ငလျင်လှုပ်ပါက ကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် ရဟတ်ယာဉ်များ ဝယ်ယူမည်

ငလျင်လှုပ်ပါက ကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် ရဟတ်ယာဉ်များ ဝယ်ယူမည်
January 25, 2017 Asian Fame

12:24 pm
ငလျင်လှုပ်ပါက ကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် ရဟတ်ယာဉ်များ ဝယ်ယူမည်

စိုင်းလမင်း
နေပြည်တော်၊ ဇန်နဝါရီ ၂၄

ငလျင်ဘေးအန္တရာယ် ကျ ရောက်လာလျှင် ကယ်ဆယ်ရေးလုပ် ငန်းများ လုပ်ဆောင်ရန်အတွက် ရဟတ်ယာဉ်များဝယ်ယူရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ ”အရေးပေါ်ကာလ စီမံခန့်ခွဲ ရေးဗဟိုကော်မတီက ဝယ်ယူဖို့လုပ် ဆောင်နေတယ်”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော်ရှိ Horrizon Lake View ဟိုတယ်တွင် ကျင်းပသည့် ငလျင်နှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ၎င်းက အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ရဟတ်ယာဉ်များ ဝယ်ယူနိုင်ရန်အတွက် ကုမ္ပဏီများကအရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟို ကော်မတီအား လာရောက်တင်ပြ ခြင်းများလည်းရှိကြောင်း ၎င်းက ပြောသည်။

”နည်းပေါင်းစုံ ကြိုးစားနေတယ်၊ ကုမ္ပဏီပေါင်းစုံကလည်း လာရောက်တင်ပြကြတယ်။ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦး ဆောင်တဲ့ အရေးပေါ်ကာလစီမံခန့် ခွဲရေး ဗဟိုကော်မတီကနေပြီးတော့ ဒီကိစ္စကို အလေးထားပြီးတော့ ဆောင်ရွက်နေတယ်။ တခြား အ ထောက်အပံ့ပေးမယ့် အဖွဲ့အစည်း တွေနဲ့လည်း ချိတ်ဆက်ထားတာ တွေရှိပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။ ထို့အပြင် ငလျင်ဒဏ်ဖြစ်လာပါက ကယ်ဆယ်နိုင်ရန်ငလျင် ကယ် ဆယ်ရေး အဖွဲ့အစည်းတစ်ခုကို တည်ထောင်သွားရန်ရှိကြောင်း သိရသည်။ ”ဒီနှစ်ထဲမှာ ဖွဲ့စည်းမှာပါ၊ အဖွဲ့နာမည်က မတပ်ရသေးပါဘူး။ သတင်းစာထဲကနေ ပြည်သူတွေသိ အောင်ထုတ်ပြန်ကြေညာပေးသွား မှာပါ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ငလျင်ဘေး အကြိမ်ကြိမ်သင့်ခဲ့ပြီး ၂ဝ၁ဝ ပြည့် နှစ်နောက်ပိုင်း ငလျင်များမှာ ၂ဝ၁၁ ခုနှစ်တွင် တာလေငလျင်၊ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလတွင် သပိတ်ကျင်း ငလျင်နှင့် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ကလေးငလျင်၊ သြဂုတ်လတွင် ချောက်ငလျင်များ ဖြစ်ပွားခဲ့ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*