ဒီလို အဖြစ်ဆိုးမျိုး နောက်ထပ် မကြုံရပါစေနှင့်

ဒီလို အဖြစ်ဆိုးမျိုး နောက်ထပ် မကြုံရပါစေနှင့်
January 19, 2017 Asian Fame

4:54 pm
ဒီလို အဖြစ်ဆိုးမျိုး နောက်ထပ် မကြုံရပါစေနှင့်

Eduယခုကာလသည် အခြေခံပညာကျောင်း အသီးသီးတို့၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင် နှစ် ပညာရေးစုံညီပွဲတော်များ ကျင်းပနေ ချိန်ဖြစ်သည်။ ယင်း အချိန်သည် စာသင် နှစ်တစ်နှစ်၏ နောက်ဆုံး အချိန်ဖြစ်၍ ထိုပျော်ပွဲ၊ ရွှင်ပွဲကို ကျောင်းသားကျောင်းသူ လေးများ၏ အက၊ အလှ၊ ဆရာ ဆရာမ များ၏ ဖျော်ဖြေမှု စသည်တို့ဖြင့် လွတ် လွတ်လပ်လပ် ပျော်ကြရွှင်ကြသည်။

ထိုအစဉ် အလာ အတိုင်းပင် ရှမ်းပြည် နယ်မြောက်ပိုင်း နမ့်ဆန်မြို့နှင့် ၃မိုင်ကွာရှိ ခိုချောင်း အမက ကျောင်းသည်လည်း ပညာ ရေး စုံညီ ပွဲတော်တွင် ပါဝင်ဆင်နွှဲ ကျင်းပရန် ဇန်နဝါရီ ၁၂ ရက်နေ့က ပြင်ဆင်ခဲ့ကြသည် ဟု သိရသည်။

ထိုသို့ပြင်ဆင်နေရင်း ပွဲတော်ကျင်းပ မည့် ဇန်နဝါရီလ ၁၃ ရက်နေ့၌ တစ်စုံတစ် ရာ အမှားအယွင်း မရှိစေရန် ထိုရက်က ကျောင်း သား ကျောင်းသူလေးများ အက တိုက်၊ လေ့ကျင့်နေကြစဉ် မြို့ဘက်မှလာ သည့် လက်နက်ကြီး(၇)လုံးကြောင့် အ သက် ၈ နှစ် အရွယ်ရှိ မူလတန်းကျောင်း သားလေး တစ်ဦး သေဆုံးသွားသည်။

နမ့်ဆန်မြို့ ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် တအာင်း/ ပလောင် အမျိုးသား ပါတီမှ မန်းအုန်းခိုင်က ”တော်တော်လေး စိတ်ထိခိုက်ရတဲ့ ဖြစ်စဉ်ပဲဗျာ”ဟု မှတ်ချက် ပြုသည်။

ကျောင်းမှ တာဝန်ရှိသူ အချို့နှင့်ကျေး ရွာ တာဝန်ရှိသူ အချို့၏ ပြောပြချက် အရ  ကျောင်းသားလေး သေဆုံး သွားရခြင်းမှာ စာသင်ကျောင်း အတွင်း လက်နက်ကြီးကျ ရောက်ပေါက်ကွဲကာ သေဆုံးခြင်း မဟုတ် ဘဲ ထမင်းစား နားချိန် ကျောင်းသားလေး  အိမ် ခဏပြန် စဉ် ယင်းအိမ် အနီးအနား၌ ဖြစ် ခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ လက်နက်ကြီး များကြောင့် ကလေးငယ် သေဆုံးသွားခဲ့ရ သ လို ကျောင်း ကပွဲ အတွက် စက်ကိုင်သည့် စက်ဆရာအမျိုးသား ၁ ဦးထပ်သေခဲ့ပြီး၊ ကျန်အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၃ ဦး တို့မှာလည်း လက်နက်ကြီးကြောင့် ထိခိုက် ဒဏ်ရာ ရခဲ့ကြကြောင်းသိရသည်။

Edu4ထို လက်နက်ကြီးများ ကျောင်းအတွင်း ထဲသို့ ကျရောက်ပါက ယင်းအခြေအနေ ထက်ပိုဆိုးနိုင်သည်ဟု ကျေးရွာသား တစ် ဦးက ပြော သည်။

”ခုတော့ စုံညီပွဲ မလုပ်ဖြစ်တော့ဘူး ပေါ့ဗျာ”ဟု ၄င်းက ဆိုသည်။

သူက တခြားစကားများ ဆက်ပြော ချင်နေပုံရသည်။ ဆက်ပြောပါဟု ဆိုလိုက် သည့်အခါ ၄င်းက ”ဒါဟာ စစ်ကြောင့်ဗျ၊ စစ်ကြောင့်၊ ငြိမ်းချမ်းရေး မရမချင်း ဘယ် သူတွေ ထပ်သေပေး ရဦးမလဲ မသိဘူး”ဟု ပြောသည်။

မူလတန်း ကျောင်းသားလေး၏ နာ ရေးကို ကျေးရွာက အခင်းဖြစ်ပွားပြီး နောက် တစ်ရက်တွင် အသုဘ အခမ်းအနားကျင်းပ ကာ ဒေသထုံးစံ အတိုင်း သဂြုင်္ိဟ်ခဲ့သည်။

ဤကား အရပ်သား အစိုးရသစ် တက် ပြီး တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တို့ထဲ အသက် ပေးလိုက်ရသည့် မူလတန်း ကျောင်း သားလေး၏ ဖြစ်စဉ်ပင်ဖြစ်တော့ သည်။

စုံညီပွဲတော် မကျင်းပဖြစ်ခဲ့တာ ခိုချောင်းအမက ကျောင်းတစ်ကျောင်းတည်း မဟုတ်ပါ

ယင်းဖြစ်စဉ် ဖြစ်ခဲ့သည့် ရက်မတိုင်ခင် နှစ်ရက် အလိုကတည်းက နမ့်ဆန်မြို့နှင့် ကျောက်မဲမြို့နယ် အတွင်းရှိ မိုင်းငေါ့တပ်စ ခန်းတို့ကို TNLAလက်နက်ကိုင် အဖွဲ့များ က အကြိမ်ကြိမ် လာရောက် နှောင့်ယှက်ပစ် ခတ်ခဲ့သည်ဟု တပ်မတော် သတင်းထုတ် ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည် ကို တွေ့ရသည်။

ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် အ ရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့ အနီးနှင့်ပတ် ဝန်းကျင်တစ်ဝိုက်အား တပ်မတော် စစ် ကြောင်းက နယ်မြေ လုံခြုံရေးကို ပုံမှန် ဆောင်ရွက်လျက်ရှိစဉ် ဇန်နဝါရီ ၁ဝ ရက် ည ၇ နာရီ ၁၅ မိနစ် ခန့်တွင် နမ့်ဆန်မြို့၏ အရှေ့တောင်ဘက် မီတာ ၁၃ဝဝ ခန့် အ ကွာသို့အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၂ဝ ဦးခန့်နှင့်ထိ တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် TNLA အကြမ်း ဖက်သောင်းကျန်းသူများက နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက်အနီးရှိ တာဝါတိုင် ကုန်း နေရာနှင့် ပတ္တမြားစေတီနေရာတို့မှ နမ့် ဆန်မြို့အတွင်းနှင့် တပ်မတော် လက်ဖက် ခြောက်စက်ရုံနေရာသို့ လက်နက် ကြီး၊ လက်နက် ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ည ၈ နာရီခွဲမှ စတင်၍ ၁ဝ မိနစ်ခန့်လျှင် တစ်ကြိမ် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ နှောင့်ယှက် ပစ်ခတ်လျက်ရှိသဖြင့် တပ်မတော် စစ်ကြောင်းက နမ့်ဆန်မြို့ လုံ ခြုံရေးကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက် ရှိသည်ဟုဖော်ပြခဲ့သည်။

ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ဝင် ဗဟို အလုပ်အမှုဆောင် ဦးသိန်းဇော်က ”ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်က လည်း ဒီလိုမျိုး လာတိုက် တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ ဖူးတယ်။ ဒါပေမယ့် ဒီလောက် မပြင်းထန် ဘူး”ဟု ပြောသည်။

ယခု တိုက်ခိုက်မှုဖြစ်စဉ်တွင် အထက ၂ နမ့်ဆန် စာသင်ကျောင်းကိုပါ ထိခဲ့ပြီး၊ စာသင်ကျောင်း အနီး၌ ဒေသ အထူးဦးစီး ရိပ်သာ ရှိကြောင်း၊ ထိုရိပ်သာကိုပါ လက်နက် ကိုင် တို့က ရည်ရွယ် ပစ်ခတ်သည်ဟု ယူဆ ရကြောင်း ဦးသိန်းဇော်က ဆက်ပြောသည်။

”စာသင်ကျောင်းပါ ထိတာတော့ မ ဖြစ်သင့်ဘူး”ဟု သူက မှတ်ချက်ပြုသည်။

TNLA တို့၏ ပစ်ခတ်မှုများကြောင့် အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နမ့်ဆန်မြို့၊ မန်ခိုက် ရပ်ကွက်၌ လူနေအိမ် ငါးလုံး၊ ရိပ်သာ တစ်ခု၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ကွန်ပျူတာ တစ်စုံ၊ ဇယန်း ကြီးရပ်ကွက်၌ လက်ဖက်ခြောက် စက်ရုံ တစ်ရုံ၊ လူနေအိမ် တစ်လုံးနှင့် တိုင်းရင်း သား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးလူငယ် သင်တန်းကျောင်း တစ်ကျောင်းတို့ ဗုံး သီးအစများ ထိမှန်၍ ပျက်စီးမှု များရှိခဲ့သည် ဟု တပ်မတော် က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်များကြောင့် နမ့်ဆန်မြို့ ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း သုံး ကျောင်းနှင့် မူလတန်းကျောင်း ခြောက် ကျောင်းတို့ကို လုံခြုံရေး အရ ယာယီပိတ် လိုက်ရကြောင်း နမ့်ဆန်မြို့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် တအာင်း/ပလောင် အမျိုးသား ပါတီမှ မန်းအုန်းခိုင်က ပြော သည်။

”မြို့ပေါ် ကျောင်းတွေက ကျောင်း သား/သူတွေကတော့ ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ပါဘူး”ဟု မန်းအုန်းခိုင်က ပေါ်ပြူလာ နယူးစ်ကိုပြော သည်။

ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ဝင် ဗဟို အလုပ်အမှုဆောင် ဦး သိန်းဇော်က တိုက်ပွဲ များကြောင့် ကျောင်း များကို ယာယီ ပိတ်လိုက် ရ၍ ပညာရေးစုံ ညီပွဲတော် ကျင်းပရန် စီစဉ်ထားသော ကျောင်းများ မကျင်းပဖြစ်တော့ပါဟု ပြော သည်။

”အထက ၂ နမ့်ဆန်က ပညာရေးစုံ ညီပွဲတော် လုပ်ဖို့ အခမ်းအနားတွေတောင် ပြင်ပြီးနေပြီ”ဟု ဦးသိန်းဇော်က ဆိုသည်။

တပ်မတော်ဘက်က ထုတ်ပြန်ထား သော သတင်းများနှင့် မှတ်တမ်း ဓာတ်ပုံ တို့အရ ယင်းစာသင်ကျောင်း၏ မှန်များ နှင့် ကျောင်းနံရံ တို့တွင် ကျည် ဆန်ရာများ တွေ့ရသည်။

တပ်မတော်နှင့်တိုက်ပွဲဖြစ်သည့် TNLA တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ မှ ပြောရေး ဆိုခွင့်ရ တာအိုက်ကျော်က ၄င်းတို့ အနေဖြင့် တိုက်ပွဲဖြစ် ရခြင်းမှာ လူမျိုးစု တို့ကို တပ်မတော်ဘက်က အစစ် ဆေး အမေးအမြန်းများ ဆက်တိုက်လုပ် နေသည့်အတွက် ခုခံ တိုက်ခိုက်ခြင်းသာဖြစ် ကြောင်း၊ ထိုခုခံ တိုက်ခိုက်ခြင်းမှာလည်း ခေတ္တ ခဏသာဖြစ်ပြီး လက်နက်ကြီးမသုံး ခဲ့ပါဟု ပြောသည်။

”ခိုချောင်းကျေးရွာကိုလည်း ကျွန် တော်တို့ မပစ်ခဲ့ဘူး”ဟု တာအိုက်ကျော်က ဆက်ပြောသည်။

တပ်မတော်ဘက်ကမူ ခိုချောင်းကိစ္စ နှင့်ပတ်သက်၍ တစ်စုံတစ်ရာ သတင်း မထုတ်ပြန်ထားပေ။

တိုက်ပွဲဖြစ်စဉ်ကို စတင်သူသည် TNLA ဟု တပ်မတော်က ပြောထားရာ ထို စကားကိုမူ TNLA ဘက်က မငြင်း ထားပေ။

စာမေးပွဲတွေနီးနေပါပြီ

များမကြာမီကာလတွင် ကျောင်းတွင်း စစ် အခြေခံပညာစာမေးပွဲများ၊ ခရိုင်နှင့် တိုင်း/ပြည်နယ်စစ် လေးတန်းနှင့်ရှစ်တန်း စာမေးပွဲများ၊ ဗဟိုစစ် တက္ကသိုလ်ဝင်စာမေး ပွဲများ စသည်ဖြင့် လာကြတော့မည်ဖြစ် သည်။

ထို့ကြောင့် ယခုအချိန်သည် ကျောင်း သားကျောင်းသူများ စာကျက်ရမည့် အ ချိန်ဖြစ်သည်။ ထိုအချိန်တွင် ကျောင်းများ မှာ ပိတ်ထားနေရသည်။

ယင်းအခြေအနေက ယခုခေတ် အခြေ အနေမျိုးတွင် လုံးဝ မဖြစ်သင့်တော့ပေ။

သို့သော်လည်း ဖြစ်နေပေရာ နမ့်ဆန် ပြည်သူတို့က လက်ပိုက် ကြည့်နေကြရတော့ သည်။

မူလတန်း ကျောင်းသားလေး ဆုံးရှုံးခဲ့ ရသည့် အမေ ကိုယ်တိုင်ပင် မျက်ရည်များ နှင့်တိုက်ပွဲများမှ ထွက်ပေါ်လာသော အသံ များကို နားမထောင် ချင်ဘဲ နားထောင်နေ ရသည်။

နမ့်ဆန်သည် ပြီးခဲ့သည့်နှစ်က မြို့ လုံးကျွတ်နီးပါး ဆုံးရှုံးခဲ့ ရသော ဆိုးရွား သည့်မီးဘေးကို ရင်ဆိုင်ခဲ့ရသလို ယခုနှစ် တွင်လည်း တိုက်ပွဲများကြား ဆက်လက် ရှင်သန် နေထိုင်နေခဲ့ရရာ နမ့်ဆန်၏ ဒုက္ခ သည် တော်ရုံမဟုတ်ဟု ဆိုရမည်ဖြစ်သည်။

ယခုအချိန် တတ်နိုင်သည်က စုံညီပွဲ တော်ကို ဖျော်ဖြေဆင်နွှဲရန် အားခဲထား သည့် မူလတန်း ကျောင်းသားလေး မောင် အောင်ဇော်လတ် ကဲ့သို့ အဖြစ်မျိုး နောက် နောင်မကြုံရန်သာ ဝိုင်းဝန်း ဆုတောင်းရန်မှ တစ်ပါး အခြားမရှိတော့ပေ။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*