သဘာဝဘေး ကြိုတင် သတိပေးမည့် မိုဘိုင်းဆော့ဖ်ဝဲ ပြည်သူများထံ ဖြန့်ချိ

သဘာဝဘေး ကြိုတင် သတိပေးမည့် မိုဘိုင်းဆော့ဖ်ဝဲ ပြည်သူများထံ ဖြန့်ချိ
January 25, 2017 Asian Fame

2:18 pm
သဘာဝဘေး ကြိုတင် သတိပေးမည့် မိုဘိုင်းဆော့ဖ်ဝဲ ပြည်သူများထံ ဖြန့်ချိ

(ရန်ကုန်၊ ဇန်နဝါရီ ၂ဝ)

သဘာဝဘေး အန္တရာယ် ဆိုင်ရာ သတင်းအချက် အလက်များကို ကြိုတင် သတိပေးမည့် မိုဘိုင်းဆော့ဖ်ဝဲ တစ် ခုရေးဆွဲကာ ပြည်သူများ ထံသို့ ဖြန့်ချိ လျက်ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာ ချထားရေး ဦးစီးဌာနမှ သိရ သည်။

ပြည်သူများ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ သတင်းအချက် အလက်များကို လွယ်ကူ လျင်မြန်စွာ သိ ရှိနိုင်စေရန် ရည်ရွယ်ပြီး ယင်းမိုဘိုင်း ဆော့ဖ်ဝဲကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေး မှူး ဒေါ်မြတ်မိုးသွယ် က ပြောသည်။

”သဘာဝဘေး အန္တရာယ်တစ်ခု ဖြစ်တော့မယ် ဆိုရင် ပြည်သူတွေ သတင်း အချက်အလက်တွေ ကြိုသိထားဖို့ အ ရေးကြီးပါတယ်။ ဒါမှလည်း ကာကွယ် နိုင်မှာကိုး။ ဆိုတော့ အခုခေတ်မှာ အကုန် လုံးလိုလိုက မိုဘိုင်းဖုန်းတွေ သုံးလာကြ တော့ ဆော့ဖ်ဝဲလုပ်ရင် သတင်း အချက် အလက်တွေ ပိုပြီးမြန်မြန် ဆန်ဆန် သိ ရမယ်ဆိုပြီး လုပ်တာပါ”ဟု ၄င်းက ပြော သည်။

လက်ရှိတွင် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ သတင်း အချက်အလက် များကို ပြည်သူများထံသို့ Fax, SMS များဖြင့် ပေးပို့နေသော် လည်း စာလုံးရေ အကန့် အသတ် ရှိသောကြောင့် အချက်အလက် စုံလင်စွာပေးနိုင်ခြင်း မရှိကြောင်း ဒေါ် မြတ်မိုးသွယ်က ပြောသည်။

၎င်းက ”တစ်ခုခုဖြစ်လာရင် ဘယ် လိုလုပ်ရမလဲ ဆိုတဲ့ အကြံပြုချက်တွေကို ဒီဆော့ဖ်ဝဲမှာ အချိန်နဲ့ တပြေးညီ အ သေးစိတ် တင်ပေးမှာ ပါ”ဟု ပြောသည်။

သဘာဝ ပတ်ဝန်းကျင်နှင့် သက် ဆိုင်သော သတင်းများ၊ မိုး လေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်များ အပြင် မီးသတ်နှင့် ရဲစခန်း များ၏ဖုန်း နံပါတ်များ ကိုလည်း ယင်းဆော့ဖ်ဝဲတွင် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရ သည်။

လက်ရှိတွင် သဘာဝ ဘေးနှင့် ပက် သက်သည့်  သတိပေးနှိုးဆော် ချက်များ ပြည်သူများထံသို့ အချိန်နှင့် တပြေးညီ မရောက်ရှိသဖြင့်  ကြိုတင် ကာကွယ်ချိန် မရှိကြကြောင်း သဘာဝဘေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက ပြောကြ သည်။

ယင်းဆော့ဖ်ဝဲ ပြည်သူများလက် ထဲသို့ ရောက်ရှိနိုင်ရန် အတွက် တိုင်းဒေ သကြီးနှင့် ပြည်နယ် များတွင် လူမှုဝန် ထမ်း၊ ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ရုံးများမှ တစ်ဆင့် ဖြန့်ချိခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများမှ တစ်ဆင့် ဖြန့်ချိပေးခြင်း၊ ဖုန်းဆိုင်များမှ တစ်ဆင့် ဖြန့်ချိပေးခြင်း များကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဆော့ဖ်ဝဲကို Disaster Alert Notification(DAN Myanmar) ဟု အမည် ပေးထားပြီး Android  နှင့် iOS ဖုန်းနှစ် မျိုးလုံးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ယင်းဆော့ဖ်ဝဲအား google playstore တွင်လည်း  DAN Myanmar ဟုရိုက် ထည့်ကာ ဒေါင်းလုတ် ရယူနိုင်ကြောင်း သိရသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*