အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စမှန်သမျှအားပေးသွားမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ဆို

အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စမှန်သမျှအားပေးသွားမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ဆို
January 25, 2017 Asian Fame

12:14 pm
အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စမှန်သမျှအားပေးသွားမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ဆို

nwin

PNews
မန္တလေးတိုင်း၊ ဇန်နဝါရီလ ၂၄

အစိုးရနှင့်ပြည်သူ ပူးပေါင်း ဆောင်ရွက်သည့်ကိစ္စမှန်သမျှ အားပေးသွားမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။၂ဝ၁၆ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် အလှူရှင် များစုပေါင်းလှူဒါန်းသော မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ညောင်ဝန်းတိုက်နယ်ဆေးရုံဖွင့်ပွဲ၌ မန်းဝန်ကြီးချုပ်က အထက်ပါစကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့တိုင်းက မြို့နယ် ၂၈ မြို့နယ်ရှိတယ်။ ခရိုင် နဲ့ကျေးရွာတွေပါ ပေါင်းရင် အများ ကြီးပဲ။ ဒီတော့ လိုအပ်ချက်က နေ ရာတိုင်းမှာ ရှိနေတယ်။ နောက်ပြီး ဆင်းရဲ၊ ချမ်းသာကွာဟမှုကလည်း အများကြီးဖြစ်နေတယ်။ ကျန်းမာ ရေးဆို ဆိုဖွယ်ရာမရှိတော့ဘူး။ ကျွန်တော်တို့လည်း တတ်နိုင်သ လောက်လုပ်ပေးနေပေမယ့် မလုံ လောက်ဘူး။ အဲဒီအခါမှာ အလှူရှင်တွေပေါ်လာတယ်။ ဒါကို အားပေးတယ်။ ဒါ့ကြောင့် ဖွင့်ပွဲတွေကို လိုက်တက်နေရခြင်းဖြစ်တယ်။ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေး ဖွင့်ပွဲတွေဆို ပိုတက်ဖြစ်တယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

တတ်နိုင်သည့် ပြည်သူများ အနေဖြင့် လိုအပ်ချက်ရှိသည့် နေရာများကို လှူကြရန်လည်း ၎င်းက တိုက်တွန်းခဲ့ပြီး၊ နေရာမှန်လှူတတ်ရန်လိုကြောင်း ဖြည့်စွက်ပြောကြား ခဲ့သေးသည်။ အလားတူ ဒေသခံ များကလည်း ဝန်ထမ်းများကို နွေးထွေးပျူငှာစွာ ဆက်ဆံသွားရန်လို ကြောင်းနှင့် ဝန်ထမ်းများကလည်း ဒေသခံတို့ကို မိမိတို့၏ မိဘဆွေမျိုးများသဖွယ် သဘောထားကာ ဆက်ဆံသွားရန်လိုသည်ဟု ဝန်ကြီးချုပ်က မှာကြားခဲ့သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးအောင်က နိုင်ငံတွင် လက် ရှိအချိန်အထိ ဆေးရုံပေါင်း ၁၁၂၃ ရုံသာရှိသေးကြောင်း၊ အခြားဝန် ကြီးဌာနတို့မှ ဖွင့်လှစ်ထားသည့် ဆေးရုံ ၆၈ ရုံကိုထည့်သွင်းတွက်ချက်ပါက ဆေးရုံပေါင်း ၁၁၉၁ ရုံ ရှိမည်ဖြစ်ကြောင်း၊ ထိုအရေအတွက်က လက်ရှိရှိနေသည့် ပြည်သူအရေ အတွက်နှင့် လုံလောက်မှုမရှိ ကြောင်း၊ ထပ်မံတိုးချဲ့ရန် လိုအပ်သဖြင့် တိုးချဲ့ဖွင့်လှစ်နေရကြောင်း ပြောသည်။

”မန္တလေးတိုင်းမှာဆို ဆေးရုံ ပေါင်းက ၁ဝ၉ ရုံပဲ ရှိသေးတယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောသည်။ တိုက်နယ်ဆေးရုံတစ်ခု လျှင် ဆရာဝန်တစ်ဦးနှုန်းထားပေး ရန် ဝန်ကြီးဌာနက စီစဉ်နေကြောင်း တိုက်နယ်ဆေးရုံဖွင့်ပွဲ၌ ဒေါက်တာ ဌေးအောင်က ပြောခဲ့သည်။ ညောင်ဝန်း တိုက်နယ်ဆေးရုံ ကို အလှူရှင် စစ်ရေးချုပ်ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းမြင့်(အငြိမ်းစား)-ဇနီး ဒေါ်ခင်ချိုဦး မိသားစုနှင့် ဆွေမျိုးမိတ်သင်္ဂဟတို့က စုပေါင်းဆောက် လုပ်လှူဒါန်းခြင်းဖြစ်ပြီး၊ ဆောက် လုပ်မှုကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ခဲ့ ကာ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနသို့ လွှဲပြောင်းပေး ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*