နေတဲ့ အလှတရား

ကမ္ဘာကြီးရဲ့ လက်ဆောင်မွန် အိပ်စက်နေတဲ့ အလှတရား
January 26, 2017 Asian Fame

12:26 pm
ကမ္ဘာကြီးရဲ့ လက်ဆောင်မွန် အိပ်စက်နေတဲ့ အလှတရား

သဘာဝအလှတရားဆိုတာ လူသားတွေအတွက် ကမ္ဘာကြီးကပေးတဲ့ လက်ဆောင်မွန်ပါ။ လူသားတွေထဲမှာ သဘာဝတရားကို ချစ်သူရှိသလို မုန်းသူတွေလည်းရှိတယ်။ တောတောင်ရေမြေတွေကို ထိန်းသိမ်းစောင့် ရှောက်သူရှိသလို ဖျက်ဆီးသူတွေလည်း ရှိတယ်။ ဘယ်လိုပင်ဖြစ်သော် လည်း သဘာဝအလှတရားတွေကတော့ မြန်မာပြည်မှာ ကြွင်းကျန်နေဆဲပါ။ လှပနေဆဲ ဝေဆာနေဆဲပါ။

ချင်းပြည်နယ်ရဲ့ ကန်ပက်လက်မြို့နယ် အော်သရောတောင်တန်း ပေါ်မှာ သဘာဝအလှတရားတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တတိယအမြင့်ဆုံး တောင်ဖြစ်တဲ့ ခေါနုစုမ်ခေါ် နတ်မတောင်ခေါ် ဝိတိုရိယတောင်ပေါ်မှာ အလှတရားများစွာ အိပ်စက်နေပါတယ်။ တောင်ပေါ်မှာ အဖိုးတန်တိရစ္ဆာန် များကျက်စားပြီး ကျေးငှက်မျိုးစုံကျူးရစ်သံနဲ့အတူ သစ်ခွမျိုးစုံက သဘာဝ အလှတရားကို ပိုလှအောင် ဆင်ယင်ထားပါတယ်။

အဲဒီလို သဘာဝအလှများ ဆက်လက်ထိန်းသိမ်းဖို့မျိုးဆက်သစ်များ မှာ တာဝန်ရှိသလို အရှေ့ကနေဝန်း မနက်ရောင်ခြည်ဦးနဲ့အတူ စိန်ခေါ် ခေါင်းလောင်းမြည်သံတွေအတွက် အလှစစ်ပုံရိပ်တွေ တင်ဆက်လိုက်ရပါတယ်။

ဓာတ်ပုံ – Kaung Swan Thar

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*