2:14 pm
ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၂၃
အမျိုးသမီးရွှေ့ပြောင်းလုပ်သား များ၏အခွင့်အရေးနှင့် ဥပဒေအရကာကွယ်မှု ပိုမိုရရှိရေးအတွက် ၁၉၉၉ ပြည်ပအလုပ်အကိုင်ဆိုင် ရာဥပဒေပါ အချက်တချို့ကို ပြင် ဆင်သွားမည်ဟု သိရသည်။
အဆိုပါဥပဒေပါ အချို့အပိုင်းများသည်အမျိုးသမီးများ၏ ပါဝင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုအ တွက် လိုအပ်ချက်များ ရှိနေသည့်အ တွက် လိုအပ်သည်များ ပြင်ဆင် ဖြည့်စွက်သွားရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေ့ပြောင်းလုပ်သားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
”တချို့သော အပိုင်းတွေမှာ အမျိုးသမီးတွေအတွက် ထိခိုက်နေတဲ့ အပိုင်းတွေရှိနေတဲ့အတွက်ပါ။ သူတို့အတွက်ပိုပြီး စောင့်ရှောက် ပေးဖို့ လိုတဲ့အပိုင်းတွေပေါ့နော်။ အဲ့ဒီလို လိုအပ်ချက်တွေ အတွက်ပါ”ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနတွင်း ဆွေးနွေးပွဲတစ်ရပ်ကို လာမည့်ဇန်နဝါရီ လ ၃ဝ ရက်နေ့တွင် နေပြည်တော်ရှိ အမရာဟိုတယ်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေ့ပြောင်းလုပ် သားကဏ္ဍ၌ အမျိုးသမီးနှင့် အမျိုး သားများ တန်းတူအခွင့်အရေး ရရှိ နေသော်လည်း အမျိုးသမီးများအ တွက် ပိုမိုဆောင်ရွက်ပေးသင့်သည့် အချက်များရှိနေကြောင်း ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ အသက်ဝင် ကျင့်သုံးနေသော ၁၉၉၉ ခုနှစ် ပြည် ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ၁၉၉၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ တွင် အတည်ပြုအသက်ဝင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အခန်း ၁၁ ခန်း ပါဝင်သည်။ လက်ရှိတွင် အသက်ဝင်နေ သော အလုပ်သမားဥပဒေများ အား လုံးကို အမျိုးသားလွှတ်တော်အလုပ် သမားကော်မတီက ပြန်လည်သုံး သပ်နေမှုများ ပြုလုပ်နေပြီး ယခု ၁၉၉၉ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်မည့်ကာလကိုမူ အတိအကျမသိရှိရသေးကြောင်း ဝန်ကြီးဌာနမှ သိရသည်။