ပညာမတတ်ရင်တော့ သေချာပေါက်ပြောနိုင်တာ ရှိတယ်တဲ့။ အဲဒါကတော့ ခွေးဖြစ်မယ်တဲ့

ပညာမတတ်ရင်တော့ သေချာပေါက်ပြောနိုင်တာ ရှိတယ်တဲ့။ အဲဒါကတော့ ခွေးဖြစ်မယ်တဲ့
January 19, 2017 Asian Fame

1:46 pm
ပညာမတတ်ရင်တော့ သေချာပေါက်ပြောနိုင်တာ ရှိတယ်တဲ့။ အဲဒါကတော့ ခွေးဖြစ်မယ်တဲ့

Kyi Soe Tun (1)

ဒါရိုက်တာ ကြည်စိုးထွန်း နှင့် တွေ့ဆုံမေးမြန်းခြင်း

နိုဘယ်-မြန်မာစာပေပွဲတော် ရသစာပေ(၂ဝ၁၇)ကျင်းပနိုင်ရေးအတွက် စာပေအသိုင်းအဝိုင်းအတွင်းမှ ပုဂ္ဂိုလ်များ ပါဝင်လုပ် ဆောင်နေပြီဖြစ်သည်။ ယခုကျင်းပ မည့် နိုဘယ်-မြန်မာစာပေပွဲတော် သည် တတိယအကြိမ်ဖြစ်ပြီး ယခုလ ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသွား မည်ဖြစ်သည်။ ပွဲတော်တွင် စာပေ ရပ်ဝန်းမှလူများ၏ အနုပညာကဏ္ဍ အစုံကို ရသမျိုးစုံပေးရန်အတွက် စီစဉ်နေခြင်းလည်းဖြစ်သည်။ ထိုအထဲတွင် ပြဇာတ်သည်လည်း ကဏ္ဍတစ်ခုအဖြစ် ပါဝင်မည်ဖြစ်သည်။ ပုံမှန်ပြဇာတ်ကကြသည့် သူများမဟုတ်သည့် စာပေနယ် အတွင်းမှလူများပါဝင်ကပြသည့် ပြဇာတ်ဖြစ်သည့်အတွက်လည်း ရသတစ်မျိုးဖြင့် ခံစားနိုင်ကြောင်းကိုလည်း ယခင်နှစ်ပြဇာတ်များဖြင့် သက်သေထူခဲ့ပြီးလည်း ဖြစ်သည်။ ယခုနှစ်အတွက်ပြဇာတ်ကို ဒါရိုက် တာ ကြည်စိုးထွန်း ပါဝင်စီစဉ်နေ ခြင်း ဖြစ်သည့်အတွက် ကပြမည့် ပြဇာတ်နှင့်ပတ်သက်သည်များကို ဆရာဦးကြည်စိုးထွန်းနှင့် မေးမြန်း ဖော်ပြပေးလိုက်ပါသည်။

ဒီနှစ် နိုဘယ်-မြန်မာစာပေပွဲတော် (၂ဝ၁၇ )ကျင်းပမယ့် အစီအစဉ် တွေထဲမှာ အရင်နှစ်တွေလိုပဲ ပြဇာတ်လည်း ပါမယ်လို့သိထား ပါတယ်ဆရာ။ ဒီနှစ်ပြဇာတ် ကပြ ဖို့အတွက် ဆရာက တာဝန်ယူပေးထားတယ်ဆိုတော့ ဘယ်လို ပြဇာတ်ကို ကပြဖို့ စီစဉ်ထားတယ်ဆိုတာကိုလည်း သိချင်ပါတယ်ရှင်။

ဒီနှစ်နိုဘယ်-မြန်မာစာ ပေပွဲ တော်မှာ ကပြမယ့်ပြဇာတ်ကဆရာ ကြီးဦးသုခရေးတဲ့ ‘လင်ပူနဲ့လွန်ပူ’ဇာတ်လမ်းကို ကပြဖို့ရွေးထားပါ တယ်။ ဆရာတို့က ပြဇာတ်နာမည် အနေနဲ့ ပြောင်းထားတာက ‘လွန် ပူရှင်’လို့ ပြောင်းထားပါတယ်။ ဇာတ်လမ်းကတော့ အိမ်ထောင်ရှင် အမျိုးသားတစ်ယောက်ရယ်၊ အိမ် ထောင်ရှင်မရယ်၊ သူခိုးတစ်ယောက် ရယ်၊ အဲ့ဒါကို ဆရာကြီး ဦးသုခက ဇာတ်လမ်းဖွဲ့ထားတာပါ။ ဇာတ်လမ်းလေးက ယောက်ျားတွေက ကိုယ်ဖောက်ပြန်တဲ့အခါကျတော့ တရားတယ်ပေါ့။ မိန်းမတွေ ဖောက်ပြန်တဲ့အခါကျတော့ မတရားဘူး ပေါ့။ အဲ့ဒီသဘောလေးပါပဲ။

ဒီဇာတ်လမ်းကို ဘာကြောင့်ရွေး ဖြစ်သွားတာလဲဆိုတာကိုလည်း သိချင်ပါတယ်ဆရာ။

ဒီဇာတ်လမ်းကို ရွေးဖြစ်တာက စာရေးဆရာတစ်ယောက်ရဲ့ဇာတ် လမ်းလည်း ဖြစ်ရမယ်။ နောက်ပြီး တော့ ရသပေါ့။ ဒီနှစ်က ရသပိုင်း ကို ဦးစားပေးတာဖြစ်တဲ့အတွက် ရသဖြစ်အောင်ဆိုပြီးတော့ ရွေး တာပါ။ နောက်ပြီး ကရမှာကလည်း စာရေးဆရာတွေ၊ စာရေး ဆရာမ တွေ ကရမှာဖြစ်တယ်။ သူတို့က တော့ တကယ့်သရုပ်ဆောင်တွေလို တော့ ဘယ်လုပ်နိုင်လိမ့်မလဲ။ သိပ်ပြီးတော့ လေးလေးပင်ပင် ဇာတ်လမ်းဆိုရင်လည်း လုပ်ဖို့ မလွယ်ဘူးလေ။ ဘယ်ဖြစ်မလဲ နော်။ နောက်ပြီး လေ့ကျင့်ဖို့ရက် ကလည်း သိပ်မရဘူး။ အဲ့ဒီတော့ တိုတိုနဲ့ ထိထိမိမိရှိမယ့်ဇာတ်ကို စဉ်းစားပြီး ဒီဇာတ်ကိုရွေးလိုက် တာပါပဲ။

ဒီပြဇာတ်အတွက် ဘာတွေပြင်ဆင်လုပ်ဆောင်ပြီးသွားပြီဆိုတာကိုလည်း သိချင်ပါတယ်ဆရာ။

အဲ့ဒါကတော့ သရုပ်ဆောင် တွေ ရွေးပေးပြီးပြီ။ စာရေးဆရာ သရုပ်ဆောင်တွေဖြစ်တော့ ဆရာ လည်းသိပ်သိတာ မဟုတ်ဘူးလေ။ မြစ်မြောက်ရေးကော်မတီအဖွဲ့နဲ့ တိုင်ပင်လိုက်ပြီးတော့ အကြမ်း ဖျင်းတော့ ရွေးပြီးသွားပြီ။

ဆရာကရုပ်ရှင်မှာ ဒါရိုက်တာ လုပ်ရာကနေ စာရေးဆရာတွေ ကမယ့်ပြဇာတ်ကို စီစဉ်ပေးရတာ ဆိုတော့ ဘယ်လိုတွေ ကွာခြားမှုရှိ လဲဆရာ။

ဆရာကလည်း စာလေးဘာ လေးလည်းရေးတယ်ဆိုတော့ သူတို့ နဲ့လည်း ရင်းနှီးနေပြီးသားဖြစ်တယ်။ ဒီကသူတွေနဲ့ သိပ်အစိမ်းကြီးလည်း မဟုတ်ဘူး။ သူတို့ကလည်း ဒါရိုက် တာလည်းဖြစ်မယ်။ စာရေးဖူးတဲ့ သူကို ဒါရိုက်တာ လုပ်စေချင်တာ ကိုး။ အဲ့ဒါကြောင့်ဆရာ့ကို ရွေးကြ တာပါ။

ဆရာတို့ စီစဉ်နေတဲ့ ဒီပြဇာတ်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေလုပ် ဆောင်နေတယ်ဆိုတာရယ်။ ဒီလို စီစဉ်တဲ့နေရာမှာ အခက်အခဲတွေ ရော ရှိလားဆိုတာကိုလည်း သိချင် ပါတယ်ရှင်။

အခုပြဇာတ်ကတော့ ပေါ့ပေါ့ ပါးပါးလေးလုပ်တဲ့ ပြဇာတ်ပါ။ တကယ်ပြဇာတ်တစ်ခုအနေနဲ့ ဆိုရင် ဆက်တင်တွေလိုလာပြီ။ အသံတွေ လိုလာပြီပေါ့နော်။ အခု ကျတော့ ဆရာတို့က ရတဲ့ဘတ် ဂျက်နဲ့လုပ်ရတာဆိုတော့ အသင့် အတင့်ပေါ့နော်။ လူတွေစိတ်ဝင် စားအောင်ပဲ ဆရာတို့က ဖန်တီး တာပါ။ ပြောရရင်တော့ ပြဇာတ် ဆိုတာ လူတွေက ပြတာပဲရှိတယ်။ ပြဇာတ်ပညာအကြီးအကျယ်ကြီး တော့ မဟုတ်ဘူးလို့ဆရာတို့ဝန်ခံရမှာပါပဲ။ အဲ့ဒီလိုလုပ်နိုင် လောက် အောင်လည်း သရုပ်ဆောင်အနေ နဲ့ကရော ဘတ်ဂျက်အနေနဲ့ကရော အခြေအနေမပေးဘူးလေ။ တကယ် တော့ ပြဇာတ်ဆိုတာ ရှိသင့်ပါတယ်။ ပြဇာတ်တွေဖွံ့ဖြိုးလာဖို့ဆိုရင် အဓိ ကကတော့ ဘတ်ဂျက်ကောင်းကောင်း ရှိရမယ်။ ဆက်တင်တွေ ဘာတွေ ကိုလည်း နိုင်ရမယ်။ နောက်တစ်ခါ မီးတွေပေါ့နော်။ လိုက်တင်ပေး တာကအစ ကောင်းဖို့လည်းလို
ပါတယ်။

နိုဘယ်-မြန်မာစာပေပွဲတော်ဆို တာ အခုဆိုရင် တတိယအကြိမ်ကို ရောက်ရှိလာပြီ။ ဒီလိုကျင်းပပေး တာကလည်း စာပေရဲ့အရေးကြီး တဲ့ အကျိုးကျေးဇူးတွေကို ပြည်သူ တွေ ပိုမိုရရှိစေဖို့အတွက်လည်း ရည်ရွယ်တာဆိုတော့ စာပေရဲ့ အကျိုးကျေးဇူးနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ အမှတ်တရ စကား လေး ပြောပေးပါဦးရှင်။

ဆရာ ဦးအောင်သင်း ပြော သလိုပေါ့။ စာတော့ဖတ်မှဖြစ်မယ် ထင်တယ်။ စာမဖတ်ရင်မဖြစ်ဘူး ထင်တယ်။ ပညာတတ်ရင် ဘာဖြစ် မယ်ဆိုတာတော့ ဆရာမပြော တတ်ဘူးတဲ့။ ဦးအောင်သင်း ပြော တဲ့စကားနော်။ ပညာမတတ်ရင် တော့ သေချာပေါက်ပြောနိုင်တာ ရှိတယ်တဲ့။ အဲ့ဒါကတော့ ခွေးဖြစ် မယ်တဲ့။ အဲ့ဒီစကားလေးကို ဆရာ က သဘောကျတယ်။ အဲ့ဒီတော့လူ တွေအားလုံးကို စာပေနဲ့တော့ ကင်းကွာမနေစေချင်ဘူးပေါ့နော်။ ဆရာကြီးဦးအောင်သင်းပြောတဲ့ စကားအရ စာပေနဲ့အနီးစပ်ဆုံး နေတာက အစစအရာရာပေါ့နော်။ အသိÓဏ်လည်း ဖွံ့ဖြိုးသလို တိုင်းပြည်အတွက်လည်း အများ ကြီးကောင်းပါတယ်။

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*