အမျိုးသားရေးထက် လူ့အခွင့်အရေးကို ပိုမိုရှေ့တန်းတင်လွန်းနေသည့် အစိုးရသစ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဝေဖန်

အမျိုးသားရေးထက် လူ့အခွင့်အရေးကို ပိုမိုရှေ့တန်းတင်လွန်းနေသည့် အစိုးရသစ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဝေဖန်
January 25, 2017 Asian Fame

10:44 am
အမျိုးသားရေးထက် လူ့အခွင့်အရေးကို ပိုမိုရှေ့တန်းတင်လွန်းနေသည့် အစိုးရသစ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဝေဖန်

thanhtay

PNews
ရန်ကုန်၊ ဇန်နဝါရီ၂၄

အစိုးရသစ်က အမျိုးသားရေးထက် လူ့အခွင့်အရေးကို ပိုမိုရှေ့တန်းတင်လွန်းနေသည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပ ဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲတစ် ခုလုပ်ပြီး ဝေဖန်ခဲ့သည်။

”အမျိုးသားရေး အင်အားစုများက စိုးရိမ်တကြီးထောက်ပြထားတဲ့ ဘင်္ဂါလီများအရေး အစိုးရရဲ့ကိုင်တွယ်မှုဟာလည်း ကျွန်တော်တို့ စိုးရိမ်ခဲ့တဲ့အတိုင်း နိုင်ငံတကာ ပြဿနာအဖြစ် ပုံဖော်ခြင်းခံရပြီ ဖြစ်ပါတယ်။ ရခိုင်ဒေသမှာ Human Rights ကို တွင်တွင်ပြောပြီး National Rights ကျဆုံးခန်းကို တွေ့ရတော့မှာဖြစ်ပါတယ်”ဟု ဦးသန်းဌေးက ပြောသည်။ ယနေ့အချိန်အခါသည် အမျိုးသားရေးအတွက် အရေးကြီးလာသည့် အချိန်ဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရသစ်က လူ့အခွင့်အ ရေးကို ရှေ့တန်းတင်လွန်းသည့်အတွက် နိုင်ငံသားများ အခွင့်အရေး (သို့မဟုတ်) နိုင်ငံတော် အခွင့်အ ရေး အကြီးအကျယ် နစ်နာဆုံးရှုံးသွားစေသည့် ဆောင်ရွက်ချက်များ ပေါ်ပေါက်လာခဲ့သည်ဟု ဦးသန်းဌေးက ဆွေးနွေးပွဲ၌ ၎င်း၏အမြင်ကို ပြောပြသည်။

”ဥပမာအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားများလုံခြုံရေးကိုများစွာ အထောက်အကူပြုတဲ့ ဥပဒေအချို့ဖျက်သိမ်းခဲ့ပြီး ဒီဖျက်သိမ်းမှုက တစ်ဆင့် နိုင်ငံအနှံ့တောရောမြို့ပါ မျက်နှာစိမ်းများ အလွယ်တကူ အလျင်အမြန် အများအပြား ရောက် ရှိ ခြေကုပ်ယူလာကြတာကို တွေ့နေရပါတယ်” ဟု ဦးသန်းဌေးက ဆက်ပြောသည်။

ယင်းအပြင် အစိုးရသစ်လက် ထက်၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့်တရားစီရင်ရေးအဖွဲ့တို့ အပြန်အလှန် ထိန်းကျောင်းမှု ယိမ်းယိုင်လာကာ အာဏာရှင်ပုံစံကို ဦး တည်လာပြီး တရားဥပဒေစိုးမိုးရေး အားနည်းလာခဲ့ကြောင်း၊ ထို့အတူ အာဏာဗဟိုပြုရာကို ဝန်းရံထားသည့် အသိုင်းအဝိုင်းနှင့် အမျိုး သားရေးကိုယ်ခံအားကို ဆက်စပ် စဉ်းစားလိုက်သည့်အခါ၌လည်း နိုင်ငံတော်၏ အရေးကြီးဆုံးသတင်း လုံခြုံမှု အပိုင်းသည် ထိတ်လန့်စရာ ဖြစ်နေသလားဟု ဦးသန်းဌေးက ထိုဆွေးနွေးပွဲ၌ အစိုးရသစ်ကို မေးခွန်းထုတ်ခဲ့သည်။

အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ မှ ခေါင်းဆောင်တစ်ဦး၏ အဆိုပါစကားများအပေါ် ရွေးကောက်ပွဲ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်များက ပြင်းထန်သည့် မှတ်ချက်များမပေးခဲ့ပေ။ သို့သော်လည်း လွှတ်တော် ကိုယ်စားလှယ် အချို့ကမူ အစိုးရ နှင့် လွှတ်တော်များကြား အပြန်အလှန် ထိန်းကျောင်းမှုရှိသည်ဟု ပြောကြသည်။ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မ တီအဖွဲ့ဝင် ကလောပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေ သီနိုင်က ”ကုန်လွန်ခဲ့တဲ့ကာလ တွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်၊ လွှတ်တော်က အစိုးရကို ထိန်းကျောင်းနေပါတယ်”ဟု ပြောသည်။ တရားစီရင်ရေးအပိုင်း ကိုမူ စောင့်ကြည့်သင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*