ကြံရည်ရောင်းမှာလား နို့မလိုင် ရောင်းမှာလား

ကြံရည်ရောင်းမှာလား နို့မလိုင် ရောင်းမှာလား
January 25, 2017 Asian Fame

2:18 pm
ကြံရည်ရောင်းမှာလား နို့မလိုင် ရောင်းမှာလား

Kyanကြံရည်က သူများကို ရောင်းမှာ ပါ။ အဲ့ဒီတော့ ကြံတစ်ချောင်းစီတိုင်း ကို ကြံရည် ရသလောက် ကြိတ်ရတော့ မှာပေါ့။
နို့မလိုင်က ကိုယ်စားဖို့ ပေါင်းမှာ ပါ။ ကိုယ်စားဖို့ ဆိုတော့လည်း နို့ကို လိုသလောက် ထည့်သာထည့်၊ ပျစ်နှစ် အီစိမ့်နေ တဲ့ နို့မ လိုင်ပေါင်းလေး ရဖို့ လိုတယ်လေ။

ကြံကိုရသမျှ ကြိတ်ပြန်တော့လည်း အချိုတွေ လျော့ပြီး ကြံရည်က ပေါ့ပျက် ပျက်ဖြစ်သွား နိုင်တယ်။ နို့မလိုင်ကို ကောင်းသည် ထက်ကောင်းအောင် ပေါင်း ပြန်တော့လည်း ရောဂါ တိုးဖို့ရာဖြစ်လာနိုင် တယ်။ ဒီတော့ဟာ ကြံချောင်းကို သင့် သလောက်သာ ညှစ်ယူ သင့် သလို နို့မလိုင် ကိုလည်း မျှတသော အချိုးအစားမျှနဲ့ ပေါင်းသင့်တယ် မဟုတ်ပေဘူးလား။

စာစကား နှင့်ပြောရရင် ကြံချောင်းကို ထွက်သလောက် ရအောင် ကြိတ်တာဟာ Efficiency ဘက်ကို ဦးတည် သွားနေ သလို၊ နို့မလိုင်ကို ကောင်းသည်ထက်ပို ကောင်း အောင် ပေါင်းတာကတော့ Effectiveness  ဘက်ကို အရမ်း အားသန်နေတာ မျိုး ဖြစ် လို့နေတယ်ပေါ့။ တကယ်တမ်း ကျပြန်တော့ လည်း အဲ့ဒီနှစ်ခု ထဲက တစ်ခုခုစီဘက်ကို ဦးတည်ပြီး သွားတာမျိုး ကလည်း အလုပ်ရဲ့ သဘော သဘာဝ၊ အသိုင်းအဝိုင်း ရဲ့ အနေ အထား တွေအရ မမှားပြန်ဘူး လေ။ ရည်ရွယ် ချက် တွေ ကောင်းမွန်ဖို့သာ လိုတာပါ။

ရည်ရွယ်ချက် ကောင်းမွန်ဖို့ ဆိုတာဟာ လည်း ရိုးရိုးရှင်းရှင်းလေး ပါပဲ။ ဘာလို့ ကြံတစ်ချောင်း ကို အရည်ရသလောက်
ကြိတ်ရတာလဲ။ အကြောင်း တစ်မျိုး အကျိုး နှစ်မျိုးဖြစ် နိုင်ပါတယ်။ အရည်များများ ရတော့ ခွက်ရေများများ ထွက်လာမယ့် အ
ကြောင်းပေါ် မှာ အမြတ်အစွန်း ပိုယူဖို့လား၊ ပုံမှန် အမြတ်အစွန်း အတွက်ပဲ ဈေးသင့်တင့် စွာနဲ့ပဲ ရောင်းပေးဖို့လား ဆိုတဲ့ အကျိုး ဆက်။ အဲ့ဒီ အမြတ်ရဲ့ အစွန်းထွက် ကို ဝေမျှမယ့် ပုံစံနဲ့ ချိန်ထိုးကြည့်ရင်ပဲ ရ လောက်ပါတယ်။

ရှိသမျှ သွင်းအားစုတွေကို တက်စုံ လက်ကုန် သုံးပြီးတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ကြမယ်ဟေ့ ဆိုတာက တော့၊ သာမန်အားဖြင့် ရည်ရွယ်ချက် ကောင်းပြီး သားဖြစ်သော်လည်း ရလဒ်က တော့ ထိုက်တန်မှု ရှိရဲ့လားဆိုတာကို ပြန် ဆန်းစစ်ဖို့ လိုတာပဲလေ။ မလိုင်တွေနဲ့ ပြည့် နှစ်နေပြီး သကြားတွေနဲ့ ချိုအီနေတဲ့ နို့မ လိုင်တစ်ခွက်ဟာ ကျန်းမာရေး အတွက် ရော ညီညွတ်မျှတပါရဲ့လားပေါ့။

ဒီနေရာမှာ ထပ်စဉ်းစားမိတာက ကောင်းသည်ထက် ကောင်းအောင် ပေါင်း ထားတဲ့ နို့မလိုင်မှာ ထည့်တဲ့ အချိုက ရသ လောက် အကုန်ကြိတ် ယူခိုင်းထားတဲ့ ကြံ ရည်သာ ဆိုခဲ့ရင်၊ ဆက်စပ် တွေးစရာတွေ များ ရှိလာမလားလို့ပါ။

အားလုံးပဲ ကောင်းအောင် လုပ်ကြ တာပေါ့ဟု ပါးစပ်က စိတ်အားမြှင့် စကား တွေ တရစပ်ပြောရင်း လက်ကတော့ လူ တိုင်းရဲ့ အားကို ရသလောက် ညှစ်ယူနေမိတဲ့  အနေအထား မျိုးတွေကို တော်တော်များ များ သတိထားမိပါတယ်။ သူတို့တွေ ရင် ဆိုင်ဖြေရှင်းနေကြ ရတဲ့ ကာလ အခြေအနေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့ကို အပြစ် မပြောသာပါ။ သို့သော် အစွန်းနှစ် ဖက်ကို တစ်ပြိုင်နက် သွားဖို့ဆိုတာ ဘယ် လိုမှ မဖြစ်နိုင်ပြန်ပါ။ အဲ့ဒီ အစွန်းနှစ်ဖက်ဆီ ကနေ နည်းနည်းစီ အလယ်ကို လျှော့လျှော့ လာပြီး ပါဝင်ပတ်သက်နေသူ အားလုံး (Stakeholders) တွေ အတွက် အသင့်လျော် ဆုံး၊ အဆင်ပြေဆုံး အနေအထား အခြေအ နေ တစ်ရပ်မှာ လုပ်ဆောင်မယ် ဆိုရင် ပို သင့်တော် မလား ဆိုတာကိုလည်း အပြိုင် စဉ်းစားသင့်ပါတယ်။

အဲ့ဒီ အနေထားဟာ စာအုပ်တွေထဲ မှာ ပါပါနေတဲ့ Optimum ဆိုတာပဲ ဖြစ်မယ် လို့ထင်ပါတယ်။ ဆရာ ဦးကြည်မြင့်ကတော့ သူပြုစုခဲ့ တဲ့ စီးပွားရေး ပညာ အဘိဓာန်ထဲ မှာတော့ Optimum ကို စွမ်းဆောင်ရည် အရှိဆုံး၊ ရနိုင်မှုအမြင့်မားဆုံး၊  အားလုံး ကျေနပ်မှု အရဆုံး၊ အစွန်း နှစ်ဖက်ကြားတွင် အကောင်းဆုံး စီးပွားရေး အခြေအနေရယ် လို့ ဖွင့်ဆိုထားပါတယ်။

ဒီလိုဆိုရင် မေးစရာ တစ်ခု ပေါ်လာ ပါတယ်။ ကိုယ်စွမ်းဆောင်နိုင်လို့ ကြံကို ရသလောက် ညှစ်တာ မလုပ်ရတော့ဘူး လား။ လုပ်သင့် တာပေါ့။ Economies-of-scale  ဆိုတာတောင် ရလာနိုင်တာပဲလေ။ ဒါပေမယ့် နို့မလိုင် ကောင်းကောင်းကိုပါ တစ်ပြိုင် နက် ပေါင်း ခိုင်းနေဖို့တော့ သိပ်မဖြစ်နိုင်ဘူးလေ။ အစွန်းနှစ်ဖက် ကို ကြားချပြီးတော့ မဖော်ဆောင်ချင် ဘူးဆို ရင်တော့၊ သင့်လျော်တဲ့ အစွန်း တစ်ဖက်ကို ပြတ်ပြတ်သားသားပဲ သွားတာကမှ ပို ကောင်းလိမ့်မယ် ထင်ပါတယ်။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*