အချို့သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေဟာ အချိန်ယူပြင်ဆင်ထားတဲ့ အချက်အလက်တွေနဲ့တကွ တိတိကျကျထောက်ပြ၊တင်ပြမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တောင်ပဲ အတုယူရမယ့် လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်

အချို့သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေဟာ အချိန်ယူပြင်ဆင်ထားတဲ့ အချက်အလက်တွေနဲ့တကွ တိတိကျကျထောက်ပြ၊တင်ပြမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တောင်ပဲ အတုယူရမယ့် လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်
January 20, 2017 Asian Fame

11:51 am
အချို့သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေဟာ အချိန်ယူပြင်ဆင်ထားတဲ့ အချက်အလက်တွေနဲ့တကွ တိတိကျကျထောက်ပြ၊တင်ပြမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တောင်ပဲ အတုယူရမယ့် လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်

interv

ဦးသော်ဇင်ဝင်း (ကြံခင်းမဲဆန္ဒနယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) ပြောပြတဲ့ ဧရာဝတီတိုင်းလွှတ်တော်နဲ့ဧရာဝတီတိုင်းအစိုးရအကြောင်း

နာဂစ် မုန်တိုင်းဒဏ်ကို အများဆုံးခံလိုက်ရသည်မှာ ဧရာဝတီတိုင်းဖြစ်သလို၊ ယခုလည်း သဘာဝဘေးအန္တရာယ်များအနက်တစ်ခုဖြစ်သည့် ရေလွှမ်းမိုးမှုဒဏ် ကို နှစ်စဉ်ခံနေရဆဲ ဖြစ်သည်။ ထို့အပြင် ရေပတ်လည်ဝိုင်းနေသော်ငြား သောက်သုံး ရေ ရှားပါးမှုဒဏ်ကလည်း ရှိနေပြန်သေး၏။ တစ်ဖန်အဆိုပါ ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဆန်ဂိုဒေါင်ကြီးဟု ခေါ်ရလောက်အောင်ပင် အဓိက စပါးစိုက် နယ်မြေ လည်းဖြစ်နေပြန်၏။ ထို့ ကြောင့် လက်ရှိ ဧရာဝတီ တိုင်းဒေ သကြီးအစိုးရနှင့် ဧရာဝတီတိုင်းတိုင်းဒေသကြီး လွှတ်တော်တို့၏ ဆောင်ရွက်စီမံနေမှုများကို ဧရာ ဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးသော်ဇင်ဝင်းအား တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

တစ်နှစ်ပြည့်ခါနီးနေပြီဖြစ်တဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော်ကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အားရမှုရှိပါ သ လား။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ အပေါ်ကိုရော ကျေနပ်အားရမှု ရှိပါသလား။

ကျေနပ်အားရမှု ရှိ၊ မရှိ ဆိုတာကိုတော့ နှစ်ပိုင်းခွဲပြောမှရမယ်နဲ့တူတယ်။ ကျေနပ်အား ရမှုရှိတဲ့အပိုင်းကရှိတယ်။ မရှိတဲ့အပိုင်းက တော့မရှိဘူး။ အားလုံးခြုံပြောရရင် ကျေနပ်အားရမှု အပြည့်အဝမရသေးဘူးလို့ပဲ ဖြေရမှာပဲ။

ဘယ်အပိုင်းတွေကို ကျေနပ်အားရပြီး ဘယ် အပိုင်းတွေကို ကျေနပ်အားရမှုမရှိတာလဲ။ ဥပမာနဲ့ ဖြေရင်ပိုကောင်းမယ်ဗျ။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ပြမှု၊ လွှတ်တော်ရဲ့ ဆောင်ရွက်မှု ဒီအပိုင်းကိုတော့ ကျွန်တော်က အားရတယ်။ အားမရဘူးဆိုတဲ့အပိုင်းကတော့ တိုင်းအစိုးရ ရဲ့ ဆောင်ရွက်ချက်အချို့ပေါ့။ အကုန်လုံးကို ဆိုလိုတာ မဟုတ်ဘူးနော်။ အချို့အချို့သော ဆောင်ရွက်ချက်တွေကအားမရဘူး။ ဥပမာ ဗျ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက် ပြကြတယ်။ တောင်းဆိုကြတယ်။ ဒါတွေကို တိုင်းအစိုးရအနေနဲ့ ဖော်ဆောင်တဲ့အခါမှာ ဖော်ဆောင်ပေးတဲ့ တုံ့ပြန်တဲ့အပိုင်းကတော့ နည်းနည်းကြန့်ကြာတာ။ သိပ်ပြီး မသွက် လက်တာမျိုးတွေတွေ့ရတယ်။ ဥပမာတစ်ခု ပြောရရင်ဗျငွေကြေးအပိုင်းပေါ့။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရအနေနဲ့ ဘတ်ဂျက်ရေးဆွဲတယ်။ အောက်ခြေကိုဆင်း ပြီး လိုအပ်ချက်ကို မကြည့်တဲ့ အပိုင်းအချို့ တွေရှိတယ်။ ဒါ့အပြင် အချို့သော ဘတ် ဂျက်တင်တဲ့အခါမှာ နောက်ကျတာရှိတယ်။ အဲဒီအခါကျတော့ တက်သုတ်ရိုက်ပြီး လုပ် လိုက်ရတယ်။ အနီးစပ်ဆုံး ဥပမာပေးရမယ် ဆိုရင် ဟင်္သာတခရိုင်အတွက် လမ်းဦးစီးက ဘတ်ဂျက်တောင်းတယ်။ တစ်ခရိုင်လုံးရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ကို လေးမျက်နှာ တစ် မြို့တည်းပဲ သုံးမယ်လို့ ဖော်ပြထားတယ်။ ဒါမဖြစ်သင့်ဘူးလေ။ အားလုံးဟာမျှမျှတတ ဖြစ်နေရမယ်။

အဓိကပြောလိုတာက အောက် ခြေဝန်ထမ်းတွေမှာ သူတို့တွေဟာ အထက် ပိုင်းနဲ့ ပူးပေါင်းမှု အများကြီးလိုနေတယ်။ သူတို့ ပူးပေါင်းမှု အားကောင်းလာတာနဲ့အမျှ တိုင်းအစိုးရရဲ့ လုပ်ငန်းတွေကလည်း သွက် လက်လာမှာပဲ။ ဒါကတစ်ပိုင်း၊ လွှတ်တော် ဘက်ကတော့ အများအကျိုး အထူးသဖြင့် ပြည်သူတွေ တိုက်ရိုက်အကျိုးရှိမယ့် ကိစ္စ တွေကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အခု လောလောဆယ် ကိစ္စကိုပြောရရင် စည်ပင် သာယာရေးကော်မတီအဆင့်ဆင့် ရွေးချယ် တဲ့အပိုင်း၊ နောက် ပုံစံ(၇)အမည်နဲ့ နေရာ မှန်ကန်စွာထည့်သွင်းဖို့။ ပြီးတော့ ဒေသအ ချို့ရဲ့ဘတ်ဂျက်တွေမှာ ဆီးသီးဗန်းမှောက် သလိုမျိုး ကိစ္စအချို့တွေ ပါလာတာကိုလည်း လွှတ်တော်က ထိန်းကျောင်းပေးပြီး အ ကျိုးပြုနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။

သောက်သုံးရေရှားပါးမှုဒဏ်ကို ဧရာဝတီ တိုင်းက နှစ်စဉ်ခံနေရတယ်။ ဒါ့အပြင် ရေ ကြီးမှုဒဏ်တွေကိုလည်း နှစ်တိုင်းခံနေရ တယ်။ ဒါတွေကို လျှော့ချနိုင်ဖို့အတွက် တိုင်းလွှတ်တော်က တိုင်းအစိုးရကို ဘာ တွေများ တိုက်တွန်းနိုင်ခဲ့လဲ။ ဘာတွေရော လုပ်ဆောင်ခဲ့သလဲ။

သောက်သုံးရေရှားပါးမှု၊ ရေကြီးရေလျှံ မှုတွေကို ဧရာဝတီတိုင်းဟာ များမကြာမီကာ လမှာ တဖြည်းဖြည်း လျှော့ချနိုင်တော့မှာ ဖြစ်ပါတယ်။ တိုင်းလွှတ်တော်က သူလုပ်ရ မယ့်အလုပ်တွေကိုလုပ်နေသလို၊ တိုင်းအစိုး ရအဖွဲ့ကလည်း ကြိုတင်ဆောင်ရွက်မှုတွေကို လုပ်နေတယ်လို့ ကြားသိနေရတဲ့အတွက် အခုလို ပြောရခြင်းဖြစ်ပါတယ်။ ဖြည့်စွက် ပြောချင်တာက ကျွန်တော်တို့ တိုင်းအတွင်း က အချို့သောမြို့နယ်တွေမှာ အာဆင်းနစ် ဓာတ်ပါဝင်တဲ့ ရေတွေရှိပါတယ်။ အဲဒီဒေသ တွေမှာ သောက်သုံးရေဖူလုံဖို့ ဒေသအလိုက် ကော်မတီတွေဖွဲ့ပြီး လုပ်ဆောင်နေပါတယ်။ သူတို့ဟာ လွှတ်တော်နဲ့လည်း ပူးပေါင်းမယ်၊ တိုင်းအစိုးရနဲ့လည်း ပူးပေါင်းသွားကြပါမယ်။ သည်တော့ ဒီကိစ္စဟာ များမကြာမီ ပိုမို ထိရောက် လျင်မြန်စွာနဲ့ အောင်မြင်သွားဖို့ ရှိနေပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းပေး ထားတဲ့ဝန်ကြီးဌာနတွေထဲက ဘယ်ဝန်ကြီးဌာနရဲ့ လုပ်ပုံကိုင်ပုံကို မနှစ်သက်ဆုံးလဲ။

အဲဒီလို ခွဲပြောလို့တော့မရဘူးဗျ။ ဘာ ဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေက တိုင်းအစိုးရရဲ့ သဘောတူညီမှု မပါဘဲ လုပ်လို့မှမရတာ။ ဒါကြောင့်ပါ။

ပြီးခဲ့တဲ့ ပထမအကြိမ် ဧရာဝတီတိုင်းလွှတ်တော်တုန်းကဆိုရင် လွှတ်တော်ဘက်ကနေ ပြီး တိုင်းအစိုးရအပေါ် ထိန်းညှိချက်ဟာ အတော်လေး ပြင်းထန်တာ တွေ့ခဲ့ရတယ်။

ကျွန်တော်တို့ ဒုတိယအကြိမ်လွှတ်တော် ကတော့ အဲဒီလောက် ပြင်းထန်မယ် မထင် ဘူးဗျ။ ကျွန်တော်တို့လွှတ်တော်ကိုယ်စား လှယ်တွေဘက်က ခံယူထားတာရှိတယ်။ အဲ ဒါက ဘာလဲဆိုတော့ အပြန်အလှန် ထိန်းညှိ မှုအပိုင်းဟာ ပြင်းထန်တိုင်း မကောင်းဘူးဆို တာပဲ။ ပြင်းပြင်းထန်ထန် ဝေဖန်မှ၊ ပြင်းပြင်း ထန်ထန် ထောက်ပြမှ ကောင်းမယ်လို့လည်း မယုံကြည်ထားဘူး။ ကျွန်တော်ပြောတဲ့ သ ဘောက အစိုးရကို လွှတ်တော်က ဘာမှမ ဝေဖန်ရဘူး။ ဘာမှမထောက်ပြရဘူးလို့ ပြော တဲ့ သဘောမျိုးမဟုတ်ပါဘူး။ အစိုးရနဲ့ လွှတ်တော်က တည်တည်ငြိမ်ငြိမ်နဲ့ အပြန် အလှန် ထိန်းကျောင်းနေရပါတယ်။ အစိုးရ ကမြားဆိုရင် ကျွန်တော်တို့ကလေးပေါ့။ လို ရာပန်းတိုင်ကိုပစ်ဖို့အတွက် ရမ်းခါနေလို့ တော့မရဘူး။ ကျွန်တော် ထင်ပါတယ်။ ပထမအကြိမ် တိုင်းလွှတ်တော်တုန်းကလို ဒုတိယအကြိမ် တိုင်းလွှတ်တော်က ပွတ် တိုက်မှု ကြမ်းမှာ မဟုတ်ပါဘူး။

အခုကျင်းပနေတဲ့ တိုင်းလွှတ်တော် အစည်းအဝေးအတွင်း အခြားသော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို တွေ့နေရလဲဗျ။

ထင်သာမြင်သာရှိတဲ့ အချက်ကတော့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် တွေရဲ့ ဆောင်ရွက်တွေပဲဗျ။ အရင်တုန်းက ဆိုရင် သူတို့တွေရဲ့ပါဝင်မှုက သိပ်မရှိခဲ့ဘူး လို့ ပထမအကြိမ်လွှတ်တော်တုန်းကလူတွေ ပြောကြတာကြားဖူးတယ်။ အခု ဒီလိုမဟုတ် ဘူးဗျ။၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တွေ ဆွေးနွေးတဲ့အခါမှာ သူတို့ ဟာ ဝင်ရောက်ဆွေးနွေးကြတယ်။ ဆွေးနွေး မှုတိုင်းဟာ အပြုသဘောကိုဆောင်ကြတယ်။ ဒေသအကျိုးကိုလည်းရှေးရှုကြတယ်။ တော် တော်ကို အားရကျေနပ်စရာကောင်းပါတယ်။ အချို့သော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေဟာ အချိန်ယူပြင်ဆင်ထားတဲ့ အချက်အလက် တွေနဲ့တကွ တိတိကျကျထောက်ပြ၊ တင်ပြမှု တွေ ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တောင်ပဲ အတုယူရ မယ့် လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ အ လားတူပဲ ပြည်ခိုင်ဖြိုးအမတ်တွေ သူတို့ရဲ့ ပူးပေါင်းမှုဟာလည်း ကျွန်တော်တို့နဲ့ တစ်သားတည်းပဲလို့ မှတ်ယူလို့တောင်ရနေတယ်။ ကျွန်တော်တို့ တင်တဲ့အဆိုတိုင်းကို သူတို့ မကန့်ကွက်ဘူး။ ထောက်ခံသင့်တဲ့ အဆို တွေကိုလည်း အချက်အလက်နဲ့ ထောက်ခံ ကြတယ်။ ထောက်ပြစရာရှိတာတွေကိုလည်း အချက်အလက်နဲ့ ထောက်ပြကြတယ်။ တ ကယ့်ကိုဒေသစွဲတွေကင်းကြတယ်ဗျာ။ အား လုံးခြုံကြည့်ရင် ဒုတိယအကြိမ်ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေဟာ တော် တော်လေးကို တက်တက်ြ<ွကြ<ွက ရှိနေကြပါတယ်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*