ထိတွေ့ ခံစားလှည့်ပါ မြန်မာရေအောက် သယံဇာတများ

ထိတွေ့ ခံစားလှည့်ပါ မြန်မာရေအောက် သယံဇာတများ
January 25, 2017 Asian Fame

4:56 pm
ထိတွေ့ ခံစားလှည့်ပါ မြန်မာရေအောက် သယံဇာတများ

waterကျွန်တော်တို့ရဲ့ ပြည်ထောင် စု သမ္မတမြန်မာနိုင်ငံဟာ ရေပေါ် ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတ အလွန်ပေါကြွယ်ဝ တဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ မြေပေါ် မြေအောက်မှာ ဘယ်လောက်ပေါ များတယ် ဆိုတာ အများသိပြီး သား ဖြစ်ပေ မယ့် ရေပေါ် ရေအောက် အ ကြောင်း ကိုတော့ သိသူ နည်းလှပါ တယ်။

ကျွန်တော် တို့ရဲ့ကမ္ဘာမှာ ရေ ထုဟာ ကုန်းမြေထုထက် ၃ ဆ ပို များပါတယ်။ ဒီအချက်ကို ကြည့် မယ်ဆိုရင် ရေ အရင်းအမြစ် နဲ့ရေ ပေါ်ရေအောက် သယံဇာတ ဟာ ကုန်းမြေထက် ၃ ဆ ပိုများတယ်လို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ ဟာ အာ ကာသအကြောင်းကို Milky Way Galaxy  အလွန် အခြားသောကြယ် တာရာစုတွေ အထိ ခြေ လှမ်းဆန့် လေ့လာနိုင်ခဲ့ပြီ ဆိုသော်လည်း ကမ္ဘာ့ ရေထုနဲ့ ပတ်သက် လာရင်တော့ အခုအချိန်အထိ ရှာဖွေတွေ့ရှိမှု ဟာ ရေထု တစ်ခုလုံးရဲ့ ၇ ရာခိုင် နှုန်းပဲ ရှိသေးတယ် ဆိုရင် ယုံနိုင်ဖို့ တော်တော် ခက်လိမ့်မယ် ထင်ပါ တယ်။

ဒါပေမယ့် ဒါဟာ အမှန်တရား တစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာလည်း ထိုနည်းတူပင် ဖြစ်ပါတယ်။ ကျွန် တော်တို့ လူတွေဟာ မိမိကျင်လည် ကျက်စားရာ သဘာဝဖြစ် တဲ့ မြေ ပေါ်မြေအောက် မှာ ရှိတဲ့ သဘာဝ အလှတရားတွေ နဲ့သယံဇာတ အ ရင်းအမြစ်တွေကို အလွယ်တကူသိ ရှိလေ့လာနိုင်ပေ မယ့် ရေအောက် သယံဇာတ နဲ့ အလှတရားတွေ ကို တော့ ထိတွေ့ခံစားဖူးတဲ့သူ အင်မ တန်မှ နည်းလွန်းလှပါတယ်။

တောင်တက်သမား တစ် ယောက်ဟာ ကမ္ဘာပေါ်မှာ အမြင့် ဆုံးဆိုတဲ့ ဧဝရက် တောင်ကို တက် တဲ့နေရာမှာ အမြင့်ပေ ၁ဝဝဝဝ ခန့်အထိ ရာသီဥတု အပေါ် မူတည် ပြီး Oxygen Tank  အကူအညီမ လိုဘဲ တက်နိုင်မှာဖြစ်ပါတယ်။ ဒီ့ ထက်ပိုမြင့်သွားတဲ့ အချိန်မှာတော့ Oxygen  ကို မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။

1ဒါပေမယ့် ရေငုပ်သမားတစ် ယောက် အတွက်တော့ Oxygen  ဟာ ရေ မျက်နှာပြင်အောက် ၁ စင် တီမီတာလောက် စရောက်ပြီဆို ကတည်း က မဖြစ် မနေ လိုအပ်နေ တဲ့အရာပဲ ဖြစ်ပါတယ်။

ထို့အတူ တောင်တက် သမား တစ်ယောက်ဟာ အမြင့်ပေ ၁ဝဝဝဝ ကျော် (၃ဝဝဝ မီတာ) ခန့် တက် ရောက်နိုင်ပေမယ့် ရေငုပ်သမား တစ်ယောက်ရဲ့ သာမန်စံ သတ်မှတ် ချက်ကတော့ မီတာ ၄ဝ ၊ ပေ ၁၂ဝ ခန့်ထက် ပိုမိုပြီး ခွင့်ပြု ထားခြင်း မရှိပါ။

ဒီအချက် နှစ်ချက်ကို ယှဉ် ကြည့်ရုံမျှဖြင့် ကုန်းပေါ်မှာ စူးစမ်း ရှာဖွေရတာ နဲ့ ရေအောက်မှာ စူး စမ်းရှာဖွေ ရတာရဲ့ခက်ခဲမှု အတိုင်း အတာ စံချိန် စံညွှန်းကို ခန့်မှန်းမိ နိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တောင်တက်ခြင်း ဟာ အန္တရာယ်မရှိ၊ လွယ်ကူတဲ့အ လုပ်လို့ဆိုလိုခြင်း မဟုတ်ဘဲ၊ ရေ ငုပ်ခြင်းဟာ ကန့်သတ်ချက် ဘယ် လောက် များကြောင်း သိမြင်နိုင်ရုံ နှိုင်းယှဉ်ပြခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ကန့်သတ်ချက်တွေ များလွန်းလှတဲ့ အခြေအနေမှာ ကျွန် တော်တို့တွေဟာ ရေအောက်သယံ ဇာတတွေ နဲ့ အလှတရားတွေကို သာမန် လူသား တစ်ယောက်အနေ နဲ့ ထိတွေ့ခံစားခွင့် မရဘူးဆိုတာ သိပ်တော့ မဆန်းလှပါ။

မြန်မာ ဆိုရိုးစကား တစ်ခုရှိပါ တယ်။ ‘မရှိတာထက်၊ မသိတာ ခက်’လို့ ပြောစမှတ်ပြု ကြပါတယ်။ ကျွန်တော် တို့ရဲ့ မြန်မာ့ရေ ပိုင်နက် ရေပေါ် ရေအောက် မှာ အလွန်လှပ တဲ့ နေရာတွေ ‘ရှိ’ နေပါတယ်။ ဒါကို ကျွန်တော်တို့က ‘သိ’ ဖို့ပဲ လို အပ်ပါတယ်။

ကျွန်တော်တို့ ရေပိုင် နက်ရေအောက် အလှ တရားတွေဟာ ကမ္ဘာ့အ လှဆုံး နေရာတွေနဲ့ ယှဉ် လိုက်ရင် မသာရင်သာ နေရမယ် တစ်လက်မ မှ မလျော့ဘူး ဆိုတာတော့ ကျွန်တော့်ရဲ့ ၄ နှစ်တာ ဖြတ်သန်းလာခဲ့တဲ့ ရေ အောက် ဓာတ်ပုံသမား တစ်ယောက်ရဲ့ အတွေ့ အကြုံတွေ ကို သက်သေ ထူပြီး အာမခံ နိုင်ပါတယ်။

အထူးသဖြင့် မြိတ်ကျွန်းစုဟာ အလွန်တရာကို လှပပြီး ခရီးသွား လုပ်ငန်းအတွက် အလွန်ကို အလား အလာကောင်းတဲ့ ခရီးသွား လုပ်ငန်း အရင်းအမြစ် တစ်ခုပဲ ဖြစ်ပါတယ်။

မြိတ်ကျွန်းစု ဟာ ကျွန်းပေါင်း ၈ဝဝ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ Diver တွေကြားမှာ အလွန်နာမည် ကြီး လှတဲ့ Dive Site ပေါင်း ၁ဝ ခု ကျော်ရှိပြီး Register  လုပ်ထား ပြီးသား Dive Site ပေါင်း ၁ဝဝ ကျော်ရှိပါတယ်။

2ဒီပမာဏဟာ ရေအောက် သဘာဝ အရင်းအမြစ်တွေ အလှ တရားတွေနဲ့ ကမ္ဘာလှည့် ခရီးသွား တွေကို ဆွဲဆောင်နေတဲ့ ထိုင်း၊ အင်ဒိုနီးရှား တို့နဲ့ ကောင်းကောင်း ပခုံးခြင်း ယှဉ်နိုင်တဲ့ အနေအထား တစ်ခု ပဲ ဖြစ်ပါ တယ်။

ဒီ Dive Site ပေါင်း ၁ဝဝ ကျော်ဆိုတာ မြိတ်ကျွန်းစု တစ်ခု ထဲမှာပဲ ရှိပါသေး တယ်။ ရခိုင် ကမ်းမြှောင်ဒေသ မပါသေးပါ။

ကျွန်တော် ကိုယ်တိုင်တော့ ရခိုင်ဘက်မှာ Dive မလုပ်ဖူးသေး တဲ့အတွက် မြိတ်ကျွန်း စု အ ကြောင်းကိုပဲ အဓိက အလေးထား ပြီး ပြောပြ ချင်ပါတယ်။

မြန်မာ တစ်နိုင်ငံလုံးရဲ့လူဦး ရေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီလောက် လှတဲ့ရေအောက် အလှတရားတွေ ကို မြင်ဖူး ခံစားဖူးတဲ့သူ မည်မျှ ရှိမည် ထင်ပါလဲ။

ရာခိုင်နှုန်းဖြင့် အချိုးချ ရန် မည်သို့မှ မဖြစ်နိုင်ပါ။ လူ ၁ဝဝဝဝ ရှိသည်ပင် ဆိုဦးတော့။ လူဦးရေ သန်း ၅ဝ နဲ့ ယှဉ်လိုက်လျှင် ၁ ရာ ခိုင်နှုန်း ပင် ရှိမည် မဟုတ်ပါ။ အရေ အတွက် နဲ့တောင် ကောက်ယူနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရေအောက် သို့ Scuba Diving ဝတ်စုံ အပြည့် အစုံနဲ့ ဆင်းဖူးသူ ဘယ်လောက်ရှိ မယ် ထင်ပါသလဲ။

တပ်မတော်(ရေ)ရဲ့ လုပ်ငန်း သဘော သဘာဝအရ ရေငုပ်ဖူး သော သူများ ထည့်တွက်ပင်လျှင် လူ ၃ဝဝဝ ပြည့်မည် မထင်ပါ။
တပ်မတော်(ရေ)အား နုတ် လိုက်ပါက လူ ၅ဝဝ ပင် ကျန်ပါ့ မလားလို့ ကျွန်တော် သံသယရှိမိ ပါတယ်။
ကျွန်တော့်ရဲ့ အဓိက ဆိုလို ရင်းမှာ မြန်မာနိုင်ငံရဲ့ လူဦးရေနှင့် စာလျှင် ရေအောက် အလှတရားကို ကိုယ်တိုင် ထိတွေ့ ခံစားဖူးသူများ အလွန် နည်းနေကြောင်းကို မီး မောင်း ထိုးပြလိုခြင်းပင် ဖြစ်ပါ တယ်။

ဥပမာ ကုန်းပေါ်တွင် အထင် ကရရှိသော ရွှေတိဂုံစေတီတော် မြတ်ကြီး ဆိုပါစို့… မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅ဝ ရှိလျှင် အားလုံး နီးပါး ရောက်ဖူး ကြပေလိမ့်မယ်။ ပုဂံဆိုလျှင်လည်း ရာခိုင်နှုန်း တော် တော်များများ ရောက်ဖူးကြပေလိမ့် မယ်။ အင်းလေးကို လည်း ရောက် ဖူးကြပေလိမ့်မယ်။ ကျိုက်ထီးရိုးကို လည်း ရောက်ဖူး ကြပေလိမ့်မယ်။ အတိအကျ မဟုတ်တောင် ရာခိုင် နှုန်း အတိုင်း အတာ တစ်ခုထိ ဖော် ပြနိုင်အောင် များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။

ရေအောက်မှာမူ၊ ဒီနေရာမှာ တွေးစရာ တစ်ခု ပေါ်လာပါတယ်။ ဒီလောက် လူသူအရောက် အပေါက် နည်းနေမှတော့ ရေအောက် အလှ တွေဟာ အရမ်းကို လှပပြီး ရှင်သန် ဖွံ့ဖြိုးနေမလား ဆိုတာပဲ ဖြစ်ပါ တယ်။

ဒီလိုထင်ရင်တော့ မဟုတ်ပါ လို့သာ ဝမ်းနည်းစွာ ဖြေရပေလိမ့် မယ်။

လူတို့ဟာ ရေအောက်အလှ ကိုသာ မခံစားဖူးလျှင် ရှိပေလိမ့် မယ်။ ရေအောက်က ထွက်သော ငါး၊ ပုဇွန်မှအစ အခြားသော ရေ ထွက်ပစ္စည်း များကို စီးပွားဖြစ် အ သုံးချနေကြသည် မှာ နှစ်ပေါင်း ရာ ထောင်ချီခဲ့ပြီ ဖြစ်ပါတယ်။

ထိုရာထောင်ချီခဲ့တဲ့ အချိန် များအကြားမှ ယခုလို ခေတ်မီနည်း ပညာများ ထွန်းကားလာသော အ ချိန်တွင်မူ ထိုရေထွက်ကုန် များကို အရင်ကထက် ပိုမို ထုတ်ယူနိုင်ကြ ပြီ ဖြစ်ပါတယ်။ ဒီလို ထုတ်ယူနိုင် ခြင်းကပင် ရေအောက်ကမ္ဘာ ပျက် ဆီးရခြင်း၏ ခြေလှမ်း အစပဲ ဖြစ်ပါ တော့တယ်။

လူတို့ဟာ သစ်တောများ ပြုန်း တီးနေတာကို မျက်မြင်ကြုံတွေ့ရ သဖြင့် တားဆီးကြပါတယ်၊ ကန့် ကွက်ကြပါတယ်၊ ပြန်လည်ပြုစု ပျိုးထောင်ကြပါတယ်။ ဒီလိုလုပ် ခြင်းအားဖြင့် အတော်အသင့် ပြန် လည် ထိန်းသိမ်းထားနိုင်သလို အ တိုင်းအတာ တစ်ခုအထိလည်း ပြန် လည်ဖွံ့ဖြိုးလာခဲ့ပါတယ်။

ဘာကြောင့်လဲ။ ဘာကြောင့် လဲဆိုတော့ ပျက်ဆီး ပြုန်းတီး နေ တာကို မြင်နေရတာကြောင့်၊ သိ နေရသောကြောင့် ဖြစ်ပါတယ်။

လေထု ညစ်ညမ်းမှုတွေ များ လာတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ လူထုထဲမှာ အဆမတန် တိုး ပွားနေတယ်။ ဒါကို ဖြေရှင်းဖို့ ကြိုး စားကြတယ်။ တားဆီးကြတယ်။

ဘာကြောင့်လဲဆိုတော့ မြင် တွေ့ခံစားနေရတာကြောင့် ဖြစ် ပါတယ်။

ဒါပေမယ့် ရေအောက် ကမ္ဘာ အတွက်ကတော့ အဲဒီလို မဟုတ်ပါ ဘူး။

ရေအောက် ကမ္ဘာဟာ လူ တို့ ရဲ့ စွန့်ပစ်ခံလုံးလုံးဘဝသို့ ကျ ရောက်လျက် ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ မမြင် ဖူးဘူး။ ရှိမှန်းတောင် တစ်ခါတစ်ရံ မေ့နေကြတဲ့ နေရာဖြစ်တာကြောင့် ပင် ဖြစ်ပါတယ်။

ရှိမှန်းတောင်မေ့နေကြတဲ့ ရေ အောက်ကမ္ဘာလေးဟာ ပျက်ချင် တိုင်းပျက် ဘယ်သူမှ ဂရုစိုက်မယ့် သူမရှိတဲ့ စွန့်ပစ်ခံ ရင်သွေးငယ် တစ်ယောက် သဖွယ် လွန်စွာ မျက် နှာငယ်လျက် ရှိပါတယ်။

ဘယ်လိုနည်းတွေကြောင့် ပျက်ဆီးရသလဲ ဆိုတဲ့ မေးခွန်းအ တွက် အတိုဆုံးနဲ့ အရှင်းဆုံးအဖြေ ကတော့ ”လူ”တို့ကြောင့်ပဲ ဖြစ် ပါတယ်။

3လူတို့ရဲ့ မတော်လောဘတွေ ကြောင့် ရေအောက် ငါးမိုင်းခွဲမှု တွေ၊ ငါးတွေ ကို ရှော့ တိုက်ဖမ်းတာ တွေ၊ သတ်မှတ်ထားသော ပိုက် အ ရွယ်အစားထက် ပိုစိပ်တဲ့ ပိုက်တွေ နဲ့ ဖမ်းဆီးတွေနဲ့၊ တားမြစ်ထားတဲ့ နေရာတွေမှာ ခိုးဝင် ဖမ်းဆီးတာတွေ တားမြစ်ထားတဲ့ ငါးရစ် ငါးသန် ရာသီတွေမှာ ဖမ်းဆီး တာတွေ၊ အ မှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာ တွေ၊ စက်ရုံ အလုပ်ရုံ များရဲ့ ဓာတု ဗေဒနဲ့ စွန့်ပစ် ပစ္စည်းတွေ၊ လူတို့ရဲ့ အညစ်အကြေးတွေ စ သဖြင့် ပြော မကုန်လောက်တဲ့ အပြုအမူတွေက အစွန့်ပစ်ခံ ရေအောက် ကမ္ဘာ အ တွက် မြေ နိမ့် ရာကို စိုက်ပြီးရင်း စိုက်နေတဲ့ လှံများပဲ ဖြစ်ပါတယ်။

ငါးဖမ်း သမားတွေ ငါးလေး ဖမ်းရုံနဲ့ ရေအောက် ကမ္ဘာက ပျက်စီး သွား သလား လို့ မေးစရာ ရှိပါ တယ်။ ကုန်းပေါ်မှာနေတဲ့ သက် ရှိတွေ အတွက် လည်ပတ်နေတဲ့  ဂေဟစနစ် ရှိသလို ရေအောက်မှာ လည်း သူ့သဘာဝအရ လည်ပတ် နေတဲ့ဂေဟ စနစ်တွေ ရှိနေပါတယ်။

ဥပမာ… ငါးသေးလေးတွေ ရဲ့ အစာဖြစ်တဲ့ Coral  တွေများတဲ့ နေရာမှာ ငါးသေးလေးတွေ အနေ များပါတယ်။ ပေါက်ဖွားပါတယ်။ ငါးသေးလေးတွေ အရှိများတဲ့အ တွက် အဲဒီနေရာကို စားကျက်တစ် ခုအနေနဲ့ ငါးကြီးတွေ လာပါတယ်။

ငါးကြီးတွေလာတော့ အဲ့ဒီ့ နေရာကို တံငါတွေလာပါတယ်။

တံငါတွေက ငါးကြီးတွေကို ဖမ်းတဲ့အခါမှာ သတ်မှတ်ထားတဲ့ ပိုက် အရွယ်အစား မဟုတ်ဘဲ များ များပိုရလိုတဲ့ လောဘနဲ့ ခပ်စိပ်စိပ် ပိုက်တွေသုံးတော့ ငါးကြီးတွေ တင်မက ငါးလေးလေးတွေ ပါ ပါ သွားပါတယ်။

ထို့အတူ သတ်မှတ်ထားတဲ့ အနက် (ပိုက်အရွယ်အစား) ထက် ပိုချတဲ့အတွက် Coral တွေ ပျက် ဆီးကျိုး ပဲ့ကုန်ပါတယ်။ Coral တွေ မရှိတော့တဲ့ အတွက် ငါးလေးတွေ မလာတော့ပါဘူး။

ငါးလေးတွေ မရှိတော့တဲ့အ တွက် ငါးကြီးတွေလည်း မလာ တော့ပါဘူး။ ဒီလိုနဲ့ဒီနေရာဟာ အလုံးစုံ ပျက်သုန်းခြင်းကို ရောက် ရှိပါတယ်။

ဒီအလုံးစုံ ပျက်ဆီးသွားတဲ့ ရေအောက် သန္တာကျောက်တန်း တွေ Coral  တွေဟာ တစ်ခါ ပြန် လည် ရှင်သန်လာဦးမှာပါ။

ဒါပေမယ့် အဲ့ဒီ့လို ပြန်လည် ရှင်သန်လာတဲ့အချိန်ကို ကျွန်တော် ရော၊ မိတ်ဆွေတို့ရော မြင်နိုင်တော့ မှာမဟုတ်ပါ။
ဘာကြောင့်လဲ ဆိုတော့ အဲဒီလို တစ်ဖန်ပြန်လည် ရှင်သန်လာဖို့ နောက်ထပ်နှစ်ပေါင်း ၁ သန်းလောက် ထပ်မံစောင့်ဆိုင်း ရဦးမှာဖြစ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဖျက်ဆီးလိုက်သူအဖို့ ခဏ တာဆိုပေမယ့် ပြန်လည်ဖြစ်ပေါ် လာဖို့အတွက် ပေးရတဲ့ အချိန် ကာ လကတော့ အတိုင်းအဆမဲ့ ခါးသီး လွန်းလှပါတယ်။

ဒီအခြေအနေတွေဟာ လက် ရှိ မြိတ်ကျွန်းစု အပါအဝင် မြန်မာ့ ရေပိုင်နက် တစ်ခုလုံးမှာ ဖြစ်နေတဲ့ အမှန်တရားတွေ ပဲ ဖြစ်ပါတယ်။
ရေအောက် သယံဇာတတွေ ပေါ ကြွယ်ဝလှတဲ့ ကျွန်တော်တို့ ရေပိုင် နက်ထဲကို အိမ်နီးချင်း နိုင်ငံက မကြာခဏ ကျူးကျော်ပြီး ငါးဖမ်း လေ့ ရှိပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ တပ်မတော်(ရေ) အပါအဝင် သက် ဆိုင်ရာတာဝန်ရှိသူများက တင်း တင်းကျပ်ကျပ် အရေးယူ ဆောင် ရွက်တဲ့ အခါ မှာတော့ သူတို့ မလာ ရဲကြတော့ပါဘူး။ မလာရဲလို့ ချမ်းသာရာရပြီ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။

သူတို့ကိုယ်တိုင် ဖမ်းမရတဲ့အ ခါ ရိုးသားတဲ့ ဒေသခံတွေကို ငါး မိုင်းခွဲနည်း၊ အဆိပ်ခပ်နည်း၊ ရှော့ တိုက်နည်းတွေကို သင်ပေးပြီး ဖမ်း ခိုင်းကြပါတော့တယ်။

အဲ့ဒီ့ ဖမ်းဆီးလို့ ရလာတဲ့ငါး တွေကို ရနောင်းမှာ ရှိတဲ့ ငါးဒိုင် တွေကနေ တစ်ဆင့် လက်သိပ် ထိုးပြီး ဝယ်ကြပါတော့တယ်။

တရားမဝင် ငါးဖမ်းနည်းနဲ့ ရလာတဲ့ ငါးတွေ၊ ဥပမာအားဖြင့် ငါးမိုင်း ခွဲခြင်းကြောင့် ရလာတဲ့ ငါး တွေဟာ တော်တော်လေး သိသာ ပါတယ်။ ပွန်းပဲ့ စုတ်ပြတ်နေ တတ် ပါတယ်။ ဒီလို ငါးတွေ လာရောင်း တာတွေ့ရင် သက်ဆိုင်ရာက အရေး ယူဖမ်းဆီးပါတယ်။

ဒါ့ကြောင့် ဒီလိုနည်းနဲ့ ရလာ တဲ့ငါးတွေဆိုရင် သိုသိုသိပ်သိပ် လက်သိပ်ထိုး ရောင်းနေကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ငါးမန်းကဲ့သို့သော ကမ္ဘာ့ စားသောက်ကုန် ဈေးကွက် ဝင်ငါးတွေရဲ့ မျိုးသုန်းမှု အန္တရာယ် ဟာလည်း တော်တော်လေး ကို စိုး ရိမ်စရာ အနေအထား တစ်ခုကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

4အထက်မှာ ကျွန်တော်ပြော ခဲ့သလိုပဲ။ ကျွန်တော် မြိတ်ကျွန်းစု မှာ နှစ် တိုင်း ရေ ငုပ်ပြီး ဓာတ်ပုံသွား ရိုက်ခဲ့တာ ဒီနှစ်နဲ့ဆို ၄ နှစ်ဆက် တိုက် ရှိပြီ ဖြစ်ပါတယ်။

ကျွန်တော် ကိုယ်တိုင် ရေငုပ် နေရင်း ငါးမိုင်းခွဲမှုကို (၂)ကြိမ်တိုင် တိုင် ကြုံတွေ့ခဲ့ ရသလို ရေအောက် Coral  တွေ ပျက်စီးနေတာ… ငါး နဲ့ ရေအောက် အလှ တရားတွေ တစ် နှစ်ထက် တစ်နှစ် လျော့ပါး ရှားပါး လာတာတွေကို မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။

မြိတ်ကျွန်းစု အပါ အဝင် မြန် မာ့ ရေအောက် သယံဇာတတွေ ဟာ အဖိုး မဖြတ်နိုင် တဲ့ သဘာဝကပေး တဲ့ အမွေ အနှစ်တွေ ဖြစ်ပါတယ်။

ဒီအမွေအနှစ်တွေကို သဘာဝ တရားကြီးက ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေ အတွက် လက်ဆောင် အဖြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလက်ဆောင် ကို ကျွန်တော်တို့ တန်ဖိုးထားတတ် ဖို့ လိုပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဒီသဘာ ဝ အလှတရားတွေ ‘ရှိ’ နေပါလျက်၊ တန်ဖိုးထားရမှန်း ‘မသိ’ ရင်တော့၊ တစ်ချိန်ချိန်မှာ သဘာဝ တရား ရဲ့ ပြန်လည် ဒဏ်ခတ်ခြင်းကို မလွဲမ သွေ ခံကြရမှာ ဖြစ်ပါတယ်။

အိမ်နီးချင်း နိုင်ငံတွေလိုမျိုး ရေအောက် အလှတရားတွေနဲ့ ကမ္ဘာ လှည့် ခရီးသွားတွေရဲ့ ဒေါ်လာတွေ ကို ကဲ့မယူနိုင်သေးရင်တောင်မှ ရှိ ရင်းစွဲ သဘာဝ အလှတရားတွေ တစ်စထက်တစ်စ ပျက်ဆီးပြုန်းတီး လာမှုတွေကို လက်တွေ့ကျကျ ကွင်းဆင်း လေ့လာပြီး ထိန်းသိမ်းပေး ဖို့ အထူး လိုအပ်နေပြီဖြစ်ပါတယ်။

‘မရှိတာထက် မသိတာခက်’ ဆိုတဲ့အနေအထားမှာ ‘ရှိ’ မှန်း လည်းသိပြီ။ တန်ဖိုးထားရကောင်း မှန်းလည်း ‘သိ’ ပြီဆိုရင် တော့ဖြင့်…
အစွန့်ပစ်ခံ၊ အမေ့ခံရေအောက် ကမ္ဘာလေးကို တစ်ချက်လောက် ကြည့်ရှုစောင့်ရှောက်ပေးကြပါလို့ မေတ္တာ ရပ်ခံရင်း …။

လေးစားစွာဖြင့်
Black Dream

Comment (1)

  1. Phyo Hein Kyaw 2 years ago

    Great article bro. (Y)

Leave a reply

Your email address will not be published. Required fields are marked *

*